အစိမ်းရောင်လမ်း
အင်းဆက် killer နဲ့ ခြင်​ဆေးဘူး ဘာကွာခြားသလဲ?

အင်းဆက် killer နဲ့ ခြင်​ဆေးဘူး ဘာကွာခြားသလဲ?

အင်းဆက်တွေမလာအောင် ပုရွက်ဆိတ်တို့ ပိုးဟပ်တို့မလာအောင်ဖျန်းတဲ့ ဆေးဘူး​တွေမှာပါတဲ့ ဓာတုဆေးကို DEET လို့ခေါ်ပါတယ်။

N,N Dethyl-3-methylbenzamide (or) diethyltoluamide တဲ့ သူအမည်အပြည့်အစုံက။ အဲ့ဆေးဘူးတွေထဲမှာ DEET 10-30% နဲ့ Ethanol ရောထားတာ။ အဲ့ဒီအချိုးအတိုင်းသာ မှန်တယ်ဆိုရင် မျက်နှာနားတေ့မဖျန်းရင်၊ အစားအစာတွေအပေါ် ဒဲ့မဖျန်းရင်၊ လေလုံပိတ်အခန်းထဲမှာသာမဖျန်းရင် အရမ်းကြီးအန္တရာယ်မရှိဘူး။

တိုက်ရိုက် အရေပြားကို ဖျန်းမိ ကိုင်မိ အသက်ရှုလမ်းကြောင်းကိုသာ ဖျန်းမိရင်တော့ အရေပြားဆို ပူမယ် ယားမယ်။ ရေဆေး ဆပ်ပြာတိုက် ခဏနေသက်သာမယ်။ အဲ မျက်စိထဲ အသက်ရှုလမ်းကြောင်း၊ အစာလမ်းကြောင်းထဲ ဒဲ့ရောက်သွားရင်တော့ ဆေးခန်းသာ ပြေးပေတော့ပေါ့။

ကြည့်ဖျန်း။ အစားတွေ aircon ခန်း၊ ခြင်ဇကာတပ် အခန်းတွေထဲမှာ။ DEET 10-30% ဟုတ်မဟုတ်က ဘူးပေါ်ရေးထားတာ ယုံရတာ။ ကိုယ်သေချာသိတာမဟုတ်ဘူး။

ကိုယ့် brand က အင်းဆက်တွေသေသဟဲ့လို့ ဝယ်လိုအားတက်စေချင်ပြီး ထုတ်လုပ်သူ သစ္စာမရှိ ရာနှုန်းပိုလိုက်ရင် ကိုယ်ဖျန်းမိ ကိုယ့်မိသားစုပဲထိမှာ။

အာ့မို့ အင်းဆက် killer ဖျန်းရင် မိသားစုကို အရင် ဝေးရာမှာနေခိုင်း။ ဖျန်းတဲ့အနားကို နာရီဝက်လောက်နေမှ ပြန်သွားခိုင်း။

အသက် ၂ နှစ်အောက် ကလေးရှိတဲ့အိမ်မှာ လုံးဝမဖျန်းသင့်ဘူး။ ကလေးရဲ့ neuro system အာရုံ​ကြောကို ထိခိုက်စေသတဲ့ US-EPA ကပြောတာ။ insect killer ​ဆေးဘူးကို ဝယ်တဲ့သူတိုင်း ​ဆေးဘူး​ပေါ်က DEET ရဲ့အချိုးကို ကြည့်ပြီးဝယ်ရမယ်ဆိုတာ မသိကြပါဘူး။ ၃၀ % ထက်​ ပိုပြီးပါဝင်ရင် အသက်အန္တရာယ်ရှိပါတယ်။ အိမ်သုံးအတွက်ထုတ်ထားတဲ့ပမာဏထက်​ ကျော်လို့မရပါဘူး။

ခြင်ဆေးဘူးမှာကျတော့ permethrin ဆိုတဲ့ဓာတုပစ္စည်းပါတာ။ သူက Synthetic Pyrithroid ရဲ့ first generation AI အုပ်စု။ Insect killer ဘူးနဲ့ မတူဘူး။ အများစုက အတူတူပဲလို့ ထင်ကြတယ်။ 

ရာသီဥတုပူနေချိန်မှာ မဖျန်းရဘူး။ အရေပြားထိခိုက်မှု ပိုများတတ်တယ်။ အသက် ၂ နှစ်အောက် ကလေးနဲ့ ကိုယ်ဝန်ဆောင်ရှိရင် မဖျန်းရဘူး။

ခြင်ဆေးဘူးအငွေ့ကို မကြာခဏရှူရတဲ့ အနေအထားဆိုရင် သွေးကြဲမယ်၊ အဆုတ်နဲ့ အသည်းအကျိတ် ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်အဖြေတွေရှိတယ်။

အသက်ကို ဉာဏ်စောင့်၏။

Source -DaDa  (2002 B.Agr.Sc)

 "သီးနှံကာကွယ်​ရေးဆိုင်ရာ အ​ထွေ​ထွေဗဟုသုတများ" ဖေ့ဘုတ်ပေ့ချ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....