ဆောင်းရာသီမှာ အစာမကြေဖြစ်ခြင်း ကင်းဝေးအောင်
ချမ်းအေးသော ဆောင်းရာသီတွင် အအေးမိခြင်း၊ ရာသီတုပ်ကွေး၊ ဖျားနာကိုက်ခဲခြင်းတို့ကဲ့သို့ ကြုံတွေ့ရလေ့ရှိသည့် ပြဿနာတစ်ခုမှာ အစာမကြေဖြစ်ခြင်း ဖြစ်ပါသည်။ ရာသီဥတုအေးသည့်ကာလများတွင် ခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ငန်းများ လျော့ကျသွားခြင်းကြောင့် အစာအိမ်၏ လုပ်ငန်းလုပ်ဆောင်မှုများ အားနည်းပြီး အစာခြေဖျက်မှုနှေးကာ အစာမကြေခြင်း ပိုဖြစ်တတ်ပါသည်။
အစားအသောက်အနေဖြင့် အဆီများသောအသားများ၊ ဆီများများဖြင့်ကြော်ထားသော ဆီကြော်များ၊ ကောက်ညှင်းကဲ့သို့ အစာကြေရန်ခက်ခဲသော အစားအစာများ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဘီယာ၊ အရက်ယမကာများ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဂက်စ်ပါသော အသင့်သောက်အချိုရည်များ၊ အစပ်များသော အစားအစာများသည် အစာမကြေခြင်းဖြစ်စေတတ်သောကြောင့် အလွန်အကျွံစားသုံးခြင်း မပြုသင့်ပါ။ ဆေးလိပ်သောက်ခြင်းသည် အစာရေမျိုကြွက်သားကို အားနည်းစေပြီး အက်ဆစ်ဆန်တက်မှုဖြစ်ပေါ်ခြင်း၊ အစာအိမ်တွင်း အက်ဆစ်ဓာတ်ထုတ်မှုများခြင်းတို့ကို ဖြစ်စေတတ်၍ ဆေးလိပ်သောက်ခြင်းကို ရှောင်သင့်ပါသည်။
ရာသီဥတုအေးသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်မှုနည်းခြင်းကြောင့် အစာခြေဖျက်မှုနှေးပြီး အစာမကြေဖြစ်တတ်ပြီး ကိုယ်အလေးချိန်လည်း တက်တတ်သည်။ အလေးချိန်များသူများတွင် အူသိမ်အတွင်းမှ အက်စစ်များ အစာအိမ်ထဲသို့ ပြန်ဆန်တက်သော Acid Refulx ကြောင့် အစာမကြေဖြစ်တတ်၍ သင့်တင့်မျှတသော ကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါသည်။ နေ့စဉ်ကိုယ်လက်လှုပ်ရှား ပြုလုပ်ပေးခြင်း၊ လမ်းလျှောက်ပေးခြင်း၊ ယောဂကျင့်ခြင်းတို့ ပြုလုပ်ပေးသင့်ပါသည်။ ရေများများသောက်ခြင်းက အစာမကြေခြင်းကို သက်သာစေနိုင်သည့်အတွက် တစ်နေ့ကို ၃-၄ လီတာအထိ သောက်ပေးသင့်ပါသည်။ အစာမစားမီ နာရီဝက်အလို ရေခပ်နွေးနွေးသောက်ပေးခြင်းကလည်း အစာအိမ်၏ အစာချေဖျက်ခြင်းအတွက် ကောင်းမွန်ပါသည်။
သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကို စားခြင်း၊ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေသော အမျှင်ဓါတ်ကြွယ်ဝသည့် ကိုက်လန်၊ မုန်ညင်းစိမ်း၊ ဟင်းနုနွယ်၊ အာလူး၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ သကြားမုန်လာစသည့် ရာသီပေါ်သီးနှံများကို များများစားပေးသင့်သည်။ နို့နှင့် နို့ထွက်ပစ္စည်းများက လက်တို့စ်မချေဖျက်နိုင်သော ရောဂါ Lactose Intolerance ရှိသူများတွင် အစာမကြေဖြစ်တတ်၍ Lactose Free အစာများကို ရွေးချယ်စားသုံးပေးပြီး အစာမကြေဖြစ်ခြင်းကို ကာကွယ်နိုင်ပါသည်။ ထောပတ် Ghee သည် အစာအိမ်ကျန်းမာရေး အကျိုးပြုအစာဖြစ်သည့်အတွက် အသင့်တင့် စားပေးသင့်သည်။
အစားကိုအလွန်အကျွံမစားဘဲ သင့်တင့်သောပမာဏကို နည်းနည်းနှင့် ဖြည်းညင်းစွာစားပြီး အကြိမ်ရေခွဲပြီး ခဏခဏစားပေးခြင်းက အစာမကြေဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ အစာကို အချိန်ယူပြီး ကြေညက်အောင်ဝါးစားပေးခြင်းကလည်း အစာမကြေဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ညအချိန် အစားစားခြင်းသည် အစာမကြေဖြစ်ခြင်းကို ဖြစ်စေနိုင်သောကြောင့် အိပ်ခါနီး ၄-၅နာရီအတွင်း အစာစားခြင်းကို ရှောင်ကြဉ်ပါ။ စိတ်ဖိစီးမှုများတတ်သူများတွင် အစာအိမ်လှုပ်ရှားမှုမကောင်းဘဲ အစာမကြေဖြစ်နိုင်၍ စိတ်ဖိစီးမှုလျော့နည်းအောင် နေထိုင်သင့်ပါသည်။
သောက်သုံးနေသော ဆေးအချို့၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း အစာမကြေဖြစ်နိုင်၍ အကိုက်အခဲပျောက်ဆေးများ၊ သွေးပေါင်ကျဆေးအချို့၊ ရောင်ရမ်းမှုလျှော့ပေးသော စတီးရွိုက် Steroid ဆေးများ၊ ဟော်မုန်း Estrogen ပါသော ဆေးများနှင့် ကိုယ်ဝန်တားဆေးများ၊ ပိုးသတ်ဆေးများ သောက်သုံးနေရလျှင် မိသားစုဆရာဝန်နှင့် ပြန်၍တိုင်ပင်သင့်ပါသည်။
အစာမကြေဖြစ်ခြင်းသည် လူတိုင်းကြုံဖူးလေ့ရှိသည့် လက္ခဏာတစ်ခုဖြစ်ပြီး များသောအားဖြင့် အထက်ဖော်ပြပါ စားသောက်နေထိုင်မှုပုံစံများ ပြောင်းလဲကြည့်ခြင်းဖြင့်လည်းကောင်း၊ Antacid ခေါ် အစာအိမ်ဆေးများ၊ အစာအိမ်လေနာသက်သာဆေးများ ၊ အစာကြေဆေးများ သောက်သုံးခြင်းဖြင့်လည်းကောင်း သက်သာနိုင်ပါတယ်။ သို့သော် နာတာရှည်အစာအိမ်ရောဂါ အခံရှိသူများ၊ မကြာခဏ အစာအိမ်နာတတ်သူများ၊ ကိုယ်အလေးချိန် သိသိသာသာကျဆင်းခြင်း၊ ညဘက်တွင် တစ်နေကုန်စားထားသမျှ အစာများပြန်အန်ခြင်း၊ ဗိုက်တွင် အလုံးအကြိတ်စမ်းမိခြင်းစသော လက္ခဏာများနှင့် အစာအိမ်ကင်ဆာမျိုးရိုးရှိခြင်းတို့ရှိလျှင် အချိန်ဆွဲမနေဘဲ ဆေးရုံဆေးခန်းပြသသင့်ကြောင်း ဤဆောင်းပါးဖြင့် မျှဝေရေးသားပေးလိုက်ပါသည်။
Author: Dr. Ye Mon
Sourc - On Doctor
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....