စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထကောင်းများ (၈)
ASEAN GAP Food Safety Module ကို ကျွန်မ ဘာသာပြန်ခဲ့သည် မှာ Food Safety Module , တွင် Element ၁၀ ခုရှိလေရာ အခု အခါ Element 3 -- စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထကောင်းများ (၈) ပြီးလျှင် သုံးစွဲသင့်သည့် မြေသြဇာ များအကြောင်း ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။
ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၅)
မြေသြဇာ နှင့်မြေ ဆီလွှာ ပံ့ပိုးဖြည့်စွက်ပစ္စည်းများကို ထည့်သွင်းအသုံးပြုသည့် ကိရိယာ များ သည် အချိန်မရွေး အသုံးပြု နိုင်စေရန် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ကျွမ်းကျင်သူ များနှင့်စစ်ဆေးရပါမည်။
မြေသြဇာ အရည် ပက်ဖြန်း သည့်ကိရိယာ များ၊ မြေသြဇာ ကျွေးသည့် ကိရိယာများ ကို သေချာ ပြုပြင် မထားပဲ ယိုခြင်းပေါက်ခြင်း ရှိနေပါက လိုအပ်သည်ထက်ပိုမိုသုံစွဲ မိနိုင်ပါသည်။ ကိရိယာများကို တစ်နှစ်လျှင် တစ်ကြိမ် အနည်းဆုံး ထားပြီး ကျွမ်းကျင်သော ပညာရှင်များနှင့် နှုန်းထားမှန်ကန်စွာ ပက်ဖြန်းနိုင်ခြင်း ရှိမရှိ စစ်ဆေး သင့်ပါသည်။
ကျွမ်းကျင်သူပညာရှင် ဆိုသည် မှာ လယ်သမားကိုယ်တိုင်သော်လည်းကာင်း ၊ ကိရိယာ ကိုဖြန့်ဖြူးသည့် ကုပ္မဏီ မှ ကျွမ်းကျင်ဝန်ထမ်းသော် လည်းကောင်း ဖြစ်ရပါမည်။ မြေဆွေး ချ ကိရိယာ များ ၊ သြဂဲနစ် မြေသြဇာ များထည့်ရန်အသုံးပြုသည့် ကိရိယာများ ကိုတခြားသော ကိစ္စရပ် များ တွင် အသုံးမပြုသင့်ပါ။ သီးသန့်ဖယ်ထားရပါမည်။ အထူးသဖြင့် မိမိ စိုက်ခင်းမှာထုတ်လုပ်သည့် သီးနှံ များနှင့်မထိတွေ့စေရပါ။
ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၆)
မိမိ ခြံအတွင်း မြေသြဇာ နှင့် မြေဆီလွှာ ပံ့ပိုးဖြည့်စွက် ပစ္စည်းများ သိုလှောင်ခြင်း ၊ ရောစပ်ခြင်း ၊ အတင်အချ ပြုလုပ်ခြင်း တို့နှင့် မြေဆွေးပြုလုပ်သည့် သြဂဲနစ် ပစ္စည်းများကို ထားရှိသည့်နေရာ သည် တခြားသော အဆိပ်အတေက်ရှိသော ပစ္စည်းများ ဝင်ရောက် လာ နိုင်မှုအခြေအနေ သည် တတ်နိုင်သမျှ အနည်းဆုံး ဖြစ်စေသင့်ပါသည်။ ထို့အတူ ထို နေရာမှ တဆင့်လည်းရေတွင်းရေကန်များသို့ စိမ့်ဝင် ပြန့်နှံနိုင်မှု မရှိစေရပါ။
အကယ်၍ မိမိ ခြံအတွင်း မြေသြဇာ နှင့် မြေဆီလွှာ ပံ့ပိုးဖြည့်စွက် ပစ္စည်းများ သိုလှောင်ခြင်း ၊ ရောစပ်ခြင်း ၊ အတင်အချ ပြုလုပ်ခြင်း တို့နှင့် မြေဆွေးပြုလုပ်သည့် သြဂဲနစ် ပစ္စည်းများကို ထားရှိသည့်နေရာ သည် သီးနှံခင်း ရေတွင်းရေကန်တို့နှင့်နီးကပ်နေပါက မိုးရေ ၊ စီးဆင်းသော ရေ များ ၊တိုက်ခတ်သော လေ များ မှ တဆင့် ဇီဝ နှင့်ဓာတု အညစ်အကြေး များ ဝင်ရောက်ပါဝင်လာနိုင်ပါသည်။
