နှလုံးကို အားကောင်းစေတဲ့ ဖရဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုး ၁၀ ချက်
ရာသီစာ ဖရဲသီးက ပြည်တွင်းမှာလည်း အစားများပါတယ်။ အသီးလိုက် အနေနဲ့ရော ဖျော်ရည် အဖြစ်နဲ့ရော စားသုံးကြပါတယ်။ ကာဘိုဟိုက်ဒရိတ်လည်း ပြည့်ဝတယ်၊ ဗီတာမင် အေနဲ့ စီလည်း ပါတယ်။ ပိုတက်စီယမ်ရော ပါသေးတယ်။ အဆီနဲ့ ကယ်လိုရီ လုံး၀ မပါရှိတဲ့ အသီးပေါ့။ အပူကင်းအောင် စားသုံးဖို့ အကောင်းဆုံး အသီးလို့တောင် ဆိုပါတယ်။ သူ့ကို ရေ အစားထိုး၊ ရေအဆာပြေလည်း စားနိုင်သေးတယ်၊ အကြောင်းက ဖရဲသီးမှာ ရေဓာတ်က ၉၅ ရာခိုင်နှုန်းလောက်နဲ့ ဖွဲ့စည်းထားလို့ပါ။ အမျှင်ဓာတ်လည်း ကောင်းစွာ ပါဝင်ပါသေးတယ်။ အခု ဖရဲသီးရဲ့ ကျန်းမာရေး အတွက် ကောင်းမွန်စေတဲ့ အချက်တွေကို ပြောပြပါမယ်။
(၁) နှလုံးကို ကျန်းမာစေတယ် – ဖရဲသီးမှာ Lycopene ဓာတ် ကောင်းစွာ ပါရှိပါတယ်။ ဒီဓာတ်က ကိုယ်တွင်း အောက်ဆီဓာတ်တိုးခြင်း ဖြစ်စဉ်ကို အားပေးပြီး တစ်ရှုးနဲ့ ကြွက်သားတွေ ထိခိုက်မှုကို ကာကွယ်မှု ပေးသလို နှလုံးကိုလည်း ကျန်းမာ အားကောင်းစေတာ တွေ့ရပါတယ်။
(၂) ကိုယ်အလေးချိန်ကျစေနိုင်တယ် – ဖရဲသီးစားလို့ အလေးချိန် ကျတာထက် အလေးချိန် ကျလိုသူတွေ အတွက် အခြား အစာတွေထက် ဖရဲသီး စားပေးရင် အဟာရလည်း ဖြစ်တယ်၊ အဆီလည်း မစားဖြစ်စေပဲ ရှိသွားတာကြောင့် အစားထိုး အစာ အဖြစ် စားပေးနိုင်တာပါ။
(၃) စိတ်ဖိစီးမှုကို သက်သာစေတယ် – ဖရဲသီးမှာ ဗီတာမင် ဘီ ၆ ကောင်းစွာ ပါရှိပါတယ်။ မောပန်းနွမ်းလျမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေကို အကောင်းဆုံး လျော့နည်းသက်သာစေမယ့် အဟာရ ပစ္စည်း ပါရှိနေတာပဲ ဖြစ်ပါတယ်။
(၄) အရွယ်တင်စေတယ် – အရွယ်ကျခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ Lycopene ဓာတ်ကြောင့်ပဲ အသားရေ တင်းရင်း လှပပြီး အိုမင်းမှုကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။
