"ဇရစ်နှင့်ကျန်းမာရေးအကျိူးကျေးဇူးများ"
ကျေးလက်ဒေသများတွင် နှစ် ခြိုက် ကြသည့်ဟင်းလျာများတွင် ဇရစ်သည်လည်းပါဝင်ပါသည်။ ဇရစ်မှာ ခံတွင်း မြိန်ရုံသာမက ဆေးဖက်ဝင်သောအပင်လည်းဖြစ်သည်။ ဇရစ်ပင်သည် ဆူးရှိသောအပင်ငယ်တစ်မျိူးဖြစ်ပါသည်။ မိုးရာသီတွင်ပေါပေါများများ တွေ့ရတတ်သည်။
မြန်မာ့တိုင်းရင်းဆေးကျမ်းအရ ဇရစ်သည် ချိူ ၊အေး၊ ဖန် ၊ ချွဲ အရသာရှိသည်။ လည်ပင်းနာ၊ မြင်းသရိုက်နာရောဂါများကို ပျောက်ကင်းစေသည်။ ဇရစ်ကို ကြော်စား ၊ချက်စား၊ ပြုတ်တို့စား၊အချဉ်ဟင်းချက်စား၊သနပ်လုပ်စားကြပါသည်။
ဇရစ်ကို ငါးနဲ့ချက်စားကြသလို သီးနှံ မျိူးစုံနှင့်လည်း တွဲချက်ကြပါသည်။ ဇရစ်ကို မန်းကျည်းရွက်၊ ကင်မွန်းချဉ်ရွက်၊ ပတက်စာ၊ ငှက်ပျောဖူး၊ ခရမ်းသီးအသေး၊ မုန်လာဥဖြူ ၊ ဗူးသီးနုနု စသည်တို့နှင့်လည်းတွဲဖက်ချက်စားကြပါသည်။
ငါးနှင့်ချက်စား၍လည်း စားကောင်းသလိုပုစွန်ဆိတ်၊ ဘော့ချိတ်လေးခပ်ပြီး ချက်ပါကလည်း မွှေးမွှေးလေးနဲ့ အရသာရှိလှပါသည်။ မိုးရာသီနှင့်အလွန်လိုက်ဖက်သော ဟင်းလျာများဖြစ်ကြပါသည်။
ဇရစ်ဟင်း ဆေးဖက်ဝင်ပုံ
၁။ ဇရစ်ရွက် နှင့် ငါးကြင်းသား- ချက်စားပေးပါက မြင်းသရိုက်ရောဂါ၊ ဦးခေါင်းနှင့်ပတ်သက်သည့်ရောဂါ၊ လည်ဂုတ်ရောဂါ၊ စောင်းရွဲ့သော လေရောဂါတို့ကို ဆေးဝါးဓာတ်စာအဖြစ် အသုံးပြုနိုင်သည်။ထို့ပြင် လေသင်တုန်းဖြတ်ခြင်းနှင့် လည်ချောင်းတစ်ဆို့သောရောဂါများကိုလည်း သက်သာစေနိုင်ကြောင်းသိရပါသည်။
၂။ ဇရစ်နှင့်ငါးမြင်းရင်းသား -ချက်စားပေးပါက ချွဲ၊ သလိပ်ထသောရောဂါ၊ ပန်းနာရောဂါတို့ကိုသက်သာစေကာ အိပ်မပျော်သူကို အိပ်ပျော်စေနိုင်ပါသည်။
၃။ ဇရစ်နှင့် ပုစွန်ခြောက်သုပ် - ထို အသုပ်ကိုစားပေးခြင်းအားဖြင့် လည်ချောင်းနာဝေဒနာကို သက်သာစေပါသည်။
ထို့ပြင် ဇရစ်ပင်၏ အရွက်နှင့်ရိုးတံကို အမျိူးမျိူးအဖုံဖုံ နှုတ်မြိန်စေရန် နေရာဒေသအလိုက် အခြားသော ဟင်းသီးဟင်းရွက် ၊အသား၊ငါး၊ ပုစွန်တို့ဖြင့်ရောနှော၍လည်း ချက်ပြုတ်စားကြပါသည်။
