ကန်စွန်းရွက်က ကျန်းမာရေးအတွက်ဘာကောင်းလဲ
ကန်စွန်းရွက်ကို အင်္ဂလိပ်လို Water Spinach သို့မဟုတ် Water Convolvulus လို့လည်းခေါ်ပါတယ်။ ကန်စွန်းရွက်သည် ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူတန်းစားအားလုံးနီးပါး လက်လှမ်းမှီပြီး အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ဟင်းရွက်ဖြစ်ပါတယ်။
ကန်စွန်းရွက်ဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ ဟင်းရွက်ဖြစ်ပါတယ်။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ကယ်ရိုတင်းဓါတ်၊ ဆိုဒီယမ်စတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိူးများစေတဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။
ကန်စွန်းရွက်ကိုကြော်တာ ချဉ်ရည်ဟင်းချက်တာ အစိမ်းတို့စားတာ ပြုတ်ပြီးတို့စားတာ အစိမ်းသုပ်စားတာ စသဖြင့် အမျိုးမျိုးလုပ်စားနိုင်ပါတယ်။ ကြော်တာ ချက်တာ ပြုတ်တာလုပ်ပါက သတိထားရမည့်အချက်တစ်ခုမှာ ကန်စွန်းရွက်ရဲ့ မူလအစိမ်းရောင် တအားပျက်မသွားရန် သတိထားရပါမယ်။ အချိန်အကြာကြီး အပူနဲ့တွေ့ပါက မူလအရောင်ပျောက်သွားရင် ကန်စွန်းရွက်မှာပါတဲ့ ဗီတာမင်များလည်း ပျောက်ပျက်သွားနိုင်လို့ပါ။
အစိမ်းသုတ်စားတာ အစိမ်းတို့စားတာလုပ်မယ်ဆိုရင်တော့ ရေသေချာဆေးရန် သတိပြုရပါမယ်။ ကန်စွန်းရွက်ကို အသက်ကြီးငယ်မရွေး စားသုံးနိုင်ပါတယ်။ သွေးတိုးရောဂါရှိသူများ၊ လိပ်ခေါင်းရောဂါရှိသူများ၊ ဝမ်းချူပ်တတ်သူများဆို ပိုလို့တောင် စားသင့်ပါတယ်။
ကန်စွန်းရွက်ထဲတွင် ဆဲလူးလို့စ်ဓာတ် ပြည့်ဝစွာပါခြင်းကြောင့် အူလမ်းကြောင်းလှုပ်ရှားမှု (Peristalsis) ကို ကောင်းစွာဖြစ်စေပြီး ဝမ်းသွားရ လွယ်ကူစေပါတယ်။ ကန်စွန်းရွက်ကို စားပြီးချိန်မှာ အူထဲရှိ အက်စစ်ဂုဏ်သတ္တိကို လျော့ကျစေတာကြောင့် အူလမ်းကြောင်း Flora မမျှတမှု မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ဝမ်းပျက်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ကင်ဆာတားဆီးပေးခြင်းစတဲ့ အာနိသင် ရှိပါတယ်။
နောက် ဗီတာမင်စီလည်း ပါဝင်တာကြောင့် သွေးထဲက ကိုလက်စထရော (အဆီဓာတ်) ကိုလည်း ကျစေပါတယ်။ ဗီတာမင်စီက နှလုံးသွေးကြောနဲ့ အရေပြားကို ကာကွယ် ထိန်းသိမ်းပေးပါတယ်။
နောက်ပြီး ကန်စွန်းရွက်စားခြင်းဖြင့် အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် သဘာဝအိပ်ဆေး တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန် အကြာကြီး အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေတာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေပါတယ်။
ကန်စွန်းရွက်ထဲတွင်ပါတဲ့ ဗီတာမင်အေကလည်း မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပေးပါတယ်။ ဒါကြောင့် အချိန်ကြာမြင့်စွာ မျက်လုံး အသုံးပြုနေရသူများ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရသူများဆို အမြဲတမ်း စားသုံးပေးသင့်ပါတယ်။
ဒါ့ပြင် အစားမှားလို့ အဆိပ်အတောက် ဖြစ်ခဲ့ပါကလည်း ကန်စွန်းရွက်ကို သေချာရေဆေးပြီး ထုထောင်းအရည်ညှစ်ကာ အရည်နဲ့အဖတ်ကို သောက်သုံးရင် အဆိပ်အတောက်ကို ပြေစေနိုင်ပါတယ်။ ကန်စွန်းရွက်ထဲမှာ ကယ်လ်စီယမ်ဓာတ်လည်း ပါဝင်တာကြောင့် အရိုးကိုလည်း ကျန်းမာစေပါတယ်။
ကန်စွန်းရွက်ဟာ သွေးဖိအားကို ကျဆင်းစေတဲ့အတွက် သွေးတိုးရှိသူများ ပိုမိုစားသုံးသင့်သော်လည်း သွေးကျတတ်သူတွေမှာ ခေါင်းမူးစေရန် ပိုလွယ်ကူသောကြောင့် သွေးကျတတ်သူတွေ မစားသင့်ပေ။
ကန်စွန်းရွက်သည် ခန္ဓာကိုယ်ထဲက အပူအပုပ်တွေကိုလည်း ရှင်းစေတဲ့အပြင် ဆီးသွားခြင်းကိုလည်း ကောင်းကျိုးပေးသည်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ကင်ဆာဖြစ်ခြင်းကို လျှော့ချပေးပြီး ကျန်းမာစေပါတယ်။
အမျိုးသမီးများ လစဉ်ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုကို ကန်စွန်းရွက်စားပေးခြင်းဖြင့် သက်သာလျော့ကျစေပါတယ်။ ဒါတွေကတော့ ကျွန်တော်သိသလောက် ကန်စွန်းရွက်ရဲ့ကောင်းကျိူးတွေပါ။ အဆုံးသတ်အနေနဲ့ အကြံပေးလိုတာကတော့ ကန်စွန်းခင်းမှ ခူးပြီး ကန်စွန်းရွက်ရောင်းသူများ ရှိသကဲ့သို့ အချို့ကလည်း ရေဆိုးမြောင်းဘေးတွင် အလေ့ကျ ပေါက်နေသော ကန်စွန်းရွက်များကို တနိုင်တပိုင်စီးပြီး ရောင်းသူများ ရှိပါတယ်။
ရေဆိုးမြောင်းထဲမှာ စက်ရုံများမှ စွန့်ထုတ်လိုက်သည့် ဓာတုရေဆိုးများ လူနေအိမ်များမှ စွန့်ပြစ်သည့် အညစ်အကြေးများ ရှိပြီး ထိုအနီး အနားတွင်ပေါက်တဲ့ ကန်စွန်းရွက်တွေမှာ လူကို ဥပဒ်ပေးသော ပိုးမွှားများပါသောကြောင့် ရေသေချာမဆေးဘဲ စားသုံးမိပါက ရောဂါဆိုးများ ရရှိနိုင်ပါသည်။ ဒါကြောင့် ကန်စွန်းရွက် ဝယ်လျှင် သတိထားပြီး ဝယ်ယူပါ။ မစားခင်လည်း ရေစင်အောင် သေချာဆေးပါလို့ ပြောချင်ပါတယ်။
Author : Dr. 528
Siurce - On Doctor
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026