(၅) ကိုယ်ခန္ဒာက လိုအပ်တဲ့ စွမ်းအင်ကို ဖြည့်ပေးနိုင်တယ် – ဆိုဒီယမ် နည်းနည်း၊ ပိုတက်စီယမ်၊ သတ္တုဓာတ်တွေလည်း ပါတယ်၊ ကာဘိုဟိုက်ဒရိတ်လည်း ပါတယ်၊ ပြီးတော့ ရေဓာတ် ကောင်းကောင်းပါတယ်။ ကိုယ်ခန္ဒာကို ရေဓာတ် ပြည့်ဝနေစေသလို ဇီ၀ ဖြစ်စဉ်တွေ ပုံမှန် လည်ပတ်စေပြီး လိုအပ်တဲ့ စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၆) အမျှင်ဓာတ်ပြည့်ဝစာ အဖြစ် စားနိုင်တယ် – အမျှင်ဓာတ်ဆိုတာ အစာချေစနစ်အတွက် အရေးပါတဲ့ ဓာတ်တစ်ခုပါ။ ရေနဲ့ အမျှင်ဓာတ် ပေါင်းပြီး အစာချေဖျက်ခြင်းရော အဟာရ စုပ်ယူခြင်းကနေ နောက်ဆုံး မစင် စွန့်ထုတ်သည် အထိအောင် ကူညီလုပ်ဆောင်ပေးပါတယ်။ ဖရဲသီးမှာ ရေဓာတ်ရော အမျှင်ဓာတ်ပါ ကောင်းကောင်းပါရှိလို့ အစာချေ စနစ်ကို ကောင်းမွန်စွာ လည်ပတ်စေမှာပါ။
(၇) အရေပြားကို သန့်ရှင်းစေတယ် – ဖရဲသီးက အရေပြားအတွက် အထူးကောင်းမွန်တဲ့ အသီးပါ။ အရေပြားအတွင်းက မလိုအပ်တဲ့၊ ပိုနေတဲ့ အဆီတွေကို ချွေးနဲ့ အတူ ဖယ်ထုတ်ပေးပါတယ်။ ဝက်ခြံလို အရေပြားနဲ့ သက်ဆိုင်တဲ့ ပြစ်ချက်မျိုး မဖြစ်စေနိုင်တော့ပါဘူး။
(၈) သဘာ၀ အတိုင်း အသားအရေ စိုပြေစေတယ် – ရေဓာတ် ကောင်းကောင်းပါရှိတဲ့ အစာဖြစ်လို့ ကိုယ်တွင်း ရေဓာတ် ပြည့်ဝနေစေပြီး သဘာ၀ အတိုင်း အရေပြားကို စိုစွတ် အေးမြနေစေပါတယ်။
(၉) ရောဂါတွေကနေ ကာကွယ်ပေးနိုင်မှုရှိတယ် – ဖရဲသီးကို နေ့တိုင်း စားပေးခြင်းက ရောဂါတချို့ကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။ ပန်းနာရင်ကျပ်၊ လေးဘက်နာ၊ အဆစ်အမြစ်ရောင် ရောဂါနဲ့ အရိုးဆိုင်ရာ ရောဂါတွေကို ဖြစ်နိုင်ခြေ လျော့နည်း ကောင်းမွန်စေတာ ဖြစ်ပါတယ်။
(၁၀) သွေးပေါင်ချန် မှန်စေတယ် – ဇီ၀ ဖြစ်စဉ်ကို ကောင်းမွန်စွာ လည်ပတ်စေတဲ့ အစာ ဖြစ်လို့ သွေးပေါင်ချိန် မှန်ကန်စေတဲ့ သဘောရှိပါတယ်။ သွေးတိုးသမားတွေ အတွက်လည်း အဆင်ပြေမယ့် အသီးပါ။ အဟာရစာ အဖြစ်ရော ရောဂါ ကာကွယ်ရေးစာ အဖြစ်ပါ စားသုံးပေးသင့်ပါတယ်။
၁၅၀ ဂရမ်လောက် ရှိမယ့် ဖရဲသီးဟာ သင့်ကို စွမ်းအင် ၇၁ ကယ်လိုရီ ပေးမယ်၊ အသားဓာတ် ၁ ဒသမ ၄၅ ဂရမ်ပါမယ်၊ ကာဘိုဟိုက်ဒရိတ် ၁၇ ဒသမ ၉၇ ဂရမ်၊ အဆီ သုည ဒသမ ၃၆ ဂရမ်၊ တည်မြဲအဆီ သုည ဒသမ ၀၃၈ ဂရမ်၊ အသေးစား မတည်မြဲ အဆီ သုည ဒသမ ၀၈၈ ဂရမ်၊ သီးခြား မတည်မြဲဆီ သုည ဒသမ ၁၁၉ ဂရမ်၊ ကိုလက်စထရော လုံး၀ မပါပဲ၊ အမျှင်ဓာတ် ၁ ဂရမ်လောက် ပါရှိမှာ ဖြစ်ပါတယ်။ ပြီးတော့ ဆိုဒီယမ် ၂ မီလီဂရမ်နဲ့ ပိုတက်စီယမ် ၂၆၇ မီလီဂရမ်လောက် ပါရှိဦးမှာ ဖြစ်ပါတယ်။
Source - Ayeyarwady News
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....