ပန်းသီးရှာလကာရည်သောက်ချင်ရင် သိထားသင့်တဲ့ အချက် (၆)ချက်
အကျိုးကျေးဇူးများတယ်ဆိုပြီး ပန်းသီးရှာလကာရည် က အတော်လေးခေတ်စားသွားသေးပါတယ်။ အဆီလည်းကျတယ်၊ နှလုံးအတွက်ကောင်းတယ်၊ အသားလှတယ်၊ အဆိပ်အတောက်သန့်စင်ပေးတယ် စတဲ့အစွမ်းအာနိသင်တွေရှိတယ်။ ဒါ့ကြောင့် ရတဲ့နေရာက အပြေးအလွှားသွားဝယ်ပြီး နေ့တိုင်းသောက်ကြတာမျိုးတွေရှိလာပါတယ်။
ပန်းသီးရှာလကာရည် မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေများတာ မှန်ပါတယ်။ ဒါပေမယ့် “ဆရာ မပြ နည်းမကျ” ဆိုသလို အသုံးပြုတဲ့နည်းလမ်းမှန်ကန်မှ ဒီအစွမ်းတွေကိုရရှိနိုင်မှာပါ။ နည်းလမ်းမှားခဲ့ရင်တော့ ကျန်းမာရေးအကျိုးကျေးဇူးတွေမရမယ့်အပြင် အန္တရာယ်ပါဖြစ်စေနိုင်တာ သတိထားသင့်တဲ့အချက်ပါ။
သူက အဆီကျစေနိုင်တယ်၊ နှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတဲ့အချက်နဲ့ မြန်မြန်ပိန်ချင်သူတွေက ရေတောင်မရောဘဲ နေ့တိုင်းသောက်ချနေကြတာ ကြောက်စရာပါ။ ဒီလိုသောက်မယ်ဆို ပန်းသီးရှာလကာရည်မှာပါတဲ့ အက်စစ်ကြောင့် အစာရေမျိုနဲ့ အစာအိမ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် သူနဲ့ပတ်သက်ပြီး သိထားသင့်တာက ပမာဏမလွန်ကဲစေဘဲ ရေရောသောက်ရမှာဖြစ်တယ်။ ချက်ချင်းအဆီကျပြီး ပိန်မှာမဟုတ်ဘူး။ အကျိုးကျေးဇူးတွေကို ဖြည်းဖြည်းချင်းပဲ ရနိုင်မယ်ဆိုတာပါပဲ။ ပန်းသီးရှာလကာရည် ရဲ့ ကျန်းမာရေးအာနိသင်တွေကို ရချင်တယ်ဆို သတိထားသင့်တဲ့အချက်လေးတွေကို ဆက်ပြီးဖတ်ကြည့်ပါဦး။
ပန်းသီးရှာလကာရည် သောက်ရင် သတိထားသင့်တဲ့အချက် (၆) ချက်
(၁) အစာစားပြီးတာနဲ့ သောက်လိုက်တယ်
အစာကြေတယ်၊ အဆီတွေ ချေဖျက်တယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ပန်းသီးရှာလကာရည်ကို အစာမရှိချိန်မှာ သောက်တာ သူ့ရဲ့အစွမ်းအာနိသင်တွေကို ပိုရနိုင်တဲ့နည်းအမှန်ပါ။ ရေတော့ရောရမှာပေါ့နော်။ အစာစားပြီးမှ သောက်မယ်ဆို ကိုယ့်စားလိုက်တဲ့ထဲမှာ သူ့အာနိသင်ကို အားလျော့စေတဲ့ အစားအစာတွေပါတယ်ဆိုရင် မထူးတော့ဘူးလေ။ ကျွမ်းကျင်သူတွေကတော့ သူ့ကိုသောက်ပြီး မိနစ် ၂၀လောက်နေမှ အစားစားသင့်တယ်လို့ အကြံပြုထားပါတယ်။
(၂) အငွေ့ရှူတယ်
နှာစေးနှာပိတ် သက်သာတယ်၊ ခေါင်းကိုက်သက်သာတယ်ဆိုပြီး ပန်းသီးရှာလကာရည်ပါတဲ့ ရေနွေးငွေ့နဲ့ ရှူသွင်းတာက ကောင်းတဲ့နည်းလမ်းမဟုတ်ပါဘူး။ ပန်းသီးရှာလကာရည်က အစာခြေစနစ်နဲ့ နှလုံးကျန်းမာရေးအတွက် ကောင်းတယ်ဆိုလည်း အဆုတ်အတွက်တော့ လုံးဝမကောင်းပါဘူး။ ရိုးရိုးရေငွေ့နဲ့တောင် အဆင်မပြေတာ အက်စစ်ပါတဲ့ ဒီရေငွေ့ဆို ပိုထိခိုက်နိုင်ပါတယ်။
