ကန်စွန်းဥက ပေးတဲ့ သင့်အတွက် လိုအပ်တဲ့ ကျန်းမာရေး
ကောင်းသောနေ့လေးဖြစ်ကြပါစေ......
ဒီနေ့ကတော့ ကန်စွမ်းဥတွေကနေ အူးလေးကြီးတို့ ဘာတွေရနိုင်မလဲဆိုတာကို လေ့လာကြည့်တာပေါ့။ အူးလေးကြီးကတော့ ကန်စွမ်းဥဆို ကြိုက်ကို ကြိုက်တာ။ စားရင် ဘာတွေရမလဲဆိုတာကို ကိုယ်တိုင်လေ့လာကြည့်တဲ့အခါ ပါဝင်တဲ့အာဟာရတွေ အဆီမပါဝင်ပဲနဲ့ ရေက (၇၇)ရာခိုင်နှုန်း၊ ကာဗွန်ဟိုက်ဒရိတ်က (၂၀.၁)ရာခိုင်နှုန်း၊ ပရိုတင်းလို့ခေါ်တဲ့အသား ဓာတ်က (၁.၆) ရာခိုင်နှုန်း နဲ့ အမျှင်ဓာတ်က (၃)ရာခိုင်နှုန်း ပါဝင်ပါတယ်။
ကစီဓာတ်
ကစီဓာတ်လို့ခေါ်တဲ့ ကာဗွန်ဟိုက်ဒရိတ်တွေ ပါဝင်မှုက ၅၃ ရာခိုင်နှုန်းရှိပါတယ်။ အဲ့လို ကစီကိုမှ သူတို့အခြေအနေအလိုက်ကို ပြန်ခွဲပေးရရင်တော့
• လျှင်လျှင်မြန်မြန် ကျေပျက်နိုင်တဲ့ကစီက (၈၀) ရာခိုင်နှုန်း
• ဖြည်းဖြည်းချင်း ကျေပျက်နိုင်တဲ့ ကစီက (၉)ရာခိုင်နှုန်း နဲ့
• ကျေပျက်ဖို့ ခက်တဲ့ကစီက (၁၂) ရာခိုင်နှုန်း ပါဝင်ပါတယ်။
ဘယ်လိုပါပါပါ။ ကစီ က အူးလေးကြီးတို့အတွက် လိုအပ်နေတာက တကယ်ပါပဲနော်။
အမျှင်ဓာတ်တွေ
ပြုတ်စားတာဖြစ်ဖြစ် ဖုတ်စားတာဖြစ်ဖြစ် စားနေကြတဲ့ ကန်စွန်းဥ အလယ်အလတ် အရွယ်အစားလောက်ဆိုရင် အမျှင်ဓာတ်က ၃.၈ ဂရမ်တောင်ပါတာတဲ့။ အများကြီးပါပြီးတော့ ပျော်ဝင်လွယ်တဲ့ အမျှင်က (၁၅ ကနေ ၂၃ ရာခိုင်နှုန်း) ပါဝင်ပြီး မပျော်ဝင်နိုင်တဲ့ ပုံစံနဲ့ကကျတော့ (၇၇ ကနေ ၈၃ ရာခိုင်နှုန်း) ပါဝင်နေပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ဘာတွေရနိုင်မလဲဆိုတော့ စိတ်ကျေနပ်မှုကိုရစေမယ်။ အစားအများကြီး မစားချင်တော့ဘူး။ ပြီးတော့ သွေးထဲက သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ သကြားဓာတ်ကို ဘယ်လိုထိန်းလဲဆိုတော့ သကြားနဲ့ ကစီတွေကို ဖြည်းဖြည်းလေးချေဖျက်ပေးခြင်းအားဖြင့် သွေးထဲက သကြားကို ထိန်းသိမ်းပေးခြင်းဖြစ်ပါတယ်။
အလွယ်တကူ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်လေးတွေကျတော့ အူလမ်းကြောင်းကျန်းမာရေးကိုကောင်း မွန်စေပါတယ်။ ဆီချိုရောဂါတွေအတွက် ကောင်းမွန်စေပါတယ်။ ကဲ ကန်စွန်းဥ ချိုတယ်ဆိုပြီး ဆီးချိုသမား စားလို့မရဘူးလို့ ဘယ်သူက ပြောလဲလို့။
ပရိုတင်း အသားဓာတ်
