အရေးကြီးတဲ့ အခြေခံအာဟာရ (၃) အုပ်စု
ကျွန်တော်တို့ Green Way ကနေ အာဟာရအကြောင်းအရာများကို အသိပညာမျှဝေပေးမဲ့ အစီ အစဉ်မှာ ပထမဦးစွာ အခြေခံအာဟာရအုပ်စု (၃)စုအကြောင်းကို ဆွေးနွေးတင်ပြပေးပါရစေ …
အကြမ်းအားဖြင့် အာဟာရဓါတ်များကို အုပ်စု (၃) စုခွဲထားတယ်ဆိုတာ အများသိထားကြပြီး ဖြစ်ပေမယ့် အဲဒီအုပ်စု (၃)စုမှာ ဘယ်အစားအစာတွေပါသလဲဆိုတာ ခွဲခြားသိဖို့ ဆိုရင်တော့ သေချာလေ့လာထားဖို့ လိုပါတယ်။ အုပ်စု (၁) ကတော့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု၊ အုပ်စု(၂) ကတော့ အင်အားဖြစ်ထွန်းစေသော အစာအုပ်စုနဲ့ အုပ်စု (၃) ကတော့ ရောဂါအမျိုးမျိုးတွေကနေ ကာကွယ်ပေးတဲ့ အစာအုပ်စုတွေပဲဖြစ်ပါတယ်။
အုပ်စု (၁) ဟာဆိုရင် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စုဖြစ်ပြီး ပရိုတင်း(ခေါ်) အသားဓါတ် ပါဝင်တဲ့ အစားအစာများဖြစ်ပါတယ်။ လူသားများရဲ့ ခန္ဓာကိုယ်ကြီးထွားရန်နှင့် ဉာဏ်ရည်ဖွံ့ ဖြိုးရန်အတွက် အရေးကြီးတဲ့ ဓာတ်တစ်ခုဖြစ်တာကြောင့် မျှတတဲ့ အဟာရကိုရရှိဖို့ ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစာအစားတွေမှာ ဒီအစားအစာတွေ တစ်မျိုးမဟုတ်တစ်မျိုး ပါဝင်နေဖို့ လိုအပ်ပါတယ်။ အသားဓာတ်ကို တိရစ္ဆာန်မှရတဲ့ အသားတွေက ရနိုင်သလို၊ ပဲအမျိုးမျိုးမှလည်း ရနိုင်ပါတယ်။
အသားဓာတ်လို့ပြောတဲ့အခါမှာ ကျွန်တော်တို့ နေ့စဉ် ဈေးမှာ ဝယ်လို့ရတဲ့ ဝက်သား၊ အမဲသား၊ ကြက်သား၊ ဘဲသား၊ ဆိတ်သား၊ ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ပုဇွန်၊ သွေးအမျိုး၊ အသည်း၊ နို့ စတဲ့အရာတွေ အားလုံးပါဝင်သလို ပဲအမျိုးမျိုးကနေလည်း အသားဓာတ်ကို ရနိုင်ပါတယ်။ ပဲအမျိုးမျိုးလို့ ပြောတဲ့အခါမှာတော့ ကျွန်တော်တို့ တောင်သူတွေ စိုက်ပျိုးကြတဲ့ ပဲအားလုံး (ပဲကြီး၊ ပဲနောက်၊ ကုလားပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ပဲလွန်း၊ ပဲထောပတ်၊ မြေပဲ . . . . . . အစရှိတဲ့ ) ပါဝင်ပါတယ်။ ဒါ့အပြင် အထက်ပါ ပဲတွေနဲ့ပြုလုပ်ထားတဲ့ မုန့်ပဲသွားရေစာတွေနဲ့ ပဲပြား၊ တို့ဟူး စသည်အရာတွေ အားလုံးပါဝင်ပါတယ်။ နို့နှင့် နို့ထွက် အစားအစာတွေကနေ အရိုးတွေကို ကျန်းမာ၊ ကြံ့ခိုင်စေတဲ့ ထုံးဓာတ် (ခေါ်) ကယ်လ်စီယမ်ဓာတ်တွေလည်း ပေါများစွာ ရရှိစေနိုင်ပါတယ်။
