ကိုယ်အလေးချိန်ထိန်းပေးပြီး နုပျိုလှပစေမယ့် ပင်မှည့်သီး
နွေရာသီရောက်ခါနီးပြီဆိုတော့ ချိုချိုချဉ်ချဉ်အရသာရှိတဲ့ ပင်မှည့်သီးဖျော်ရည်လေးတွေကို တောင့်တရ မယ့်အချိန် ရောက်လာတော့မှာပါ..။
ပင်မှည့်သီးကို ဒီအတိုင်းလည်းစားကြသလို အများအားဖြင့်တော့ ဖျော်ရည်ဖျော်သောက်လေ့ ရှိကြ ပါတယ်။ သူ့အရသာက ချိုချိုချဉ်ချဉ်မွှေးမွှေးလေးနဲ့မို့ ခံတွင်းရှင်းပြီး အမောပြေစေတာ အမှန်ပါ။
ပင်မှည့်သီးတစ်ခွက်မှာ အဆီ ၁.၆ ဂရမ်၊ ပရိုတင်း ၅.၂ ဂရမ်၊ ကာဗိုဟိုက်ဒြိတ် ၅၅ ဂရမ်၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ပိုတက်စီယမ်၊ သံဓာတ်နဲ့ အမျှင်ဓာတ် အများအပြား ပါဝင်ကြပါတယ်။
ဆိုတော့ ပင်မှည့်သီးပင်ရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို လေ့လာကြည့်ကြရအောင်.....
၁။ သွေးတိုးကျစေပါတယ်
ပင်မှည့်သီး ဖျော်ရည်၊ အဓိကအားဖြင့် ပင်မှည့်ရွက်မှာ အယ်လ်ကာလွိုက်(Alkaloid)တွေ ပါဝင်ပြီး သွေးတိုးကျတာအပြင် စိတ်ငြိမ်သက်တာ၊ ကြွက်တက်မှု လျော့ကျတာ စတဲ့ အာနိသင်တွေ ရှိပါ တယ်။ ဒါကြောင့် ပင်မှည့်ရွက်ကို တိုင်းပြည်အများစုမှာ ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။
၂။ စိတ်တည်ငြိမ်စေတယ်
ပင်မှည့်ပင်က ပွင့်တဲ့ပန်းဟာ စိတ်ငြိမ်စေတဲ့ အာနိသင် အနည်းငယ်ရှိပြီး အိပ်မောကျစေပါတယ်။ ပင်မှည့်ပန်းဟာ နာ့ဗ်ကြော အလုပ်လုပ်လွန်တဲ့ ရောဂါကုသမှုမှာ အသုံးဝင်ပြီး အလွယ်တကူ စိတ်လှုပ်ရှားလွယ်တဲ့ ကလေးတွေကို ကုသရာမှာ သုံးလေ့ ရှိပါတယ်။ဒါ့အပြင် အစာအိမ်အူလမ်းကြောင်း ဝေဒနာနဲ့ သွေးဆုံးဝေဒနာတွေကို ကုသရာမှာ အသုံးဝင်သလို စိတ်အာရုံ ခြောက်ခြားမှုကိုလည်း အတန်အသင့် သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။
၃။ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်
ပင်မှည့်သီး အဝါရောင်က ထုတ်ထားတဲ့ အနှစ်ဟာ ကင်ဆာ ဆဲလ်တွေကို သေစေ နိုင်တယ်လို့ ဖလော်ရီဒါတက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ ပင်မှည့်သီးမှာ ပါတဲ့ ဖိုင်တိုကမ်မီကယ်လ် တွေက ကာရိုတီးနွိုက်နဲ့ ပိုလီဖီနောတို့ ဖြစ်ကြပြီး ကင်ဆာဆန့်ကျင်တဲ့ အာနိသင်တွေရှိကြပါတယ်။
၄။ပန်းနာရင်ကျပ်ရောဂါကို သက်သာစေတယ်
ပညာရှင်များ၏ သုတေသနပြုချက်အရ ခရမ်းရောင်ပင်မှည့်သီးအနှစ်ကို စားပေးတာဟာ ပန်းနာ ရင်ကျပ် လက္ခဏာတွေကို လျော့ကျစေတယ်လို့ သိရပါတယ်။ခရမ်းရောင်ပင်မှည့်သီး အနှစ်ကိုစားတဲ့ ပန်းနာရင်ကျပ်လူနာ ၄၂ ဦးကို လေ့လာခဲ့ရာ ချွဲသလိပ်သံနဲ့ အသက်ရှူရာနှုန်း ၇၅ ရာခိုင်နှုန်း လျော့ကျ ခဲ့တာကို တွေ့ရပါတယ်။
၅။ နှလုံးရောဂါကို ကာကွယ်ပေးတယ်