(၃) တစ်ကျိုက်တည်းသောက်ချပါ
ရေတွေ ရောထားတယ်ပဲဆိုဆို သူ့မှာ အက်စစ်ဓာတ်က အများကြီးပါနေတုန်းပဲလေ။ ဒါ့ကြောင့် သွားကြွေလွှာကို မပျက်စီးစေဖို့ ပိုက်နဲ့စုပ်တာ၊ နည်းနည်းချင်းသောက်တာတွေမဟုတ်ဘဲဖျော်စပ်ပြီးသားအရည်ကို တစ်ကျိုက်တည်း သောက်ချတာ ကောင်းပါတယ်။ သူ့ကို သောက်တဲ့အချိန်နဲ့ သွားတိုက်တဲ့အချိန်ကိုလည်း အနည်းဆုံး မိနစ် ၃၀လောက်ခွာဖို့ အကြံပြုထားပါတယ်။
(၄) စသောက်ကာစမှာ အများကြီးထည့်သောက်တယ်
စပြီးသောက်တဲ့ကာလမှာ နည်းနည်းပဲသောက်ပြီး ကျင့်ယူပါ။ နောက်မှ တိုးတိုးပြီးသောက်ပါ။ ဥပမာ စသောက်ချိန် ဘာမှမဖြစ်ဘူးဆိုရင်တောင် တစ်ခါသောက်ရင် ရေတစ်ဖန်ခွက်မှာ ထည့်ဖျော်တာ လက်ဖက်ရည်ဇွန်းလေး၂ ဇွန်းထက်မကျော်ပါနဲ့။ အကျင့်ရပြီး ဗိုက်ထဲပူတာ၊ လောင်တာမဖြစ်ဘူးဆိုမှ တိုးပြီးသောက်ပါ။ စစချင်းမှာ များများထည့်မိရင် အစာလမ်းကြောင်းမှာ ပူလောင်ပြီး ဗိုက်အောင့်တတ်ပါတယ်။
(၅) အိပ်ရာမဝင်ခင် သောက်တယ်
မစားခင်သောက်တာတော့ ဟုတ်နေပေမယ့် မအိပ်ခင်သောက်တာ မလုပ်သင့်ပါဘူး။ သောက်ပြီး ချက်ချင်းတန်းအိပ်တာက အစာရေမျိုအတွက် မကောင်းတဲ့အကျိုးဆက်တွေဖြစ်လာစေနိုင်တယ်။ ရေရောထားတယ်ဆိုတာတောင် လှဲအိပ်လိုက်တဲ့အခါ အက်စစ်နဲ့ထိတွေ့မိတဲ့ အစာရေမျိုမှာ ထိခိုက်စေနိုင်ပါတယ်။ ဘယ်အချိန်မှာပဲသောက်သောက် သူ့ကိုသောက်ပြီး မိနစ် ၃၀ အတွင်း လှဲမအိပ်ရပါဘူး။
(၆) အစာအိမ်ရောဂါပိုးရှိနေရင် သောက်တယ်
Helicobacter pylori ဘက်တီးရီးယားရှိနေတဲ့အချိန်မှာ ပန်းသီးရှာလကာရည် ကို သောက်ရင် မသက်သာဘဲ ပိုဆိုးစေနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့် အစာအိမ်အနာဖြစ်စေရတဲ့အထဲ ပန်းသီးရှာလကာရည်ရဲ့အက်စစ်ကြောင့် ပိုဆိုးစေတာပါ။ အစာအိမ်ပြဿနာရှိနေရင် မသောက်ပါနဲ့။
ပြောကြတဲ့အတိုင်း တကယ်လည်းအကျိုးကျေးဇူးများတဲ့ ပန်းသီးရှာလကာရည်က အသားအရေနဲ့ ဆံသားကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေရှိနေတာပါ။ ဒါပေမယ့် သူ့ကိုသောက်သုံးတာပဲဖြစ်ဖြစ်၊ ဆံသားအတွက် ဦးရေပြားမှာသုံးတာပဲဖြစ်ဖြစ် အချိုးအဆမှန်ကန်စွာနဲ့ ရေရောဖြစ်အောင်ရောပါ။ တန်သလောက်ထက် ပိုများရင် ထိခိုက်မှုရှိစေနိုင်တဲ့ ဆေးဖက်ဝင်ပစ္စည်းဖြစ်နေလို့ ဒီအချက်လေးတွေနဲ့ သတိချပ်နိုင်ကြပါစေလို့ အကြံပြုလိုက်ပါတယ်။
Hello ဆရာဝန် ဝက်ဆိုဒ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026