တိုင်းရင်းဆေးပြုလုပ်ရာတွင်လည်း အသုံးဝင်သည့် ဇရစ်ပင်
၁။ ဇရစ်မြစ် (၅)ကျပ်သား၊ ကုန်းထိကရုန်း(၅)ကျပ်သားစီကို အမှုန့် ပြုလုပ်ပြီး ပုလင်းဖြင့်ထည့်ထားပါ။ နေ့စဉ်ဆိတ်နို့စစ်စစ် (၁)ခွက်ဖြင့်ဆေးမှုန့် လက်ဖက်စားဇွန်း (၁)ဇွန်း ထည့်ပြီးသောက်ပေးပါက အမျိူးသားများ အင်အားကုန်ခမ်းသောဝေဒနာကို ကောင်းမွန်စေသည်ဟု ဆိုကြပါသည်။
၂။ ထိုဆေးမှုန့်ကိုပဲ နှမ်းဆီစစ်စစ်ဖြင့်ဖျော်ပြီး ကိုယ်ခန္ဓာယားယံခြင်း၊ ဝဲနာရောဂါ၊ ဝဲစိုရောဂါ၊ဝဲခြောက်ရောဂါများကိုလည်း လိမ်းပေးနိုင်ပါသည်။
၃။ ဇရစ်ဖူးရဲ့နုတဲ့အစိတ်အပိုင်းလေးတွေကို ဓားပြားနဲ့ရိုက်၊ အနေတော်လှီးဖြတ်ပြီးဆားနဲ့ အနည်းငယ် နယ်ပေးပါ။ ခဏထားပြီးလျှင် ရေနဲ့ဆေးပြီး ရေညှစ်ပါ။ ကြက်သွန်နီ (သို့) အဖြူကို ပုစွန်အစို (သို့) ပုစွန်အခြောက်နဲ့ရော၍ဆီသတ်ပြီး ဇရစ်ဖူးကိုထည့်၍ ကြော်ပါ။ ထိုဇရစ်ဖူးကြော်ချက်ကို ထမင်းနဲ့ အရံဟင်းအနေဖြင့် နေ့စဉ်(သို့) တပတ် (၄)ကြိမ်ခန့်စားပေးပါက လစဉ်ခံစားနေရတဲ့ အမျိူးသမီးရောဂါများ ပျောက်ကင်းစေကြောင်း မှတ်ရဖူးပါသည်။ ဇရစ်ဖူးကို မန်းကျည်းသီးမှည့်နဲ့ပြုတ်ပြီး တို့စရာ အနေနှင့်လည်း စားပေးနိုင်ပါသည်။
ကျေးလက်ဒေသတွင် လူကြိုက်များသည့် ပုစွန် ချဉ်ပေါင် ဇရစ်ရိုးဟင်း
ပုစွန်၊ချဉ်ပေါင်၊ ဇရစ်ရိုး ဟင်းချက်ပြုတ်ရာတွင် ပုစွန်၊ချဉ်ပေါင်၊ ဇရစ်ရိုး၊ပုစွန်ခြောက်၊ခရမ်းချဉ်သီး၊ ကြက်သွန်နီ ၊နနွင်းမှုန့်၊ ငရုတ်သီးစိမ်း၊ ဆား၊ ရေတို့လိုအပ်ပါသည်။
ပြုလုပ်နည်းမှာ
၁။ ပုစွန်များကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။ ရေစစ်ထားသောပုစွန်များကို ဆား၊ နနွင်းမှုန့် တို့ဖြင့် နယ်ထားပါ။
၂။ ဒယ်အိုး ကိုမီးဖို ပေါ်တင်ပြီး အိုးပူလာပါက ရေစစ်ထားသည့် ပုစွန်များကို ထည့်၍လှော်ပါ။
၃။ ပြီးနောက် ပုစွန်ခြောက်၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ချိူး၍အိုးထဲထည့်ပြီး ရေကိုမြုပ်ရုံထည့်ပါ။