အုပ်စု (၂) အနေနဲ့ဆိုရင်တော့ အင်အားဖြစ်ထွန်းစေသော အစာအုပ်စုဖြစ်ပြီး ကာဗွန်ဟိုက်ဒြိတ်ဓါတ် (သို့မဟုတ်) ကစီဓါတ်ပါဝင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ အဲဒီဓာတ်ဟာ လူသားတွေရဲ့ လှုပ်ရှားသွားလာရာမှာလိုအပ်တဲ့ စွမ်းအင်ကို ပေးနေတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစာအစားတွေမှာ ဒီအစားအစာ တွေဟာလည်း တစ်မျိုးမဟုတ်တစ်မျိုး ပါဝင်ဖို့လိုအပ်ပါတယ်။ အဲဒီဓာတ်ကို ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ထမင်းအပြင် ဆန်မှုန့်၊ ပြောင်းမှုန့်၊ ကောက်ညှင်းမှုန့်၊ ဂျုံမှုန့်တို့နှင့် ပြုလုပ်ထားတဲ့ အစားအစားတွေ၊ မုန့်တွေအပြင် ပေါင်မုန့်၊ ဘီစကွတ်၊ နံပြား စတာတွေကနေလည်း ရနိုင်ပါတယ်။ ဒါအပြင် ဆီ၊ ထောပတ်၊ ခေါက်ဆွဲ၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပြောင် းဖူး၊ ထန်းလျက်ခဲ၊ ကြံသကာ၊ သကြား စတဲ့ အစားအစာတွေကနေလည်း ရနိုင်ပါတယ်။
အုပ်စု (၃) ကတော့ ရောဂါအမျိုးမျိုးတွေကနေ ကာကွယ်ပေးတဲ့ အစာအုပ်စု ဖြစ်ပါတယ်။ လူတွေကို ရောဂါဘယတွေ မကျရောက်စေဖို့နဲ့ ကိုယ်ခံစွမ်းအားကောင်းနေစေဖို့အတွက် လိုအပ်တဲ့ဓါတ်ကတော့ ဗီတာမင်နှင့် သတ္တုဓါတ်ပဲ ဖြစ်ပါတယ်။ အဲဒီဓါတ်ပါဝင်တဲ့ အစားအစာတွေကတော့ ဟင်းသီးဟင်း ရွက်မျိုးစုံနဲ့ အသီးအနှံမျိုးစုံပဲ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေဟာ ရောဂါကာကွယ်နိုင်စွမ်းရှိသလို ကူးစက်တတ်တဲ့ ရောဂါတွေရဲ့ အန္တရာယ်ကနေလည်း ကာကွယ်နိုင်စွမ်း ရှိတာဖြစ်ပါတယ်။ အရိုးတွေကို ကျန်းမာ၊ ကြံ့ခိုင်စေတဲ့ ထုံးဓာတ် (ခေါ်) ကယ်လ်စီယမ်ဓာတ်တွေဟာ ဟင်းသီးဟင်းရွက်တွေမှာလည်း များများစားစား ကြွယ်ဝစွာ ပါဝင်နေပါတယ်။
ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ထုတ်ပြန်သော စာရင်းဇယားများအရ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အစားအစာလုံ လောက်မှုမရှိခြင်း၊ နို့တိုက်ကျွေးခြင်းနဲ့ မှန်ကန်စွာ အစားအစာကျွေးသော အလေ့အထအားနည်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မူ လက်လှမ်းမမီခြင်း စသောအကြောင်းအရာများကြောင့် နာတာရှည် အဟာရချို့တဲ့သော အသက်(၅)နှစ်အောက်ကလေး အရေ အတွက်မှာ ၃၀% ခန့် ရှိကြောင်းသိရပါသည်။
ဒါကြောင့် အာဟာရမျှတစေဖို့အတွက် ကျွန်တော်တို့ နေ့စဉ် အစာစားသုံးရာမှာ အထက်ပါအစာအုပ်စု (၃) ခုလုံး ပါဝင်အောင် စားသုံးဖို့ လိုအပ်သလို ကျွန်တော်တို့ရဲ့ အနာဂတ်လေးများဖြစ်ကြတဲ့ ကလေးငယ်တွေကိုလည်း အဟာရပြည့်ဝ ကျန်းမာသော ကလေးငယ်များဖြစ်စေရန် အထက်ပါအစာအုပ်စု (၃)စုလုံး မျှတစွာပါဝင်အောင် ကျွေးပေးဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းကို ဤဆောင်းပါးဖြင့် အသိ ပညာပေး တိုက်တွန်းလိုက်ပါသည် ခင်ဗျာ ……
ရဲထွန်းနောင်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....