အစိမ်းရောင်လမ်း
မန်ကျည်းဖျော်ရည်သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်မှာ ရရှိလာမယ့် အကျိုးကျေးဇူးများ

မန်ကျည်းဖျော်ရည်သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်မှာ ရရှိလာမယ့် အကျိုးကျေးဇူးများ

ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာပေးစွမ်းနိုင်တဲ့ ဖျော်ရည်တွေများစွာထဲမှာ သဘာဝမန်ကျည်းဖျော်ရည်လေးဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါထယ်။ မန်ကျည်းဖျော်ရည်ဟာ ခန္ဒာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များစွာကို ထောက်ပံ့ပေးတဲ့အပြင် အရသာအားဖြင့်လည်း ချိုချဥ်လေးဖြစ်တာကြောင့် ကလေးရောလူကြီးပါ အကြိုက်တွေ့စေမဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ဒီခေါက်မှာတော့ မန်ကျည်းဖျော်ရည်သောက်သုံးခြင်းဖြင့် ခနွာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေဖြစ်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

() အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

မန်ကျည်းဖျော်ရည်မှာပါဝင်တဲ့ သတ္တုဓါတ် အမျှင်ဓါတ် ဖောလစ်အက်ဆစ်ဓါတ်တွေဟာ ခန္ဓာကိုယ်တွင်းအင်္ဂါနဲ့ သွေးအတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ ဒါ့အပြင် မန်ကျည်းဖျော်ရည်ဟာ အသားအရေကို ကြည်လင်သန့်စင်စေပြီး နေလောင်ခြင်း၊ အသားအရေခြောက်သွေ့ညစ်နွမ်းခြင်း၊ အရေးအကြောင်းများဖြစ်ပေါ်ခြင်း စတဲ့ လက္ခဏာတွေကိုလည်း ပျောက်ကင်းသက်သာစေနိုင်ပါသည်။

() မျက်စိကျန်းမာရေးကို အထောက်အကူပြုတယ်

မန်ကျည်းဖျော်ရည်သောက်သုံးခြင်းက သင့်ရဲ့မျက်စိကျန်းမာရေးကိုလည်း အထောက်အကူပြုရာရောက်ပါတယ်။ မန်ကျည်းသီးမှာ ပါဝင်တဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေဟာ မျက်စိနဲ့ အမြင်အာရုံကို ထူးခြားကောင်းမွန်စေပြီး မျက်စိအားနည်းခြင်း၊ မျက်သားခမ်းခြောက်ခြင်း၊ မျက်စိနာခြင်းစတဲ့ အမြင်အာရုံနဲ့ ပတ်သက်တဲ့ ဝေဒနာတွေကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

() ကိုယ်ခံအားကောင်းစေတယ်

မန်ကျည်းသီးမှာ ပါဝင်တဲ့ ဗီတာမင်ဓါတ်တွေဟာ ခန္ဓာကိုယ်တွင်း အားတင်းပြည့်ဝစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ နွေရာသီလို ပူပြင်းတဲ့ အချိန်မျိုးမှာလည်း ကိုယ်တွင်းအပူချိန်ကိုလျော့ချပေးပြီး ဝမ်းတွင်းကအပူအပုတ်တွေကိုလည်း ကင်းစင်ပါတယ်။ ဒါကြောင့် တော်ရုံအပူပုပ်တာ နှာစီးချောင်းဆိုးရောဂါ အအေးမိတုပ်ကွေး စတဲ့ ရောဂါတွေိကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

() အစာအိမ်ရောဂါကို ကောင်းမွန်စေပါတယ်

အားလုံးသိတဲ့အတိုင်း မန်ကျည်းဖျော်ရည်ဟာ အစာအိမ်နှင့် အူလမ်းကြောင်းကို အထောက်အပံ့ပေးတာကြောင့် ဝမ်းကိုမှန်စေပြီး တော်ရုံအစာအိမ်နှင့် ပတ်သက်တဲ့ဝေဒနာတွေ ဖြစ်မလာအောင်တားဆီးပေးပါတယ်။ ဒါ့အပြင် မန်ကျည်းသီးမှာ ပါဝင်တဲ့ Antioxidant၊ ပိုတက်စီယမ်ဓါတ်၊ မဂ္ဂနီစီယမ်ဓါတ်တွေဟာ အစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေတာကြောင့် ဝမ်းမှန်စေတဲ့အပြင် ကိုယ်အလေးချိန်လည်း ကျစမှာ ဖြစ်ပါသည်။

MyFood Myanmar Website မှ ကူးယူဖော်ပြပါသည်။

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....