ရင်ပြည့်ရင်ကယ်မဖြစ်အောင် ဘယ်လိုနေရမလဲ
- အဆီများလွန်းတဲ့အစာ၊ ဆားပါဝင်မှုများတဲ့အစာ၊ ပူစပ်လွန်းတဲ့အစာ၊ အစာခြေရခက်တဲ့ မာလွန်းတဲ့အစာတွေကို မစားသင့်ပါ။
- အစာစားရင် အလျင်စလိုမစားဘဲ ဖြည်းဖြည်းချင်းစားပါ။
- ကိုယ်လက်လှုပ်ရှားမှု နေ့စဥ်ပုံမှန်လုပ်ပေးပါ။
- ကော်ဖီ၊ အရက်နဲ့ ဂက်စ်ပါတဲ့အချိုရည်များကို လျှော့ချသောက်သုံးပါ။
- စိတ်ဖိစီးမှုမဖြစ်အောင် နေထိုင်ပါ။
- အစာစားပြီးနောက် ၃ နာရီအတွင်း လှဲလျောင်းခြင်းကို ရှောင်ကြဥ်ပါ။
ရင်ပြည့်ရင်ကယ်အတွက် ကုသရေးနည်းလမ်းများ
ရင်ပြည့်ရင်ကယ်ဖြစ်ရင် ဘာဆေးတွေသောက်ရလဲ
လူအများစုကတော့ ရင်ပြည့်ရင်ကယ်ဖြစ်ရင် အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့ အစာကြေလေနိုင်ဆေးတွေသောက်ပြီး သက်သာသွားလေ့ရှိပါတယ်။ အထက်ပါဆေးတွေဟာ ဝမ်းဗိုက်တွင်းကအက်ဆစ်ဓာတ်တွေကို ညီမျှစေပြီး လေပွခြင်းကိုသက်သာစေတဲ့အတွက် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။
အထက်ပါနည်းလမ်းတွေနဲ့ မသက်သာဘဲ အမြဲလိုလို ရင်ပြည့်ရင်ကယ်ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့စစ်ဆေးပြသပြီး မိမိရောဂါအခြေအနေနဲ့ သင့်တော်မယ့် ဆေးတွေသာ သောက်သုံးရမှာဖြစ်ပါတယ်။
မိမိကိုယ်တိုင် အိမ်မှာကုသနိုင်မယ့်နည်းလမ်းများ
ကိုယ်လက်လှုပ်ရှားပေးခြင်း
အစားစားပြီးတဲ့အခါမှာ အချိန်အကြာကြီး ဆက်ပြီးထိုင်နေရင် ရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါတယ်။ ကိုယ်လက်လှူပ်ရှားရာမှာ အပြင်းအထန်လေ့ကျင့်ခန်းတွေကို ဆိုလိုတာမဟုတ်ဘဲ လမ်းလျှောက်တာလိုမျိုး နည်းနည်းစီ လှုပ်ရှားပေးကြည့်ပါ။
ရေများများသောက်ပါ
အစာအိမ်နဲ့ အူလမ်းကြောင်းဟာ ရေဓာတ်ပြည့်ဝနေမှ အာဟာရဓာတ်တွေကို ကောင်းမွန်စွာစုပ်ယူပြီး အစာခြေဖျက်အားကောင်းစေမှာပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေရင်လည်း အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်တတ်ပါတယ်။ တစ်နေ့ကို ရေ ၂ လီတာမှ ၃ လီတာ အထိ သောက်သုံးသင့်ပါတယ်။
လှဲအိပ်ခြင်း ရှောင်ပါ
ပက်လက်အနေအထားဖြစ်နေတဲ့အခါ အစာအိမ်အက်ဆစ်တွေဟာ အစာရေမျိုပြွန်ထိ ပြန်တက်လာပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။
သံပုရာရည်သောက်ပါ
သံပုရာရည်သောက်ပေးရင် သံပုရာသီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်သဘာဝကြောင့် အစာခြေအား ကောင်းမွန်စေပြီး အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။
ရေနွေးကို အသုံးချပါ
ကြက်သီးနွေးရေနှင့် ရေချိုးပေးခြင်း (သို့) ဝမ်းဗိုက်ပေါ် ရေနွေးအိတ်လေးကပ်ပေးမယ်ဆိုရင် သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အစာကြေမြန်စေတဲ့အတွက် ရင်ပြည့်ရင်ကယ်ခြင်းကို အမြန် သက်သာစေပါလိမ့်မယ်။
မုန့်ဖုတ်ဆိုဒါ
Baking soda အနည်းငယ်ကို သံပုရာရည်ထဲမှာ ထည့်သောက်တဲ့အခါ ထွက်လာတဲ့ Carbonic Acid ဒြပ်ပေါင်းဟာ အစာမကြေ ရင်ပြည့်ရင်ကယ်လက္ခဏာတွေကို လျော့နည်းစေနိုင်ပါတယ်။
ချင်းပြုတ်ရည်
ချင်းမှာပါဝင်တဲ့ Gingerol ဒြပ်ပေါင်းဟာ ရင်ပြည့်ရင်ကယ် အစာမကြေလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ချင်းပြုတ်ရည်ထဲကို ထန်းလျက် ဒါမှမဟုတ် ပျားရည်ရောပြီး သောက်သုံးနိုင်ပါတယ်။
ပူစီနံ
ပူစီနံရွက်ကို ရေနွေးကြမ်းလုပ်သောက်လို့ရသလို ဖျော်ရည်အဖြစ်လည်း သောက်နိုင်ပါတယ်။ ပူစီနံဟာ အစာအိမ်အူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေတဲ့အစွမ်းရှိတာကြောင့် ဗိုက်အောင့်ဝေဒနာကို သက်သာစေတဲ့အပြင် လေပွခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်းတွေကိုပါ သက်သာစေပါတယ်။
Source - On Doctor
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....