လက်ဖက်ပင်အဆီကို အသုံးပြုုပုံ
လက်ဖက်ပင်အဆီကိုဘယ်လိုသုံးမလဲ
လက်ဖက်ပင်အဆီဆိုတာက လက်ဖက်ပင်ရဲ့အရွက်တွေကနေရရှိတဲ့အဆီဖြစ်ပါတယ်။ လက်ဖက်ပင်အဆီကို အပူပိုင်းဒေသတွေမှာဆေးကုသဖို့အတွက်အသုံးပြုလေ့ရှိပါတယ်။
အသုံးပြုပုံ –
• ဝက်ခြံလိုမျိုး ကူးစက်တတ်တဲ့ဝေဒနာ
• လက်သည်းခြေသည်းတွေမှိုပိုးဝင်ခြင်း
• သန်းကိုက်နာ၊ ယားနာနဲ့ ခြေထောက်မှာပွေး
• ပွေးရောဂါ
• ပြတ်ရှဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ အပူလောင်နာ၊ ပိုးမွှားကိုက်နာ၊ သွေးစုနာ၊ အဆိပ်ရှိတဲ့အကောင်ကိုက်လို့ဖြစ်တဲ့အနာနဲ့ သွားနာတာတွေအတွက်လည်း ပိုးသတ်ဆေး အဖြစ်အသုံးပြုပါတယ်။
• ပါးစပ်နဲ့နှာခေါင်းမှာဖြစ်တဲ့ကူးစက်ရောဂါတွေနဲ့ လည်ချောင်းနာဝေဒနာ
• နားတွင်းပိုးဝင်ခြင်း
• ချောင်းဆိုးခြင်း၊ လေပြွန်ပိတ်ခြင်းနဲ့ အဆုတ်ရောင်ဝေဒနာတွေကိုကုသဖို့အသုံးပြုပါတယ်။
လက်ဖက်ဆီကို အခြားအခြေအနေများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ပိုမိုသိရှိလိုသော အချက်များအတွက် ဆရာဝန် ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။
လက်ဖက်ဆီကိုအသုံးမပြုခင်မှာဘာတွေသိထားသင့်သလဲ။
သင့်မှာ အောက်ပါ အခြေအနေများရှိရင် ဆရာဝန်၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ၊ ဆေးဖက်ဝင်အပင်တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေကို ပြောပြဆွေးနွေးသင့်ပါတယ်။
သင်ဟာကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်နေရင် ဒါမှမဟုတ် နို့်တိုက်မိခင်တစ်ဦးဖြစ်နေခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ သင်ဟာကိုယ်ဝန်ဆောင်ထားသူဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုသာသောက်သုံးသင့်ပါတယ်။
အခြားဆေးတွေသောက်သုံးနေရရင်။ ဆရာဝန်ဆေးညွှန်းမပါဘဲ မိမိဖာသာ ဝယ်သောက်နေသော ဆေးများ၊ ဆေးဖက်ဝင်ဘယဆေးများ အပါအဝင်။
သင့်မှာ လက်ဖက်ပင်အဆီ၊ အခြားဆေးဝါးတွေ ဒါမှမဟုတ် အခြားသဘာဝ ဆေးပင်တွေနဲ့ဓာတ်မတည့်တာမျိုးရှိနေရင်၊
သင့်မှာအခြားရောဂါတွေ၊ ဝေဒနာတွေနဲ့ အခြားဆေးကုသမှုခံယူနေရတာမျိုးရှိနေရင်၊
သင့်မှာ အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံဆေး၊ တိရိစ္ဆာန်တို့နှင့် ဓါတ်မတည့်မှုများရှိရင်
သဘာ၀ ဆေးဖက်ဝင် လက်ဖက်အဆီ သုံးစွဲမှုနဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေက ဆေးဝါးတွေသုံးစွဲမှုနဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေလောက် မတင်းကြပ်ပါဘူး။ လက်ဖက်ဆီသုံးတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို မသုံးခင်မှာကြိုတင်ချင့်ချိန်သင့်ပါတယ်။ အချက်အလက်တွေကိုပိုမိုသိရှိနိုင်ဖို့ ဆရာဝန် ဒါမှမဟုတ် တတ်သိနားလည်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။
လက်ဖက်ဆီကဘယ်လောက်ထိဘေးကင်းသလဲ။
ကလေးတွေအတွက်အသုံးပြုလို့ရပါတယ်၊ အန္တရာယ်မရှိပါဘူး။ လက်ဖက်ဆီကို အသုံးမပြုခင်မှာဆရာဝန်နဲ့အရင်တိုင်ပင်ပါ။
ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ
လက်ဖက်ဆီက အရေပြားမှာ အသုံးပြုလို့အန္တရာယ်မရှိပါဘူး။ သောက်သုံးတာကတော့ စိတ်မချရပါဘူး။ လက်ဖက်ဆီသောက်သုံးတာက အဆိပ်သင့်နိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးများ
လက်ဖက်ဆီကြောင့်အောက်ပါလက္ခဏာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
အရေပြားမှာပူစပ်ပူလောင်ဖြစ်တာ၊ အရေပြားနီမြန်းတာ၊ ဝက်ခြံရှိတဲ့သူတွေမှာ တခါတရံအရေပြားခြောက်တာ၊ ယားယံတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အပူလောင်တာ၊ နီမြန်းတာ
အမျိုးသားတွေမှာ ပုံမှန်မဟုတ်တဲ့ရင်သားကြီးထွားမှုဖြစ်ပေါ်တာ၊ မူးမေ့တာ၊ လမ်းမလျှောက်နိုင်ဖြစ်တာ၊ကတုန်ကယင်ဖြစ်တာ၊ အရေပြားနီမြန်းတာနဲ့ကိုမာဖြစ်ခြင်း၊
လူတိုင်းဒီလိုမျိုးဘေးထွက်ဆိုးကျိုးတွေမကြုံကြပါဘူး၊ အထက်မှာဖော်ပြမထားတဲ့ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုတွေဖြစ်မှာစိုးရင်တော့ ဆရာဝန် ဒါမှမဟုတ်တတ်ကျွမ်းသူတွေနဲ့အရင်တိုင်ပင်သင့်ပါတယ်။
ဆေးဓါတ်ပြုမှုများ
လက်ဖက်ပင်အဆီ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
ဒီလက်ဖက်ဆီက သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေနဲ့ ဓာတ်ပြုတုံ့ပြန်နိုင်ပါတယ်။ သူ့ကိုမသုံးခင်မှာ သင့်ဆရာဝန်နဲ့ တိုင်ပင်တာမျိုးလုပ်ပါ။
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
လက်ဖက်ဆီကိုပုံမှန်သုံးစွဲသင့်တဲ့ပမာဏက ဘယ်လောက်လဲ။
အရွယ်ရောက်ပြီးသူ
လက်သည်းခြေသည်းမှိုပိုးဝင်ခြင်း- လက်ဖက်တစ်ပင်လုံးကနေထုတ်ယူထားတဲ့အဆီကို တစ်နေ့ နှစ်ကြိမ်နဲ့ ၆လကြာသုံးစွဲပေးရပါမယ်။
ခြေထောက်ပွေး – လက်ဖက်ပင်အဆီအနှစ် ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ပါဝင်တဲ့ဆေးရည်ကို တစ်နေ့နှစ်ကြိမ်နဲ့ တစ်လကြာအသုံးပြုပေးရပါမယ်။ လက်ဖက်ဆီ ၁၀ ရာခိုင်နှုန်းပါတဲ့ ခရင်မ်ကိုတစ်နေ့ ၂ ကြိမ်နဲ့တစ်လကြာအသုံးပြုပေးရပါမယ်။
ဝက်ခြံအတွက် – လက်ဖက်ပင်အဆီ ၅ ရာခိုင်နှုန်းပါတဲ့ ဂျယ်လ်ကိုနေ့စဉ်အသုံးပြုပေးရပါမယ်။
ကလေးငယ်တွေအတွက်
မျက်စိကူးစက်ရောဂါတွေအတွက် – လက်ဖက်ပင်ဆီ ၅၀ ရာခိုင်နှုန်းနဲ့ မျက်ခွံကိုလိမ်းကျံပေးတာ ဒါမှမဟုတ် လက်ဖက်ဆီ ၅ ရာခိုင်နှုန်းပါတဲ့ လိမ်းဆေးကို ၄ ပတ်ကနေ ၆ပတ်တာအတွင်း မျက်ခွံကိုလိမ်းပေးရပါမယ်။
အရေပြားကူးစက်ရောဂါတွေအတွက်- လက်ဖက်ဆီ အစက် ၄ စက်ကို အိုင်အိုဒင်းနဲ့ရောစပ်ပြီး အရေပြားကိုလူးပေးတာဖြစ်ဖြစ်၊ လက်ဖက်ဆီကိုပဲလူးပေးတာဖြစ်ဖြစ် တစ်နေ့ကို ၂ ကြိမ် ရက်ပေါင်း ၃၀ ဒါမှမဟုတ်အနာမပျောက်မချင်းလူးပေးပါ။
ကြွက်နို့အတွက် – ကြွက်နို့ပေါ်မှာ လက်ဖက်ဆီကိုတစ်နေ့ တစ်ကြိမ်နဲ့ ၁၂ ရက်ကြာလူးပေးပါ။
လက်ဖက်ဆီကိုသုံးစွဲရမယ့်ပမာဏကလူနာတွေအပေါ်လိုက်ပြီး ကွဲပြားမှုရှိမှာဖြစ်ပါတယ်။ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့အခြားအကြောင်းအရာတွေအပေါ်မူတည်မှာဖြစ်ပါတယ်။ လက်ဖက်ဆီကအမြဲတော့ဘေးကင်းပါဘူး။ သုံးစွဲလို့သင့်တော်မယ့်ပမာဏကို ဆရာဝန် ဒါမှမဟုတ်ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။
လက်ဖက်ပင်အဆီ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
လက်ဖက်ဆီ ဆပ်ပြာ၊ ခေါင်းလျှော်ရည်နဲ့သွားတိုက်ဆေး။
လက်ဖက်ဆီလိမ်းဆေး။
လက်ဖက်ဆီ ဆေးရည်။
လက်ဖက်ဆီဂျယ်လ်။
"Helloဆရာဝန်" မှ ကူးယူဖော်ပြပါသည်။
Dr. Myo Aung Kyaw
လွန်ခဲ့သော ၄ နှစ် ကလက်ဖက်ဆီကို English လို ဘယ်လိုရေးပါလဲ? Tea Tree Oil or Green Tea Oil? or others?
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....