စွန်ပလွံသီးက ကျန်းမာရေးအရစားပေးသင့်တဲ့ အသီးပါ
စွန်ပလွံသီးကို အသီးခြောက် အသီးယိုများ ပုံစံဖြင့် အများဆုံးစားသောက်ကြတာဖြစ်ပါတယ်။
များသောအားဖြင့် အစားအစာအနေနဲ့သော်လည်းကောင်း၊ သရေစာအဖြစ်သော်လည်းကောင်း၊ အာဟာရဓာတ်များရရှိစေဖို့ ရည်ရွယ်ပြီးသော်လည်းကောင်း၊ ဆေးဝါးအနေဖြင့်လည်းကောင်း စားသုံးမှုများတဲ့ သီးနှံဖြစ်ပါတယ်။
စွန်ပလွံကို ပေါက်ရောက်ရာဒေသကိုလိုက်ပြီး တူရကီနိုင်ငံတွင် ပေါက်သော စွန်ပလွံပင်ကို သောဟာရ၊ အိန္ဒိယနိုင်ငံတွင်ပေါက်ရောက်သောအပင်ကို ဘုမိခဇ္ဇူ၊ အီရန်နိုင်ငံ၌ ပိဏ္ဍခဇ္ဇူ ဆိုပြီးခေါ်ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ စွန်ပလွံချို၊ စွန်ပလွံကြီး၊ စွန်ပလွံရိုင်း၊ စွန်ပလွံပု ဆိုပြီး ခွဲခြားထားပါတယ်။
စွန်ပလွံသီးတစ်လုံး၏ လေးပုံသုံးပုံသည် သဘာဝသကြားဓာတ်ပါဝင်ပါတယ်။ ဝမ်းချုပ်ခြင်းကိုသက်သာစေသောကြောင့် ဝမ်းချုပ်လေ့ရှိသူများ စွန်ပလွံသီးကို များများစားပေးလျှင် ကောင်းပါတယ်။ နောက်ကောင်းကျိုးတစ်ခုအနေနဲ့ အရက်မူးလွန်သူကို စွန်ပလွံသီးကို ရေစိမ်တိုက်ကျွေးပေးခြင်းဖြင့် အရက်နာကျခြင်းကို သက်သာစေနိုင်ပါတယ်တဲ့။
အသီးကို နွားနို့ဖြင့်ကျိုချက်သောက်ပါကလည်း ကုန်ခမ်းသွားသောအာဟာရများအတွက် အာဟာရဓာတ်ကို အလျင်အမြန်ဖြည့်ဆည်းပေးနိုင်ကြောင်းလည်း သိရပါတယ်။ နှလုံးတုန် မောပန်းနွမ်းလျ နေချိန်လည်း စွန်ပလွံသီးကိုစားပေးသင့်ပါတယ်။
စွန်ပလွံသီးကို ပုံမှန်စားပေးမယ်ဆိုရင် အသားအရည်ကိုစိုပြည်စေပြီး အာရုံကြောအားတိုးကာ မျက်စိအားကောင်းစေပါတယ်တဲ့...
အရသာလည်းရှိ ဆေးဖက်လည်းဝင်တဲ့ စွန်ပလွံသီးကို စားပေးသင့်ကြောင်း ဒီဆောင်းပါးမှတစ်ဆင့် မျှဝေလိုက်ရပါတယ်။
နည်းပညာများကို ကျော်တင့်ဆွေ၏ “သဘာဝသစ်သီးများ၏ အံ့ဖွယ်ဆေးဖက်ဝင်မှုများ” စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Naw Hser Eh Moo
လွန်ခဲ့သော ၄ နှစ် ကစိုက်ချင်ပါတယ်
Saw klo sel arr
လွန်ခဲ့သော ၄ နှစ် ကစိုက်ပျိုးချင်ပါတယ်
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026