ကင်ဆာဖြစ်စေနိုင်တဲ့ အစားအသောက် (၁၀)မျိုး
အစားအသောက်သရဲလေးတွေပဲဖြစ်ဖြစ်၊ နေရင်းထိုင်းရင်း စားမိတာဖြစ်ဖြစ် ရောဂါတွေက ဝင်လာနိုင်ပါတယ်နော်။ ခုက ကင်ဆာဆိုတာကလည်း ခေတ်ထနေတာပဲ။ ကင်ဆာပေါင်း သောင်းခြောက်ထောင်ကြား ဘာတွေစားကြမလဲဆိုတာ အောက်မှာကြည့်။ စားကြဖို့တော့မဟုတ်ပါဘူး ရှောင်ကြဖို့ဖြစ်ပါတယ်။
(၁) မိုက်ခရိုဝေ့မီးဖိုနဲ့ လုပ်ထားတဲ့ ပေါက်ပေါက်
ရုပ်ရှင်လေးကြည့်မယ်ဆို ပေါက်ပေါက်လေးကပါလိုက်မှဆိုတဲ့ မောင်မင်းလူကလေးတွေက ကင်ဆာဖြစ်နိုင်ချေတွေ ဖြစ်နိုင်ပါတယ်နော်။ အဲ့လိုပြောလို့ ပေါက်ပေါက်ဆုပ်တိုင်းတော့မဟုတ်ပါဘူး။ ပေါက်ပေါက်ဆုပ်မဖြစ်ခင်လေးမှာ အဲ့ပေါက်ပေါက်ကို မိုက်ခရိုဝေ့ထဲ ထည့်ပြီး အလူမီနီယမ်လေးနဲ့ ပိတ်၊ အပူပေးတဲ့အချိန်မှာထွက်တဲ့ ဓာတုပစ္စည်းတွေက အဓိက ကင်ဆာဖြစ်စေနိုင်တာပါ။ အဲ့ဓာတ်တွေက ပွလာတဲ့ပေါက်ပေါက်ဆုပ်ထဲကို ဝင်သွားတယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ အစားအစာဖြစ်နေပါပြီနော်။ အဲ့တော့ ကိုယ့်ဘာသာ ဒယ်အိုးသုံးကြပါ။ ထုပ်ပိုးပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ ထွက်တဲ့ ဓာတုပစ္စည်းတွေရှိနေလို့ ပိတ်သိမ်းခဲ့တာ (၁၀)နှစ်ကျော်လောက်ရှိနေပါပြီ။ ဒါပေမဲ့ လက်ကျန်တွေကတော့ ရှိနေသေးတာပဲ။ အဲ့လက်ကျန်တွေကနေပြီးတော့ ကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။
(၂) စည်သွပ်ထားတဲ့ အစားအစာတွေ
ငါးသေတ္တာပဲ မဟုတ်ဘူးနော်။ စည်သွပ် ပဲတွေ၊ အသီးတွေ အကုန်လုံးပါပါတယ်။ အကုန်လုံး ဘေးကင်းလုံခြုံစိတ်ချရတယ်ဆိုတာ မဟုတ်ပါဘူး။ သူကနေ ရင်သားနဲ့ ပရောစတိတ်ကင်ဆာတွေကို ဖြစ်တတ်ပါတယ်။
(၃) မွေးမြူရေးငါးတွေ
ငါးစားရင် ကောင်းတယ်ဆိုတာ လူတိုင်းအသိ၊ အဲ...ဒါပေမဲ့ ငါးစားလို့ ကင်ဆာဖြစ်ရမယ်ဆိုရင်ရော.. ငါတိုင်းတော့မဟုတ်ပါဘူး။ မွေးမြူရေးငါးတွေကိုစားမိရင်တော့ ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မွေးမြူရေးငါးတွေကို လူလုပ်တဲ့ အစားအစာတွေ ဓာတုပစ္စည်းတွေသုံးပြီးတော့ မွေးကြတာကြောင့်ဖြစ်ပါတယ်။ မွေးအစာတွေထဲမှာပါတဲ့ ကာစီနိုဂျင်ကို ငါးကစား၊ အဲ့ငါးကို လူတွေကစားပြီးတော့ ကင်ဆာတွေဖြစ်။ ဈေးသွားရင် မွေးမြူရေးငါးလား မြစ်ငါးလားဆိုတာကို သေချာလေးရွေးပေးပါ။
(၄) အာလူးကြော်
