မိသားစုတစ်ပိုင်တစ်နိုင် ငါးကန်များတွင် အဏုအာဟာရကြွယ်၀သော ငါးငယ်ကလေးများမွေးမြူခြင်း
၁။ အဏုအာဟာရကြွယ်ဝသော တိုင်းရင်းငါးငယ်ကလေးများဆိုသည်မှာ အဘယ်နည်။
မြစ်၊ ချောင်း၊ စပါးခင်းများကဲ့သို့သော သဘာ၀ပြင်များတွင်တွေ့ရှိနိုင်ပြီး ထိုငါးများကို တစ်ကောင်လုံးစားသုံးပါက ကိုယ်ဝန်ဆောင် မိခင်များ၊ နို့တိုက် မိခင် များနှင့် ကလေးငယ်များအတွက် အာဟာရပြည့်ဝရန်လိုအပ်သော ဗီတာမင်အေ၊ ကယ်လ်စီယမ်၊ ဇင့်နှင့် ဗီတာမင်ဘီတွဲ (B 12) ကြွယ်ဝစွာ ရရှိနိုင်သည့် တိုင်းရင်းငါးမျိုးလေးများဖြစ်သည်။
၂။ အဏုအာဟာရကြွယ်၀သော ငါးငယ်ကလေးများကို အဘယ်သို့ စတင်မွေးမြူနိုင်သနည်း
မြစ်၊ ချောင်း၊ စပါးခင်းမှ အဆိုပါငါးငယ်ကလေးများကို ဇလုံ (သို့) အဝကျယ်ပုံး သုံး၍ ဖမ်းဆီးပြီး မွေးမြူမည့်ကန်ထဲသို့ ပြောင်းရွှေ့ရပါမည်။ သတိပြုရန်မှာ ဇလုံ (သို့) အဝကျယ်ပုံးကို ရေဖြည့်ထားရန်လိုအပ်သည်။ အကောင်ရေ (၇၅) မှ(၁၀၀) အတွင်း ထည့်သွင်းပါက သဘာဝအတိုင်းတစ်လအတွင်း ပေါက်ဖွားနိုင်သဖြင့် ကန်အတွင်း ငါးသားပေါက်များ ထပ်မံပေါက်ဖွား ရန် လုံလောက်သည်။
၃။ အဏုအာဟာရ ကြွယ်ဝသော ငါးသေးလေးများကို အခြားငါးကြီးများ ငါးကြင်းမျိုးနွယ်(ဥပမာ ငါးကြင်း/ငါးမြစ်ချင်း) ကဲ့သို့သော ငါးများနှင့် အတူ မွေးမြူနိုင်ပါသလား။
မွေးမြူနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုငါးငယ်ကလေးများမှာ ငါးကြင်း၊ ငါးမျိုးများ၏ ကြီးထွားမှုနှင့် အထွက်နူန်းကို မထိခိုက်စေသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် အဏုအာဟာရကြွယ်ဝသည့် အစာအရင်းအမြစ်ဖြစ်သော ထိုငါးငယ်ကလေး များကို စားသုံးခြင်းဖြင့် အာဟာရဖွံ့ဖြိုးစေသည့်အပြင် ထိုငါးငယ်ကလေးများကို ရောင်းချခြင်းဖြင့် ဝင်ငွေလည်းပိုတိုးစေနိုင်ပါ သည်။
၄။ အဏုအာဟာရကြွယ်ဝသော ငါးသေးငယ်ကလေးများကို တစ်စိတ် တစ်ပိုင်းဖမ်းဆီးစားသုံးခြင်းဆိုသည်မှာ အဘယ်နည်း။
အဏုအာဟာရကြွယ်ဝသော ငါးငယ်ကလေးများကို တစ်ပါတ်ခြား တစ်စိတ် တစ်ပိုင်းဖမ်းဆီးခြင်းဖြင့် ငါးကန်အတွင်း ရှိနေ သင့်သည့် ငါးအရေအတွက်ကို ပုံမှန်ထိန်းသိမ်းပေးပြီး ဆက်လက်ပွားရန် ကူညီပေးသည်။ ငါးငယ်များကို စားသုံးခြင်းဖြင့်လည်း နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များအတွက်လိုအပ်သည့် အဏုအာဟာရများလည်း ရရှိစေပါသည်။
၅။ မွေးမြူထားသော ငါးကန်အတွင်းရှိ အဏုအာဟာရ ကြွယ်ဝသော ငါးငယ်ကလေးများကို ဖမ်းဆီးရန်အချိန်ဘယ်လောက် စောင့်ရ မည်နည်း။
မြစ်၊ ချောင်း၊ စပါးခင်းများမှ ဖမ်းယူပြီးမွေးမြူမည့် ကန်အတွင်းပြောင်းရွှေ့ပြီးပါက ထိုငါးငယ်ကလေးများ သားပေါက်ပွားရန် (၁ လ-၂ လ) အထိ စောင့်သင့်ပါသည်။ ထို့နောက် ကွင်းတာပိုက်သုံး၍ ငါးငယ်များကို ဖမ်းဆီးနိုင်သည်။ မိသားစုဝင်များ၏ အစားအစာတွင် အဏုအာဟာရဓါတ်များ စဉ်ဆက်မပြတ်ရရှိနိုင်စေရန် တစ်ပတ်ခြားတစ်ခါ တစ်စိတ်တစ်ပိုင်း ဖမ်းယူ စားသုံးရန် တိုက်တွန်း အပ်ပါသည်။
Source - my culture
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....