သို့အတွက်ကြောင့် ထိုနေရာကိုသီးသန့်တည်ဆောက်ထားသော အဆောက်အဦ ဖြင့်ထားရှိခြင်း ၊ အကအရံများ ထားရှိခြင်း ၊ ရေနုတ်မြောင်း များတူးထားခြင်း ဖြင့် တိုက်ရိုက်သော်လည်းကောင်းသွယ်ဝိုက်သော်လည်းကောင်း မိမိ၏ ထုတ်ကုန် သီးနှံ သန့်စင် မှုရှိစေရန် ကာကွယ်ထားရှိ နိုင်ပါသည်။

စိုက်ခင်း ထဲသို့ အသုံးပြုမည့် ရေ မြောင်းအနီးတွင်မြေသြဇာထားခြင်းဖြင့် စိုက်ခင်းသို့ အညစ်အကြေး များပါဝင်သွားစေနိုင်ပါသည်။
ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၇)
မြေသြဇာ နှင့် မြေဆီလွှာ ပံ့ပိုးပစ္စည်းများကို ဝယ်ယူသည်ဖြစ်စေ၊ ကိုယ်တိုင်ပြုလုပ်သည် ဖြစ်စေ မည်သည့်နေရာမှ ဝယ်ယူပါသည် ၊ ရရှိပါသည် မြေသြဇာ ၏ စျေးကွကတွင်ရောင်းချသည့်် အမည်၊ရက်စွဲ နှင့် အရည်အတွက်ကို သေချာ စွာမှတ်တမ်းပြုစုထားရပါမည်။
ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၈)
ထို့အပြင် မြေသြဇာ နှင့် မြေဆီလွှာ ပံ့ပိုးပစ္စည်းများကို အသုံးပြုပုံ ၊ရရှိဝယ်ယူသည့်မှတ်တမ်း၊ဝယ်ယူသည့်ရက်စွဲ ၊ ဝယ်ယူသည့်ဆိုင် ၊ မြေသြဇာ ၏နာမည် ၊ မြေသြဇာ ထည့်ထားသည့် စိုက်ကွက် ၊ မည်သည့်ကိရိယာကိုအသုံးပြု၍ ကျေးမွေးသည်၊ ကျွေးသည့်နှုန်းထား ၊ကြိမ်ရေ၊ မြေသြဇာ ကျွေးသူ၏ အမည် နှင့်တကွ မှတ်တမ်း တင်ထားရပါမည်။
ထိုသို့ အသုံးပြုသည့်မှတ်တမ်းများ ကို ကောင်းစွာ ထိန်းသိမ်း ထားသည့်အတွက် မိမိ စိုက်ခင်းမှ ရိတ်သိမ်း ပြီး အချိန် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချီချိန် တွင်အဆိပ်အတောက် တစ်စုံတရာတွေ့ ရှိပြီး ပြဿနာ တစ်ခုခု ရှိ၍ နောက်ကြောင်းလိုက်သည့်အခါ တွင် စုံစမ်းစစ်ဆေးရန် ၊ကိုးကား သက်သေ ထူနိုင်ရန်အတွက် ဖြစ်ပါသည်။
အချက်အလက် ပြည့်စုံစွာ ရေးသားထားသော မှတ်တမ်းမှတ်ရာ ၊ ရက်စွဲ ၊ ပစ္စည်းအသွင်းအထုတ် မှတ်တမ်း ဇယားနှင့်အတိအကျ မှတ်တမ်းတင်ထား ရမည် ဖြစ်သလို ကုန် ပစ္စည်း ပေးပို့ခြင်း လက်ခံရရှိခြင်း တို့ နှင့်ပတ်သက်သည့် ပြေစာ များကို ပါ ပူးတွဲ သိမ်းဆည်းရပါမည်။
ထားရှိသင့်သည့် မြေသြဇာ နှင်မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ သုံးစွဲမှု ဝယ်ယူမှု ၊သိုလှောင်မှု မှတ်တမ်း ကိုပုံနှင့်တကွ ဖေါ်ပြအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
Mizuna
Ko Htoo • ဖြေကြားချက် 1 ခု
ဒီလိုခြင်ကာ ကဝတ်လေးတွေရောင်းတဲ့ဆိုင်များသိရင်ပြောကြပါဦးဗျ မိုးရာသီခြံထဲ ခြင်ကိုက်လွန်းလို့ပါ။🦟🦟🦟
soe htwe • ဖြေကြားချက် 0 ခု
ရာသီဉတုနှင့်ကိုင်ညီေသာတနိုင်တပိုင်စိုက်ပျိုးရေးလေးစချင်လို့ပါရှင့် မြေကွက်ကတော့အိမ်ဝိုင်းထဲမှာပါရှင့်
thida • ဖြေကြားချက် 2 ခု
အရွက်ဝါ အစက်ကွက်လေးပေါ်နေတယ်
သက်အေး • ဖြေကြားချက် 1 ခု
ခရမ်းချဉ်သီး အခုလထဲစိုက်ရင်စျေးကောင်းရောင်းရနိုင်မလား
sai thet mg • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026