ကန်စွန်းရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ဟေ့ ဘာဟင်းချက်
ဘဲဥ နဲ့ ဆိတ်သား၊ ငပိရည်လေးနဲ့ လာစားပါဦး။
ဟင်းကောင်းလှချည်လားပေါ့။ လက်နဲ့ ဆိတ်ချွေ ကြော်ထားတဲ့ ကန်စွန်းရွက်ဆို ဆိတ်သားလို့ ပြောကြတာ ခေတ်တစ်ခုဖြစ်ခဲ့ပါတယ်။ အစိမ်းစားစား ကြော်စားစား သူများနဲ့ မတူတဲ့ အနံ့လေးရယ်၊ ချိုပြီး ကြွပ်တဲ့ အရသာရယ်ကြောင့် ကန်စွန်းရွက်ဆိုရင် မသိတဲ့သူမရှိ မကြိုက်တဲ့သူမရှိပါပဲ၊ အချဉ်လေးတည်ပြီး စားဦးမလား မြိန်မှ မြိန်ပါပဲ။
အဲ့ကန်စွန်းရွက်ကနေ ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကိုလေ့လာကြည့်ရအောင်။
(၁) ကိုလက်စထရော ကို လျော့ကျစေပါတယ်။ ကဲ ဝိတ်ချချင်တယ်ဆို ကန်စွန်းပလိန်းပေါ့။ ကန်စွန်းရွက်ကို ပုံမှန်စားပေးရင် ကိုလက်စထရောတက်ပြီး ဝ လာတော့မှာ မဟုတ်ပါဘူး။
(၂) အသားဝါနဲ့ အသည်းနဲ့ ပတ်သက်တဲ့ရောဂါတွေကို ကုသပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့်မို့ အသည်းနဲ့ သည်းခြေ ကိုထိခိုက်ခြင်းဖြစ်စဉ်တွေကို ကာကွယ်ပေးနိုင်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ ကုသနိုင်တဲ့ဆေးတွေတောင် ကန်စွန်းရွက်ကနေ ထုတ်နေပြီဖြစ်ပါတယ်။ ကဲ ကိုကိုတို့ရေ သောက်ရင်ကန်စွန်းပလိန်းပဲပေါ့ ……..
(၃) သွေးအားနည်းရောဂါတွေကို ကုသပေးတဲ့နေရာမှာ အသုံးဝင်ပါတယ်။ သံဓာတ်အများကြီးပါဝင်တာကြောင့်မို့ ကန်စွန်းရွက် အနုလေးတွေ အညွှန့်လေးတွေကိုစားပေးရင် သွေးအားနည်းတာကို ကုသပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေအတွက်ဆိုလည်း လိုအပ်တဲ့ သံဓာတ်ပမာဏကိုဖြည့်တင်းပေးနိုင်ပါတယ်။ လူတွေမှာသံဓာတ်ပြည့်နေမှ သွေးနီဥတွေကိုထုတ်လုပ်ပေးနိုင်ပြီး သွေးအားကောင်းကျန်းမာလာစေမှာပါ။
(၄) အစာမကြေတာနဲ့ ဝမ်းချုပ်တာကို ကုသပေးပါတယ်။ ကန်စွန်းရွက်မှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့်မို့ အစာချေစနစ်ကို အများကြီးအထောက်အကူပြုပါတယ်။ အစာလည်းကြေ ဝမ်းချုပ်တာကိုလည်း သက်သာစေတယ်ဆိုတော့ ကန်စွန်းရွက်က ကောင်းတာပေါ့။
(၅) ဆီးချိုဝေဒနာရှင်များအတွက် သင့်တော်တဲ့ ဓာတ်စာပါတဲ့နော်။ ကိုယ်ဝန်ဆောင်ထားရတဲ့ ဆီးချိုဝေဒနာရှင်တွေကို ကုသဖို့ ကန်စွန်းရွက်ကိုသုံးပါတယ်။ ကန်စွန်းရွက်ကို ပုံမှန်စားပေးတဲ့ ဆီးချိုဝေဒနာရှင်တွေက ပိုပြီးတော့ ကျန်းမာရေးကောင်းလာစေမယ်လို့ အာမခံထားပါတယ်။
(၆) နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် (အေ) နဲ့ (စီ) ပါဝင်တာရယ်၊ ဘီတာကယ်ရိုတင်း အများကြီးပါဝင်တာကြောင့်ရယ်၊ ကိုလက်စထရော ကိုလျော့ပေးနိုင်တာကြောင့်ရယ် နှလုံးသွေးလမ်းကြောင်းနံရံမှာ အဆီတွေပိတ်တာမျိုး၊ သွေးကြောကျဉ်းတာမျိုး စတာတွေကိုမဖြစ်စေတော့ပါဘူး။ နှလုံးကို ထိခိုက်စေနိုင်တဲ့ homocysteine ဟိုမိုဆိုက်စတင်း ကို ပြောင်းလဲပေးနိုင်တဲ့ ဖိုလိတ်လည်း ကန်စွန်းရွက်မှာ ပါပါတယ်။ ပြီးတော့ မဂ္ဂနီစီယမ်လည်း ပါဝင်တာကြောင့် သွေးဖိအားကိုကောင်းမွန်တိုးတက်လာစေပါတယ်တဲ့.
ကဲ ညနေအလုပ်ပြန်ရင် ဈေးထဲကိုသွား ကန်စွန်းရွက် (၂) စည်းဝယ်၊ ကြော်စားမယ်။ ရေချိုးတဲ့နေရာနား ကန်စွန်းရိုးတွေပစ်ထားလိုက်ရင် ၂၀၀ တန်ကန်စွန်းရွက်က ရွှေထွက်ပြီပေါ့လို့………..
ကျန်းမာချမ်းသာပြီး အောင်မြင်ပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
ထွန်းဝင်းကျော်
Reference
https://www.stylecraze.com/articles/benefits-of-water-spinach-for-skin-hair-and-health/#gref
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....