ပင်မှည့်သီးမှာပါတဲ့ အင်တီအောက်ဆီးဒင့်(Antioxidants) ဟာ ကျွန်မတို့ရဲ့ခန္ဓာကိုယ်ကို နှလုံး ရောဂါနဲ့ ကင်ဆာတို့မှ ကာကွယ်ပေးနိုင်ပါတယ်။
၆။ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေတယ်
ပင်မှည့်သီးမှာပါဝင်တဲ့ ဗီတာမင်စီက ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ထိခိုက်ဒဏ်ရာ တွေ ရခဲ့ရင် အနာကျက်နှုန်း ကောင်းအောင် ကူညီနိုင်ပါတယ်။
၇။ အမြင်အာရုံကို ကောင်းမွန်စေတယ်
ပင်မှည့်သီးမှာပါတဲ့ ဗီတာမင်အေဟာ ကူးစက်ပိုးတွေကို တွန်းလှန်နိုင်သလို အမြင်အာရုံကိုလည်း ကောင်းစေပါတယ်။ ဒါ့အပြင် ကင်ဆာနဲ့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၈။ အဆစ်ရောင်ဝေဒနာကို သက်သာစေတယ်
ပင်မှည့်သီးမှာပါတဲ့ ပိုတက်စီယမ်က ကိုယ်တွင်း အရည်စနစ်ကို မျှတအောင် ထိန်းပေးနိုင်တဲ့ ဓာတ်ဆားတစ်မျိုးဖြစ်ပြီးတော့ တစ်နေ့တာလိုအပ်တဲ့ ပမာဏရရှိတဲ့အတွက် သွေးတိုးကျစေပြီး ကြွက်သားတွေကို စွမ်းအင်တိုးစေကာ အဆစ်ရောင်ဝေဒနာကို သက်သာစေပါတယ်။
၉။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်
ပင်မှည့်သီးမှာပါတဲ့ သံဓာတ်ဟာ စွမ်းအင်အဆင့်ကို တိုးစေပြီး ကောင်းကောင်းအိပ်မောကျစေ ကာ ကိုယ်ခံစွမ်းအား စနစ်ကို တိုးတက် စေပါတယ်။ ဒါ့အပြင် သွေးထဲကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းမွန် စေပါတယ်။
၁၀။ဝမ်းမချုပ်အောင် ကာကွယ်ပေးတယ်
ပင်မှည့်သီးမှာ ပါတဲ့ အမျှင်ဓာတ်ဟာ ဝမ်းမချုပ်အောင် ကာကွယ်ပေးပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောနဲ့ သွေးတွင်းအဆီပိုတွေကို လျော့ကျစေပါတယ်။
၁၁။ သက်လုံကောင်းစေတယ်
ပင်မှည့်သီးမှာ ကာဗိုဟိုက်ဒြိတ်နဲ့ ရိုးရိုး သကြားဓာတ်ပါဝင်မှုမြင့်မားတာကြောင့် အားကစား သမားတွေတွေကို သက်လုံကောင်းစေဖို့ ကူညီပေးတာတွေ့ရပါတယ်။
ပင်မှည့်သီး ဖျော်ရည်ကို ပုံမှန်သောက်ပေးရင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပြီး မျက်နှာလေးကို နုပျိုလှပစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပင်မှည့်သီးအစေ့မှာ အမျှင်ဓာတ်များစွာ ပါဝင်တာ ကြောင့် အိပ်ရာမဝင်ခင် ပင်မှည့်သီးဖျော်ရည်သောက်ပေးရင် နှစ်ခြိုက်စွာပါ အိပ်မောကျစေနိုင်ပါတယ်။
ကဲ ဒါဆို .. နွေရာသီကျရင် ပင်မှည့်သီးဖျော်ရည်လေးသောက်ပြီး အမောအပန်းပြေနိုင်ကြပါစေနော်။
ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)
မှီငြမ်း-ကျန်းမာရေးဂျာနယ်များ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Myo Min Lwin
လွန်ခဲ့သော ၄ နှစ် ကပင်မှည့်သီးလား သလဲသီးလား
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026