ဝမ်းနည်းစရာပါပဲ။ ခုဏက ပေါက်ပေါက်ဆုပ်ပါတယ်။ ခု အာလူးကြော်။ အရသာရှိသလို အန္တရာယ်လည်းရှိတဲ့ အစားအစာဖြစ်ပါတယ်။ အာလူးမှာတွေ့ရတဲ့ ကာစီနိုဂျင်အမျိုးအစား - Acrylamide ကြောင့်ပဲဖြစ်ပါတယ်။ အပူပေးပြီးကြော်လိုက်တဲ့အခါ အဲ့ဓာတ်တွေ အများကြီးထွက်လာပြီးတော့ ကင်ဆာကိုဖြစ်စေနိုင်ပါတယ်။ အရမ်းကြိုက်တယ်ဆိုရင်တော့ ဝမ်းသာစရာတစ်ချက်က ကိုယ့်ဘာသာလုပ်စားပါ။ အပူချိန်အေးအေးနဲ့ ကျက်အောင်ကြော်ရင် နည်းနည်းတော့ အချိန်ပေးရမယ်။ ဒါပေမဲ့လို့ ကင်ဆာဖြစ်ဖို့တော့ နည်းနည်း အခွင့်အရေးနည်းတာပေါ့။
(၅) ဆိုဒါ
မကြိုက်ဘူးဆိုရင်တော့ ကံကောင်းတာပေါ့။ ဆိုဒါထဲမှာ ကယ်လိုရီတွေအများကြီးပါလို့ ကျန်းမာရေးကို ထိစေပါတယ်။ အဝလွန်တာ စဖြစ်လာမှာပါ။ အဲ့ကနေမှ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမှာပါ။ ဆိုဒါထဲမှာ လူလုပ် အချို့ပစ္စည်းတွေနဲ့ တစ်ခြား ဓာတုပစ္စည်းတွေ အများကြီးပါတာကြောင့် အဲ့ကနေ တစ်ဖြည်းဖြည်း အဆီတွေစုပြီးတော့ လူက ဝလာမယ်။ ပြီးတော့ ကင်ဆာရောဂါတွေဖြစ်လာမယ်။ ဒါကြောင့် လျော့သောက်လေ ကျန်းမာရေးအတွက် ကောင်းလေဖြစ်မှာပါ။
(၆) ပြင်ထားတဲ့ သကြားတွေ
မစားမဖြစ်စားကြတဲ့ မရှိမဖြစ်လိုမျိုး သုံးနေကြတဲ့ ပစ္စည်းပါပဲ။ အဲ့တော့ သကြားဆိုရင် ဖြူဖြူလေးတွေကြိုက်တယ်။ စားပွဲတင်သကြားလေးမှ ဆိုတဲ့သူတွေကတော့ သတိထားပါ။ အဲ့လို သကြားတွေပဲ သုံးနေကြတာဆိုတော့ စားမိတာများရင် အဝလွန်တာကနေ စပြီးတော့ ရောဂါတွေဝင်လာမှာပါ။ ဘာတွေ ဖြစ်တတ်တာလဲဆိုရင်တော့ ရင်သားပိုင်း၊ ပရောစတိတ် နဲ့ အူမကြီး (colorectum) မှာ ကင်ဆာအကြိတ်တွေ ဖြစ်တတ်ပါတယ်။
(၇) ဆေးသကြားတွေ အချိုပစ္စည်းတွေ။
လူလုပ်ထားတဲ့ အတုအယောင် အချိုခဲ အချိုမှုန့်တွေကလည်း ကင်ဆာကိုဖြစ်စေနိုင်တဲ့ အစားအသောက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ စမ်းသပ်ချက်တွေထဲမှာ ကြွက်တွေကိုသုံးပြီးတော့လုပ်ထားတဲ့ အဖြေကနေ ရတာဖြစ်ပါတယ်။ သုံးမိနေတယ်ဆိုရင်၊ သုံးဖို့ တွေးနေတယ်ဆိုရင် မြန်မြန်သာလျှော့ချဖို့သာ နည်းလမ်းတွေရှာကြပါတော့။
(၈) ဟိုက်ဒရိုဂျင် ထပ်ပေါင်းထည့်ထားတဲ့ ဆီတွေ
