မြင်းခွာရွက်ရဲ့ ကျန်းမာရေးကောင်းကျိုးများ
မြင်းခွာရွက်ကို မြင်းခွာရွက်သုပ်၊ တို့မြှုပ်စရာ၊ ဟင်းချို၊ ဟင်းခါးတို့အဖြစ် စားသုံးလေ့ရှိကြသည်။ ကျန်းမာရေးအတွက် မြင်းခွာရွက်ဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးနိုင်သည်။
သုတေသနတွေ့ရှိချက်များအရ မြင်းခွာရွက်တွင်ပါဝင်သော tritetpenoids ဒြပ်ပေါင်းများသည် တစ်သျှူးဖြစ်ပေါ်စေသာ ကိုလာဂျင်ထုတ်လုပ်ရာတွင် အားပေးသည်။ ပျက်စီးသွားသော တစ်သျှူးများသို့ သွေးစီးဆင်းမှုများပြားစေသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ စုဝေးရောက်ရှိစေခြင်းကြောင့် အနာကျက်မှုကို မြန်ဆန်စေပြီး အမာရွတ်ဖြစ်ပေါ်မှုကို သေးငယ်စေသည်။
စိတ်ဖိစီးမှုကြောင့်ဖြစ်သော အစာအိမ်နာရောဂါဝေဒနာရှင်များကို မြင်းခွာရွက်ဆေးအနှစ်သည် ပျောက်ကင်းစေနိုင်ကြောင်း ဖော်ပြထားပါသည်။ မြင်းခွာရွက်သည် စိတ်ကိုငြိမ်သက်စေပြီး အိပ်ပျော်စေတတ်သော အာနိသင်နှင့် စိတ်ဖိစီးမှုကို လျော့ပါးစေသော အာနိသင်၊ မှတ်ဥာဏ်နှင့်ဥာဏ်ရည်မြင့်မားစေနိုင်သော အာနိသင်များရှိကြောင်းကိုလည်း သိရပါသည်။
မှတ်ဥာဏ်ကိုတိုးပွားစေဖို့အတွက် အခြောက်ခံထားသော မြင်းခွာရွက် ၁၀ ကျပ်သား၊ လင်းနေမြစ် ၃ ကျပ်သား၊ သစ်ကြံပိုးခေါက် ၃ ကျပ်သား၊ နံ့သာဖြူ ၃ ကျပ်သား၊ ဗြုံးမွေးရွက်ပဥ္စငါးပါး ၅ ကျပ်သားတို့အားလုံးကို အမှုန့်ပြုလုပ်၍ ဆေးတစ်ခွက်စာပမာဏ ၂ ပဲသားကို ရေနွေးနှင့် သောက်ပေးပါ။ နံနက်အိပ်ရာထတစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် သောက်ပေးနိုင်သည်။ သောက်ပေးခြင်းအားဖြင့် အာရုံကြောများလန်းဆန်းကြည်လင်၍ မှတ်ဥာဏ်ကို တိုးပွားစေပါသည်။ ဆေးအမှုန့်များကို ပုလင်းထဲတွင် ထည့်သိမ်းထားနိုင်သည်။
မြင်းခွာရွက်ကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့် အသက်အရွယ်ကြီးရင့်၍ အရိုးအဆစ်များပွကာ ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်သည်။ အိမ်တွင်းကုထုံးဆေးအဖြစ်လည်း မြင်းခွာရွက်သတ္တုရည်နှင့် ဗယ်ဆလင်ကို ရောစပ်၍လိမ်းဆေးအဖြစ် လိမ်းပေးနိုင်ပါသည်။
သွေးတိုးရောဂါကို ကျဆင်းစေနိုင်ပါသည်။ တစ်ရွက်ချင်းစီကိုလည်း ဝါးစားခြင်း၊ ဖျော်ရည်ကို ဆေးတစ်ခွက်စာပမာဏ ဟင်းစားစတီးဇွန်းနှင့် ၃ ဇွန်းကို သောက်ပေးနိုင်ပါသည်။ သွေးတွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးပါသည်။ သွေးတွင်းသကြားဓာတ်ပမာဏကို ကျဆင်းနိုင်ခြင်းကြောင့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်စေပါသည်။
ထိုသို့ကျန်းမာရေးအကျိုးကျေးဇူးများစွာဖြင့် မြင့်ခွာရွက်ကို စိုက်ပျိုးလို့လည်း လွယ်ကူ၊ ဈေးလည်းသက်သာ၊ ဝယ်ယူရသည်မှာမခက်၊ အာဟာရဓာတ်များလည်း မြင့်မားတဲ့အတွက်ကြောင့် စားသုံးပေးသင့်ပေသည်။
နည်းပညာများကို ကျော်တင့်ဆွေ၏ "အံ့ဖွယ်ဆေးဖက်ဝင် သဘာဝဟင်းသီးဟင်းရွက်များ" စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026