၄။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ နွမ်းသွားလျှင် ခြွေထားသည့် ဇရစ်ရိုး နှင့်ချဉ်ပေါင်ကိုထည့်ပြီး ရေမြုပ်ရုံထည့်ရပါမည်။
၅။ အားလုံးနူး၍ ရေစပ်စပ်သာကျန်ပါက အပေါ့အငန်မြည်း၍ အနေတော်ဖြစ်လျှင် မီးဖိုပေါ်မှချ၍ အရသာရှိဖွယ် ပုစွန် ချဉ်ပေါင် ဇရစ်ရိုးဟင်းကို သုံးဆောင်နိုင်ပါပြီ။
အောက်ပြည်သားတို့အကြိုက် ဇရစ်ရိုး ချဉ်ငံစပ်မွန်ဟင်း
(မရမ်းပြားဟင်း)
ဇရစ်ရိုးမွန်ဟင်း ချက်ရာတွင် ဇရစ်၊ ငါး (သို့)ပုစွန်တမျိူးမျိူး ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ မျှင်ငါးပိ၊ နနွင်း ၊ဆားအနည်းငယ်၊ ဆီအနည်းငယ်နှင့် မွန်ဟင်း၏ အဓိကအသက် မရမ်းပြား တို့လိုအပ်ပါသည်။
ချက်ပြုတ်နည်းမှာ
၁။ ဇရစ် ရိုးနုနုကို လက်တဆစ်လောက်လေးတွေ ခြွေပြီးဆားနှင့်နယ်ကာ ခဏထားပြီးပါက ရေဆေးရပါမည်။
၂။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ဂျင်း၊ ငရုတ်သီးစိမ်းတို့ကို ရောပြီးထောင်းထားရပါမည်။
၃။ ငါး(သို့)ပုစွန်ကို ဆား၊နနွင်း နယ်ထားရပါမည်။
၄။ ပြီးနောက် မီးဖိုပေါ်သို့ ဒယ်အိုးတင်ပြီးဆီအနည်းငယ် ထည့်ကာ ဇရစ်ရိုး၊ ကြက်သွန်ငရုတ်သီးစိမ်းအရောထောင်း၊ မျှင်ငပိ၊ ငါး (သို့)ပုစွန် တို့ကိုထည့်ပြီး ရေစပ်စပ်ဆူပွက်လာသည်အထိ တည်ရပါမည်။ ဟင်းရည်ဆူပွက်လာပါက မွန်ဟင်း၏အဓိကအသက် မရမ်းပြားကို အရည်ဖျော်၍ ထည့်ပြီး အပေါ့အငန် နှင့် ရေကိုလိုသလိုထည့်ပြီး(၂)မိနစ်ခန့်ကြာပါက မီးဖိုပေါ်ကချပြီး သုံးဆောင်နိုင်ပါပြီ။
ထိုအခါမှာတော့ မိုးရာသီကာလနှင့် အင်မတန်လိုက်ဖက်တဲ့ " ဇရစ်ရိုးချဉ်၊ငန်၊စပ် မွန်ဟင်းရည်"ကို အရသာရှိဖွယ်သုံးဆောင်နိုင်ပါပြီ။
ပင်လယ်ပြာ(ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နှင်းဖြူဖြူ
လွန်ခဲ့သော ၅ နှစ် ကသဘာဝ အလေ့ကျပေါက်တာပါ
U Tin Htut Oo
လွန်ခဲ့သော ၅ နှစ် ကဇရစ်ကိုစိုက်ခင်းစံနစ်ဖြင့်စိုက်နေပြီလား? သဘာဝအလေ့ကျပင်များမှခူးနေတာလား?
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026