အဲ့ဒါကတော့ ဆီမှာ ဟိုက်ဒရိုဂျင်ကို ပေါင်းထည့်ထားတဲ့ဆီတွေ ဖြစ်ပါတယ်။ အဲ့ဆီတွေက ဘယ်လိုဆီဖြစ်နေနေ အဆီကို ပုံပြောင်းထားတဲ့ ပုံစံပဲဖြစ်ပါတယ်။ အဲ့လို ဆီတွေကို စားသုံးလိုက်မိရင် စားသုံးတာကြာနေရင်တော့ ခန္ဓာကိုယ်ခုခံအားကို အားနည်းသွားစေနိုင်ပါတယ်။ ပြီးတော့ နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေနဲ့ ကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကနေထုတ်ထားတဲ့ ဆီတွေကလည်း အကောင်းဆုံးရွေးချယ်စရာ ပစ္စည်းတွေတော့ မဟုတ်ပါဘူး ။ အရသာ အရောင်လှဖို့အတွက် သုံးထားတဲ့ ဓာတုပစ္စည်းတွေရှိနေလို့ပါ။ သံလွင်ဆီကတော့ ချွင်းချက်ပါပဲ။
(၉) ပြင်ထားတဲ့ အသားတွေ
လမ်းမှာ မှန်ကန် မီးဖိုလေးတွေနဲ့ ရောင်းနေတဲ့ ဟော့ဒေါ့တွေ၊ အသားပြားတွေ အဲ့ဒါတွေ ကို မုန့်အဖြစ်စားတာ များနေတယ်ဆိုရင်တော့ မစားသင့်တော့ဘူးဆိုတာကို နှလုံးသွင်းပါ။ ဘာလို့လဲဆိုတော့ အသားတွေကို ကြာရှည်ခံအောင် ထိန်းသိမ်းရတဲ့ ဆေးတွေက ဓာတုဆေးတွေမို့ပါ။ အဲ့လို ထည့်လိုက်တာကြောင့်လည်း ကာစီနိုဂျင်ဓာတ်တွေ ထွက်လာပြီးတော့ ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။
သုတေသန လုပ်ငန်းတွေကနေ ပြုပြင်ပြောင်းလဲထားတဲ့ အသား (၅၀) ဂရမ်စားတိုင်းမှာ အတွင်းပိုင်း ကလီစာနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ဖို့ ၁.၁၈ ဆ ပိုများလာပါတယ်။ အဲ့လို ဆိုရင်တော့ စားသင့်မစားသင့်ဆိုတာကို ဆုံးဖြတ်ကြည့်ကြပါတော့။
(၁၀) အကင်တွေ…..
သံချောင်းမီးဖိုလေးမှာ တင်ထားတဲ့ အနီရောင်အသားလေးတွေက အရသာရှိသလောက် ကာစီနိုဂျင်တွေကလည်း များပါတယ်။ ဒါကြောင့် အမဲသား၊ ဝက်သားတွေကို အဲ့လိုနည်းအတိုင်း စားမယ်ဆိုရင်တော့ အတွင်းပိုင်းကလီစာတွေမှာ ကင်ဆာရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။ ဝမ်းတော့မနည်းပါနဲဦး။ တစ်ရက်မှာ (၁၀၀)ဂရမ်ကနေ (၂၀၀)ဂရမ်လောက်ထိ တစ်ပတ် (၃)ကြိမ်လောက်တော့ စားလို့ရပါတယ်တဲ့။ ရပါတယ်လို့ပဲ သနားလို့ ခွင့်ပြုထားတဲ့သဘောပါ။
အစာလည်းဆေး ဆေးလည်းအစာလိုပဲ စားပါ။ ဘေးဖြစ်အောင်တော့ မစားကြဖို့ တိုက်တွန်းရင်းနဲ့ ကျန်းမာရေးတွေ ကောင်းစေဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။
ထွန်းဝင်းကျော်
https://cookings.life/10-foods-that-can-cause-cancer-you-need-to-know/
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026