ဆီကြော်မုန့်များစားသုံးခြင်းကို ရပ်တန့်သင့်တဲ့ အကြောင်းပြချက်များ
အကြော်အလှော်မုန့်များ၊ ဆီကြော်မုန့်များက အရသာအင်မတန်ကောင်းမွန်ပြီး လူအများ နှစ်ခြိုက်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲအရသာရှိရှိ ဆီးများများနဲ့ကြော်ထားတဲ့အတွက်ကြောင့် ကျန်းမာရေးဆိုးကျိုးတွေကတော့ မရေတွက်နိုင်အောင်ပါပဲ။
ကျန်းမာရေးဘေးထွက်ဆိုးကျိုး အများအပြားရှိသည့်အနက် အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့.....
အဝလွန်ခြင်း
အစားအစာတစ်ခုက ဆီများများထဲမှာ ကြိမ်ဖန်များစွာ ကြော်လိုက်သည်နှင့်တစ်ပြိုင်နက် သူရဲ့ကယ်လိုရီပမာဏကလည်း တရိပ်ရိပ်တက်လာတာပါ။ ကယ်လိုရီများတဲ့အစားအစာများ စားသုံးခြင်းကြောင့် တဖြည်းဖြည်း ဝိတ်တက်လာမှာဖြစ်ပြီး ကာလအတန်ကြာတဲ့အခါ သင်သတိမထားမိလိုက်ချိန်မှာပဲ အဝလွန်ခြင်းရောဂါကို ခံစားနေရပီပဲဖြစ်ပါတယ်။
အသုံးပြုတဲ့ဆီကရော ရာခိုင်နှုန်းဘယ်လောက်ထိသန့်သလဲ
မိမိအိမ်မှာကြော်ချက်ရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီကို အသုံးပြုပေမယ့် အပြင်စာတွေဝယ်စားတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီကိုသုံးထားရဲ့လား ဒါမှမဟုတ် အကြော်ခံဆီကိုသုံးထားသလားဆိုတာကို မသိနိုင်ပါဘူး။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ဆီတွေ အသုံးပြုပြီး ကြော်ထားတဲ့ ဆီကြော်မုန့်တွေကတော့ နှလုံးရောဂါဖြစ်ပွားခြင်းရဲ့ အဓိကအရင်းအမြစ်ပါပဲ။
ကင်ဆာရောဂါကို လက်ယက်ခေါ်နေခြင်း
အစားအစာများကို ဆီများများဖြင့် ကြိမ်ဖန်များစွာကြော်တဲ့အခါ ထိုအစားအစာရဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များလည်း တစ်ပါတည်း ဆုံးရှုံးသွားပြီပဲဖြစ်ပါတယ်။ ဆီများများဖြင့် ကြော်လိုက်တဲ့အချိန်မှာ ကာဗွန်အခြေခံတဲ့ သတ္တုဓာတ်များ လောင်ကျွမ်းသွားခြင်းကြောင့် အစားအစာက အညိုရောင်ပြောင်းသွားရခြင်းဖြစ်ပါတယ်။
ရလာဒ်အနေနဲ့ ကင်ဆာရောဂါဖြစ်ပွားခြင်းနဲ့ ဆက်နွယ်နေတဲ့ Acrylamide ဓာတ်များ ပေါ်ထွက်လာပါတယ်။ ဒါ့ကြောင့် ဆီကြော်စာများကို တစိုက်မတ်မတ် စွဲလမ်းစွာစားသုံးပါက ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပန်ကရိယကင်ဆာ စတဲ့ ကင်ဆာရောဂါများကို ခံစားရတတ်ပါတယ်။
ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျဆင်းခြင်း
ဆီကြော်စာတွေမှာပါဝင်တဲ့ အန္တရာယ်များတဲ့ ဆီတွေကို ကျောက်ကပ်က စစ်ထုတ်ပေးနိုင်ခြင်းမရှိပါဘူး။ အချိန်ကြာလာသည်နှင့်အမျှ ကျောက်ကပ်ရဲ့စွမ်းဆောင်ရည် တဖြည်းဖြည်းကျဆင်းသွားပြီး ကျောက်ကပ်ပျက်စီးသွားနိုင်ပါတယ်။
အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအပြင် မှတ်ဉာဏ်စွမ်းအားကျဆင်းခြင်း၊ ကိုလက်စထောမြင့်မားလာခြင်းကြောင့် နှလုံးရောဂါခံစားရခြင်း အစရှိတဲ့ ကျန်းမာရေးဆိုးကျိုးများကိုလည်း ခံစားရနိုင်တာကြောင့် ဆီကြော်မုန့်များကို တတ်နိုင်သမျှရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။
Source : myfoodmyanmar.com
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026