အစိမ်းရောင်လမ်း
အာရောဂျံ ပရမံ လာဘံ နဲ့ ဥယျာဉ်ခြံ

အာရောဂျံ ပရမံ လာဘံ နဲ့ ဥယျာဉ်ခြံ

   အို........ဘာတဲ့ တစ်သက်ပျော်ချင် သစ်ပင်စိုက်တဲ့။ တစ်ပင်ကနေ အပင်တွေများလာအောင် စိုက်ပါ။ ခြံထဲမှာ အလုပ်လုပ်လိုက်တာ၊ ခြံထွက်ပစ္စည်းလေးတွေစားရတာ တွေးကြည့်တာနဲ့တင် စိတ်တွေချမ်းသာနေလိုက်တာ။ ထားပါတော့ ခြံလေးလည်းစိုက်မယ် ကျန်းမာရေးလည်း ထိန်းသိမ်းမယ်။ ဘယ်လို ထိန်းသိမ်းမလဲ။။

၁) ခြံထဲမသွားခင် လေ့ကျင့်ခန်းလုပ်ပါ။  လက်တွေ ဆန့်တန်းပါ။ လက်မောင်းတွေ ဆွဲဆန့်ပါ။  ၅ မိနစ်ကနေ ၁၀ မိနစ်လောက်လုပ်လိုက်ပါ။ ကြိုက်ရာလေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ သွေးပူလေ့ကျင့်ခန်းလေးပေါ့။

၂) နေ့တိုင်း နာရီဝက်လောက် ခြံထဲ အလုပ်လုပ်ပါ။ သွေးပူလေ့ကျင့်ခန်းလုပ်ပြီး ခြံထဲကိုသွား။ ပေါင်းနုတ် အပင်လေးတွေ မြေတောင်မြှောက်၊ ရေလောင်း အဲ့လိုလေးနေ့တိုင်း မိနစ် (၃၀)လောက်လုပ်ပေးတဲ့အခါမှာ လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်စေပါတယ်။ အဲ့လိုလုပ်လိုက်တဲ့ မိနစ် (၃၀) ကြောင့်မို့ ကိုလက်စထရောတွေ လောက်ကျွမ်းသွားပါတယ်။ သွေးဖိအားကိုထိန်းပေးတာကြောင့်မို့ နှလုံး၊ သွေးတိုးကိုကာကွယ်ပြီးသားနော်။

၃) ပုံစံမျိုးစုံပြောင်းပါ။ ဒီနေ့ရေပဲလောင်းတော့မယ် ဆိုတာမျိုးမဟုတ်ပဲ ထိုင်လုပ်လိုက် မတ်တပ်ရပ်ပြီး လုပ်ရတဲ့အလုပ်လေး ပြောင်းလုပ်လိုက် လုပ်ရင်းနဲ့ အချိန်ကုန်စေတာမျိုးကိုလုပ်ပါ။ ပေါင်းတွေနှုတ်ပါ။ ပြီးတော့ ခဏလေး နား၊ အဲ့နောက် တစ်ခုပြောင်း၊  နှုတ်ပြီးသားတွေသယ်ပြီး သွားပစ်တာမျိုးပေါ့။ ဒါပေမဲ့ အတင်းအကြပ်ကြီး မနိုင်ဝန်တော့ မထမ်းပါနဲ့။ ကျန်းမာချင်လို့ လုပ်တာပါနော်။

၄) ထိုင်တာထတာ ကွေးတာဆန့်တာတွေ သတိထားပါ။ ကျန်းမာချင်လို့ လေ့ကျင့်ခန်းလိုသဘောထားပြီး လုပ်ပါတယ်ဆို ခြေကျင်းဝတ်လည်လို့ ပခုံးနာသွားလို့ အုန်းလွဲ ဘာညာ မဖြစ်အောင် ဆင်ခြင်ပြီးတော့ လုပ်ဖို့လိုပါတယ်။ မြေသြဇာအိတ်တွေမတဲ့အခါ လက်ထဲ အားစိုက်ပြီး ကျောဖက်ကကြွက်သားတွေကို အရမ်းမသုံးမိဖို့ ဂရုစိုက်တာမျိုးပေါ့။ 

၅) အားသုံးရတာလေး တစ်ခုခုတော့ပါပါစေ။ မြေကျင်းတူးတာ၊ နည်းနည်းမာမာလေး လုပ်တာက နှလုံးကို မြန်စေပြီးတော့ ချွေးလေး ဘာလေးထွက်သွားတော့ နေလို့ထိုင်လို့ကောင်းပါတယ်။ အဲ့လိုလေးလည်း ပါပါစေ။ 

