စတော်ဘယ်ရီသီး၏ ကျန်းမာရေးအကျိုးပြုချက်
စတော်ဘယ်ရီသီးလှိုင်လှိုင်ပေါချိန်တွင် အသီးမှည့်များကို မလွတ်တမ်းစားလေ့ရှိကြသည်။ စတော်ဘယ်ရီဖျော်ရည်၊ စတော်ဘယ်ရီယို၊ စတော်ဘယ်ရီ ဂျယ်လီ၊ စတော်ဘယ်ရီဝိုင် တို့သည် လူအတော်များများနှင့် အကျွမ်းတဝင်ရှိကြပြီး ကြိုက်နှစ်သက်မှုလည်း များသော စားသောက်ဖွယ်ရာများပင်မဟုတ်ပါလား။
အရသာရှိလှသော စတော်ဘယ်ရီသီးသည်လည်း စားရတာနဲ့တန်အောင် ကျန်းမာရေးကို အထောက်အကူပြုနေသော အချက်များရှိနေပါသည်။
ဆေးသိပ္ပံပညာရှင်များ၏ သုတေသနတွေ့ရှိချက်အရ စတော်ဘယ်ရီသီးအမှည့် ၁၀၀ ဂရမ် တွင်…
ကယ်လိုရီ ၃၅ ယူနစ်
ရေငွေ့ဓာတ် ၉၈.၉ ဂရမ်
ပရိုတင်း ၀.၃ ဂရမ်
အဆီဓာတ် ၀.၁ ဂရမ်
ကယ်လ်စီယမ် ၂၇ မီလီဂရမ်
သံဓာတ် ၀.၈ မီလီဂရမ်
ဗီတာမင်အေ ၅၀ ယူနစ်
ဗီတာမင် B1 ၀.၀၃ မီလီဂရမ်
ဗီတာမင် B2 ၀.၀၆ မီလီဂရမ်
နိုင်ယာစင် ၀.၃ မီလီဂရမ်
ဗီတာမင်စီ ၆၀ မီလီဂရမ် တို့ပါဝင်ကြောင်း သိရပါသည်။
စတော်ဘယ်ရီအမှည့်များတွင် ဆာလီဆီလစ်အက်စစ် (Salicylic Acid) ဒြပ်စင်များ ကြွယ်ဝစွာပါဝင်ပါသည်။ ထိုအက်စစ်သည် အာရုံကြောကိုက်သော ရောဂါများကိုသာမက အဆစ်နှင့်ပတ်သတ်သော အဆစ်ရောင်ရောဂါနှင့် ဂေါက်ရောဂါတို့ကိုလည်း သက်သာပျောက်ကင်းစေနိုင်သည်။
ယခုလို ညတာရှည်တဲ့ ဆောင်းရာသီတွင် စတော်ဘယ်ရီးသီးအမှည့်ကိုစားထားလျှင် ဆာလောင်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိစေပြီး လူ့ခန္ဓာကိုယ်ကိုလည်း ခွန်အားတိုးပွားစေသဖြင့် မြောက်ပိုင်းဝင်ရိုးတန်းဒေသတွင် မှီတင်းနေထိုင်ကြသော လူအများစုသည် ဆောင်းရာသီတွင် စတော်ဘယ်ရီသီးမှည့်များကို ဒရယ်နို့များနှင့် ရောစပ်ပြီး အခြောက်လှန်းထားကာ သိုလှောင်ထားကြပါသည်။
အသီးတင်မက စတော်ဘယ်ရီအရွက်ကို လက်ဖက်ရည်ကဲ့သို့ ဖျော်သောက်ပေးခြင်းဖြင့်လည်း အာဟာရဓာတ်များကို ရရှိစေသည်ဟုသိရပါသည်။ စတော်ဘယ်ရီအရွက်ခြောက်များကို များများယူ၍ ရေနွေးဆူဆူ ပိုင့်ဝက်ခန့်ကို အရွက်ခြောက်များပေါ်သို့လောင်းချပြီး အုပ်ထားပေးပါ။ ၁၅ မိနစ်ကြာလျှင် ၎င်းအရည်ကို ငှဲ့ယူပါ။ စစ်ယူထားသော အရည်ထဲသို့ အိမ်သုံးသကြားအနည်းငယ်၊ နွားနို့ပူပူတို့ဖြင့် ရောစပ်လိုက်ပြီး သောက်သုံးနိုင်ပါသည်။ စတော်ဘယ်ရီရွက်လက်ဖက်ရည်ကို သောက်ခြင်းသည် နလန်ထ အင်အားနည်းပါးနေသူအတွက် ကောင်းမွန်သော အာဟာရပင်ဖြစ်ပါသည်။ ကျန်းမာရေးနှင့်အညီစားသုံးဖို့ ဝိတ်ချချင်သူများအနေဖြင့်လည်း စတော်ဘယ်ရီသီးသည် ရွေးချယ်သင့်သော အသီးအနှံတစ်ခုပင် ဖြစ်ပါသည်။
နည်းပညာများကို “ကျော်တင့်ဆွေ၏ သဘာဝသစ်သီးများ၏ အံ့ဖွယ်ဆေးဖက်ဝင်မှုများ” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026