ဗီတာမင် ၁၀ ဆ ပိုပါလို့ ကျန်းမာရေးအတွက်အကျိုးများတဲ့ ဂေါ်ဖီထုပ်အနီ..
“ ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မက်ဂနီဆီယမ်၊ ဇင့် နဲ့ အမျှင်ဓာတ်တွေ ပေါကြွယ်ဝစွာပါဝင်တဲ့ ဂေါ်ဖီထုပ်အနီ ”
“ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တယ်လို့ဆိုတဲ့အပြင် မျက်လုံး၊ သွား၊ အရိုးနဲ့ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေတဲ့ တောင်ဥရောပမူရင်း ဂေါ်ဖီထုပ်အနီ ”
“ သူက စပ်မျိုးလည်းမဟုတ်သလို ဂျီအမ်အို (မျိုးဗီဇပြောင်းထားတဲ့အစားအစာ) လည်း မဟုတ်ပါဘူး”
ဆိုတော့ ဒီဂေါ်ဖီထုပ်အနီကို ဘယ်လိုစိုက်သလဲ..? အရောင်မပြောင်း..အာနိသင်တွေ မပြောင်းဖို့ ဘယ်လို လှီးဖြတ် ချက်ပြုတ်ကြမလဲ..?
တကယ်က ခရမ်းရင့်ရောင်ရှိပေမယ့် လူအများစုကတော့ သူ့ကို ဂေါ်ဖီထုပ်အနီလို့ပဲ ခေါ်ကြပါတယ်။
Savoy Cabbage ၊ Asian Cabbage ၊ Ornamental Cabbage ၊ Ruby Cabbage ဆိုပြီး ဂေါ်ဖီထုပ်အမျိုးမျိုးရှိတဲ့အထဲမှာ ဂေါ်ဖီထုပ်အနီက Ruby Cabbage ထဲမှာပါဝင်တာပါ။
သူက အရောင်ပြောင်းလွယ်တယ်..။ စိုက်ချိန်ကတည်းက မြေချဉ်ငံဓာတ်ပေါ်မူတည်ပြီး အနီရောင်၊ ခရမ်းရောင်ကနေ စိမ်းဝါရောင်ထိ ပြောင်းတတ်တယ်လို့ဆိုပါတယ်..။ အလှီးအဖြတ်၊ အချက်အပြုတ် မတတ်ရင်လည်း အရောင်ပြောင်းပြန်ကောတဲ့..။ ရှာလကာရည်လို အက်ဆစ်ဓာတ်ပါတဲ့ အရာတစ်ခုနဲ့ ရောချက်ပြုတ်တဲ့အခါ မီးခိုးပြာရောင်ကို ပြောင်းသွားတတ်တယ်။ လှီးဖြတ်မယ်ဆိုရင်လည်း အစွန်းအထင်းမရှိ ထက်တဲ့ စတီးဓားနဲ့ပဲ အမြဲလှီးဖြတ်သင့်ပါတယ်။ အဲ့လိုမှပဲ အရောင်မပြောင်းလဲနိုင်မှာပါတဲ့..။
မူရင်းဒေသက တောင်ဥရောပဖြစ်ပြီး တရုတ်နိုင်ငံမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံမှာတော့ စီးတီးမတ်တွေမှာ အများဆုံးတွေ့ရလေ့ရှိပြီး စပ်မျိုးလည်းမဟုတ်သလို ဂျီအမ်အိုလည်းမဟုတ်ပါဘူး။ ပုံမှန်တွေ့နေကြတဲ့ အစိမ်းရောင်ဂေါ်ဖီထုပ်နဲ့ယှဉ်ရင် ဗီတာမင် ၁၀ ဆ ပိုမိုပါဝင်ပြီး ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့် နဲ့အမျှင်ဓာတ်တွေ ပေါကြွယ်ဝစွာပါလို့ အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။ ကင်ဆာ ရောဂါကို တိုက်ဖျက်ပေးနိုင်တယ်လို့ဆိုကြတဲ့အပြင် မျက်လုံး၊ သွား၊ အရိုးနဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ အစားအစာထဲမှာလည်းပါဝင်နေပါတယ်။
ဒါပေမဲ့ အလွန်အကျွံကြီးတော့ မစားနဲ့ပေါ့..။ တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း အများကြီးစားမယ် ဆိုရင်တော့ လေပွတာ၊ ဝမ်းဖောဝမ်းရောင်ဖြစ်နိုင်တာအပြင် လည်ပင်းအကြိတ်ရောဂါပါ ဖြစ်စေနိုင်ပါတယ်။
ကဲ အဲ့ဒီလို ကျန်းမာရေးအတွက် အရမ်းအကျိုးများတဲ့ ဂေါ်ဖီထုပ်နီကို စားကြည့်ကြရအောင်..။ ဘယ်လိုစားလို့ရလဲဆိုတော့ သုပ်စား၊ ကြော်စားတာအပြင် ဖျော်ရည်အဖြစ်ပါ လုပ်သောက်နိုင်ပါတယ်လို့ ဆိုပါကြောင်း..။
Ref: https://www.quickcrop.ie/learning/plant/red-cabbage
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆုမြတ်နိုး
အားလုံး