   ဒါတွေက ခြံစိုက်ရင်းလုပ်ဖြစ်မဲ့ လေ့ကျင့်ခန်းလေးတွေနဲ့ ကောင်းကျိုးလေးတွေ။ နောက်တစ်ဆင့်က ခြံထဲက အသီးအနှံလေးတွေကိုစားရင်းရမယ့် ကျန်းမာရေးအချက်လေးတွေကို ပြောပြပါမယ်။

၁) အသီးလေးတွေခူးမယ်။ အပင်စိုက်ခြင်းဆိုတာ အနုပညာပါပဲ။ အဲ့တော့ စိုက်ရလွယ်တဲ့အပင်လေးတွေပဲ စိုက်စိုက်၊ ခက်တဲ့ အပင်လေးတွေပဲစိုက်စိုက် အသီးအပွင့်အရွက်တွေတော့ စားရမှာပဲ။ ရာသီဥတု အခြေအနေ အချိန်အခါအလိုက်ပေါ့။

၂) အပင်လေးတွေစိုက်ဖို့ အစီအစဉ်ဆွဲပါ။ ရာသီအလိုက် ဘယ်အပင်ကို ဘယ်အချိန်မှာစိုက်မယ်။ ဘယ်အချိန်ဆိုရင်တော့ ဘာစိုက်ဖို့သင့်တယ်ဆိုတဲ့ အစီအစဉ်လေး စာအုပ်ပေါ်ချရေးပြီး အကောင်အထည်ဖော်ပါ။

၃) အကြိုက်ဆုံးအပိုင်းပါ့။ စားရတာမို့လေ။ ကိုယ်စိုက်ထားတဲ့ အပင်လေးတွေမို့ ကျန်းမာရေးအတွက် အကောင်းဆုံးလုံခြုံစိတ်ချရမှုကို အပြည့်ရပါတယ်။ ချက်စား ကြော်စား ပြုတ်စား အစိမ်းလိုက်စား ခြံထဲဆင်းခူးရုံ လတ်လတ်ဆတ်ဆတ် ဗီတာမင်တွေ ရနိုင်နေမှတော့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်နေမှာပါပဲ။ 

   ခြံစိုက်တာက တစ်သက်လုံးပျော်ရတယ်တဲ့။ စိတ်ချမ်းသာချင် အပင်စိုက်ဆိုတာ တကယ်အမှန်ပါပဲ ။ စိတ်ကျန်းမာရေးအတွက်လည်း ခြံစိုက်တာက နည်းလမ်းကောင်းတစ်ခုပါပဲ။ 

- ပျော်ရွင်မှုနဲ့ ကျေနပ်အားရမှုတွေ။ မျိုးစေ့ချတာကနေ စလို့ အပင်လေးက နေ စားစရာတွေရတဲ့ချိန်ထိ အဆင့်တိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အတိပါ။ ပျော်ရလိုက် ကျေနပ်ရလိုက်၊ ဂုဏ်ယူရလိုက်ဖြစ်နေရတာ စိတ်ကျန်းမာရေးချို့တဲ့ဖို့ဆိုတာ ဖြစ်နိုင်ပါဦးမလားလို့။

- ခြံထဲဆင်းလိုက်ရင် စိတ်ကိုချမ်းသာနေတာပဲ။ တော်ရုံတန်ရုံ စိတ်ညစ်စရာတွေကို ခြံထဲမှာ ဖြေဖျောက်ပစ်လိုက်လို့ရတယ်။ ပျင်းနေရင်လည်း အပျင်းဖြေလို့ရတယ်။ 

- ဦးနှောက်ကျန်းမာရေးကောင်းစေတယ်။ ကိုယ်တိုင်ခြံလုပ်တဲ့သူတွေက ဦးနှောက်ကို အလုပ်ပေးရတာကြောင့် အမြဲသတိကလည်းရှိနေတယ်ဆိုတော့ တော်ရုံမေ့တတ်တဲ့သူမျိုးတွေမဟုတ်တော့ပဲ ပုံမှန်လေး အလုပ်လည်းလုပ်နေတယ် သတိလည်းရှိနေတယ်။ အဲ့ဒါဟာ ရေရှည်မှာ ဦးနှောက်ကျန်းမာရေးကို ထိန်းထားနိုင်တဲ့အချက်အလက်တွေပါပဲ။

   အသက်ကြီးလာရင် ခြံစိုက်ပြီးနေမယ်ဆိုရင်တောင် နောက်ကျနေမယ်နော်။ ခုပဲ ခြံလေးလည်းစိုက် ကျန်းမာရေးကိုလည်းဂရုစိုက်ပြီး ပျော်ပျော်ရွင်ရွင် စိုက်ကြပျိုးကြစို့လား။

ထွန်းဝင်းကျော်

Source; https://www.wikihow.com/Improve-Your-Health-by-Gardening

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....