သက်သက်လွတ်စားတဲ့ အသားဖြစ်ထွန်းစေတဲ့ဓာတ် မရဘူးဆိုတာမှန်ရင် နွားကြီးတွေဟာ ခွေးလောက် အကောင်လေးတွေဖြစ်နေမှာပေါ့။ ကန်စွန်းဥကိုစားရင် အသားဖြစ်စေတဲ့ ဓာတ်ကိုရရှိစေပါတယ်. ပုံမှန်အနေတော် အရွယ်အစား ကန်စွန်းဥ ဆိုရင် ပရိုတင်းကို ၂ ဂရမ်လောက်ပါပါတယ်။ နည်းတယ်လို့တော့ ဆိုနိုင်ပေမဲ့ပေါ့။ သူ့ဆီမှာပါတာက တစ်ခြားပရိုတင်းနဲ့ မတူတဲ့ Sporamin လို့ ခေါ်တဲ့ ပရိုတင်းဖြစ်ပါတယ်။ သူတို့က ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပါတယ်။ အဲ့တော့ ကင်ဆာလိုရောဂါတွေကို ကာကွယ်နိုင်တာပေါ့။ ကန်စွန်းဥစားလို့ အသားလည်း အရမ်းကြီးမတိုးပဲ ရောဂါကာကွယ်နိုင်တဲ့ စွမ်းအင်ရှိတာကို တွေ့ရမှာပါ။
ဗီတာမင်နဲ့ သတ္တုဓာတ်များ
ဗီတာမင် အေ (Vitamin A)
ဘီတာကယ်ရိုတင်းတို့ပါဝင်ပြီး သူကနေမှ ဗီတာမင်အေကို ပြောင်းလဲပေးနိုင်ပါတယ်။ ကန်စွန်းဥ (၁၀၀) ဂရမ်ကိုစားရင် တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်အေကို ရရှိပြီးသားဖြစ်သွားပါလိမ့်မယ်
ဗီတာမင် စီ (Vitamin C)
ကန်စွန်းဥက မချဉ်လို့ ဗီတာမင်စီ မပါဘူးလို့ ထင်သွားပြီလား။ အသားအရည်ကို လှပစေပြီး အေးလို့ဖြစ်တဲ့ အရေပြားပြဿနာတွေအတွက်ကောင်းပါတယ်။
ပိုတက်စီယမ် (Potassium)
သွေးပေါင်ချိန်ကို ထိန်းညှိပေးဖိုလိုအပ်တာဖြစ်ပါတယ်။ ပြီးတော့ နှလုံးရောဂါတွေအတွက်လည်း ကောင်းတဲ့အရာဖြစ်ပါတယ်။
မန်းဂနိစ် (Manganese)
ခန္ဓာကိုယ်ကြီးထွားစေဖို့၊ ဖွံ့ဖြိုးစေဖို့ နဲ့ ခန္ဓာကိုယ်ဖြစ်စဉ်တွေအတွက် လိုအပ်တဲ့ အနည်းလိုအာဟာရ တွေဖြစ်ပါတယ်။
ဗီတာမင် ဘီစစ် (Vitamin B6)
လူတွေ စားသုံးလိုက်တဲ့ အစားအစာတွေကနေ စွမ်းအင်တွေဖြစ်အောင်လို့ ကူးပြောင်းပေးတဲ့အချိန်မှာ သူတို့ ကူညီပေးပါတယ်။
ဗီတာမင် အီး (Vitamin E)
အဆီတွေကို ပျော်ဝင်စေပြီးတော့ အချိန်မတိုင်ခင်အိုမင်းရင့်ရော်တာကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်ပါ။
ဗီတာမင် ဘီဖိုက် (Vitamin B5) တို့ပါဝင်ပါတယ်
ဒါအပြင်ကိုအခြားသော ဓာတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ Chlorogenic Acid လိုမျိုး၊ Anthocyanins လို ရောင်ခြည်ပစ္စည်းမျိုး၊ Coumarins လိုမျိုး သွေးခဲတာတွေ ကာကွယ်ပေးနိုင်တဲ့ အရာမျိုးတွေ ပါဝင်နေတာကြောင့် အူးလေးကြီးကတော့ ကန်စွန်းဥမှ ကန်စွန်းဥပါပဲကွယ်။
Htunn Win Kyaw
Reference;
Adda Bjarnadottir, “Sweet Potatoes 101: Nutrition Facts and Health Benefits”, MS on April 6, 2015
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026