အစိမ်းရောင်လမ်း
အိုင်အိုဒင်းဆားကို နေ့စဉ်ထည့်သွင်းစားသုံးဖို့က ဘာကြောင့်အလွန်အရေးကြီးတာလဲ?

အိုင်အိုဒင်းဆားကို နေ့စဉ်ထည့်သွင်းစားသုံးဖို့က ဘာကြောင့်အလွန်အရေးကြီးတာလဲ?

    အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ရာတွင် မရှိမဖြစ်သည့် အဏုအာဟာဓာတ်တစ်ခုဖြစ်သည်။

    • ကိုယ်ဝန်ဆောင် မိခင်များတွင် အိုင်အိုဒင်းဓာတ်ချို့တဲ့ပါက

- သားပျက်/သားလျှော့ခြင်း

- ကလေးအသေမွေးခြင်း

- ပေါင်မပြည့်/လမစေ့ကလေးမွေးဖွားခြင်း

- ဆွံ့အ/ နားမကြားသည့် ကလေးမွေးခြင်း

    • ကလေးငယ်များ အိုင်အိုဒင်းချို့တဲ့ပါက

- စံမီကြီးထွားဖွံ့ဖြိုးမှုမရှိဘဲ သေးကွေးပုညှက်ခြင်း

- ဉာဏ်ရည်ဖွံ့ဖြိုးမှုနှေးကွေးပြီး သင်ယူနိုင်စွမ်းကျဆင်းခြင်း

    • ကလေး/လူကြီးမရွေး အိုင်အိုဒင်းချို့တဲ့ပါက

- လည်ပင်းကြီးရောဂါခံစားရခြင်း

- သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်းများ ခံစားရနိုင်ပါတယ်။

    • ရာသီဥတုပြောင်းလဲမှုနှင့် မြေဆီလွှာတိုက်စားမှုများကြောင့် အိုင်အိုဒင်းဓာတ်ဟာ ပင်လယ်စာတွေမှာ အရင်ကလို ပေါပေါများများမပါဝင်တော့လို့ အိမ်တိုင်း/ မိသားစုတိုင်း အိုင်အိုဒင်းဆားကို နေ့စဉ်အစားအစာများမှာ ထည့်သွင်းစားသုံးဖို့က အလွန်အရေးကြီးပါတယ်။

    • အိုင်အိုဒင်းဓာတ်ချို့တဲ့ပါက တိုင်းပြည်၏အနာဂါတ်ဖြစ်သော ကလေးများတွင် ပုညှက်ခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်းကို ဖြစ်ပွားကာ လေ့လာသင်ယူနိုင်စွမ်း၊ ကုန်ထုတ်လုပ်နိုင်စွမ်းကျဆင်းကာ နိုင်ငံတိုးတက်ဖွံ့ဖြိုးခြင်းအား ထိခိုက်သည်အထိ အန္တရာယ်ကြီးပါသည်။

ဒါ့ကြာင့် ကျန်းမာသန်စွမ်း ဉာဏ်မြင့်မားဖို့ အိုင်အိုဒင်းဆား နေ့စဉ်စားကြစို့

Source - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....