ကျီးကန်းနှုတ်သီးပင်နှင့် သူ၏ဆေးဖက်ဝင်သည့်အချက်များ
ကျီးကန်းနှုတ်သီး၊ ပန်းရည်စွတ်၊ ကျီးနီနွယ်၊ နွယ်ညို
ရန်ကုန်မှာ တွေ့ရသော အပင်ဖြစ်သည်။ မိုးကောင်းလို့ထင်ရဲ့ အပင်ကြီးတွေ သန်လှသည်။ ပန်းပွင့်ထဲ တိုးတိုးဝင်နေသော ပိတုန်းကောင်ကြီးကြည့်ရတာ အသည်းယားစရာပါပဲ။
အပင်သရုပ်
အပင်က သစ်မာ နွယ်ပင်ဖြစ်သည်။ အရွက်များက ရွက်ဆိုင် ထွက်ကြသည်။ ပန်းခိုင်မှာ axillary raceme ဖြစ်သည်။ ပန်းပွင့်အရောင်မှာ ပန်းနုရောင်ဖြစ်ပြီးကြီးမားလှပသည်။ ဝတ်ဆံဖို ၄ ခုပါသည်။ အသီးက အက်ကွဲသီးအမျိုးဖြစ်ပြီး ပုံမှာကဲ့သို့ ထူးခြားလှသည်။ အသီးက ဘဲဥပုံစံဖြစ်သော်လည်း ထိပ်ဖျားကသွယ်သွားသဖြင့် "ငှက်နှုတ်သီး" ပုံစံဖြစ်နေ၍ အချို့က "ကျီးနှုတ်သီးပင်"ဟုပင်ခေါ်ကြသည်။
အရှင်နာဂသိန်ဆေးကျမ်းထဲတွင် Genus တူပြီး မျိုးစိတ် (species) ကွဲသော Thumbergia grandiflora အပင်ကိုဖေါ်ပြထားသည်။ ယင်းကို "ရေစပ်ပန်းနွယ်" "နွယ်ညို" "ကျီးနှုတ်သီးပင်"ဟုခေါ်ကြောင်း မှတ်သားရသည်။ ဒေသအခေါ်အဝေါ်အမျိုးမျိုးရှိသဖြင့် ဗဟုသုတတိုးစေပါသည်။ ထိုအပင်သည် အရိုင်းပင်ထက် အလှစိုက်သော အပင်ဖြစ်သည်။ အပင်နှစ်ပင်၏ပုံစံမှာ အလွန်တူပါသည်။
ယခုအပင်သည်လည်း တိုင်းရင်းဆေးဝင်မည်မှာလည်း သေချာလှပါသည်။ အခြားနိုင်ငံများတွင် Thumbergia များ၏ လှပသော ပန်းပွင့်များကြောင့် အိမ်များတွင် အလှအပ စိုက်ပျိုးကြသော်လည်း
မြန်မာပြည်မှာ Thunbergia laurifolia Lindl. ကို အရိုင်းပေါက်ပင်အဖြစ်သာတွေ့ကြရပါသည်။ အပွင့်မှာအဝေးကကြည့်လျှင် သစ်ခွ vanda နှင့်တူသဖြင့်စွဲမက်စရာကောင်းလှပါသည်။ ချင်းပြည်နယ်သာမက ရှမ်းပြည်၊ ပုံတောင်၊ ပုံညာ၊ အလောင်းတော်ကသဖ အထိပြန့်နှံ့နေသောမျိုးစိတ်တစ်ခုလည်း ဖြစ်ပါသည်။
ဆေးဖက်ဝင်ပုံ
မလေးရှားနိုင်ငံတွင် ယခုအပင်၏ အရွက်ကိုခြေပြီးရသောဖျော်ရည်ကို menorrhagia ရောဂါအတွက် နားမကြားခြင်းအတွက် နားထဲထည့်ခါသုံးသည်။ ထိုင်းနိုင်ငံတွင်အရွက်ကို antipyretic အဖျားရောဂါကို ပျောက်ကင်းသက်သာစေသော အဖျားပျောက်ဆေး အဖြစ်အသုံးပြုပြီး အဆိပ်အတောက်များကိုဖယ်ရှားပေးသည်။ ၎င်းကိုမလေးရှားတွင် akar tuau ဟုခေါ်သည်။ ထိုင်းနိုင်ငံတွင် ဒီအပင်ကရသော လက်ဖက်ရည်ကြမ်းလက်ဖက်ရည်ကို rang jeud tea ဟုလူသိများတယ်။ သူ့ကို ဒီအရွက်ကနေ ထုတ်ယူသည်။ ထိုင်းဆေးဖက်ဝင်အပင်များ ကုမ္ပဏီများစွာကလည်း ဒီအပင်ကနေ rang jeud tea ကို ထုတ်လုပ်ပြီး တင်ပို့ရောင်းချကြသည်။
လှပသော ပန်းပွင့်များကြောင့် ဥယျာဥ်တွေမှာ အလှစိုက်သော်လည်း ပေါက်ပွားနှုန်းမြန်ဆန်လွန်းတာကြောင့် ခဏတာအတွင်း တောထဲကို ပျံနှံသွားပါသည်။
ကိုးကား- wikipedia
ကိုသက်နိုင်ဦး
ဟုမ္မလင်း
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....