စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထ ကောင်းများ (၆)
ကျွန်မ ဘာသာပြန်ဖေါ်ပြနေသော ASEAN GAP မှ Food Safety Module တွင် Element ၁၀ ခုပါဝင် ရာ အခု အပိုင်း၂ ကို ရောက်ခဲ့ပြီဖြစ်ပါသည်။
Element (2) မှာ အပိုင်း(၂) မျိုးစေ့ ၊ ပျိုးပင် နှင့် စိုက်ပျိုးမျိုးပွားသည့်အပင် ၏ အစိတ်အပိုင်းများ ဖြစ်၍ ထောက်ခံ ထားသည့် ကျင့်သုံးသင့်သော အလေ့အထ ၃ ချက် ( 3 Recommended Practices ) ရှိပါသည်။ အပိုင်း (၂) မျိုးစေ့၊ ပျိုးပင် နှင့် စိုက်ပျိုးမျိုးပွားသည့်အပင် ၏ အစိတ်အပိုင်းများ မိမိ ၏ စိုက်ခင်းတွင် စိုက်ပျိုးမည့် မျိုးစေ့ (သို့မဟုတ် ) ပျိုးပင်သည် ပျိုးခင်း တွင် ပျိုးထားစဉ်ကာလ တွင် ဖျက်ပိုးများ ရောဂါ များကို နှိမ်နင်းရန် အလို့ငှာ သုံးစွဲ ထားကောင်း ထားလိမ့်မည်။ ထိုအခါ ဓာတ်ကြွင်း ပမာဏ များပြား စွာပါ၀ င်နေခြင်း ရှိမရှိ၊ တရားဝင် အသိအမှတ်ပြု ဆေးဆိုင်မ ှရောင်းချထားသော ဓာတု ပစ္စည်းဟုတ် မဟုတ်၊ အပင် တွင် စွဲကပ် ကျန်ရှိနိုင်သည့် ကာလအပိုင်း အခြား တို့ကို သေချာ စွာလေ့လာ စုံစမ်း မှတ်တမ်းတင် ထားရပါမည်။
ထောက်ခံထားသည့် ကျင့်သုံးသင့်သော အလေ့အထ (၅)
အကယ်၍ ထို မျိုးစေ့၊ ပျိုးပင် နှင့် မျိုးပွားမည့် အစိတ်အပိုင်း များသည် မိမိ ၏ ခြံ အတွင်း ထုတ်လုပ်သည် ဖြစ်ပါက ၊ သုံးစွဲသည့် ဓာတုပစ္စည်း ၊ သုံးစွဲရခြင်းအကြောင်းရင်းကို မှတ်တမ်းပြုစုရပါမည်။ ထိုသို့ မှတ်တမ်းပြုစုရာတွင် ပါဝင်သင့်သည့် အချက်အလက်များ မှာ
- ပစ္စည်း အမျိုးအစား၊
- တည်နေရာဒေသ၊
- အသုံးပြုသောဓာတုပစ္စည်း၊
- သုံးစွဲရသည့်အကြောင်းရင်း၊
- သုံးစွဲသည့် နေ့စွဲ၊
- သုံးစွဲသည့်နှုန်းထား၊
- အပင်တွင် တည်ရှိနေမည့်ကာလအပိုင်းအခြား ၊
- ဆေးကို အသုံးပြုသူ၏အမည် စသည်တို့ပါဝင်ရပါမည်။
ထို မှတ်တမ်းစာအုပ်သည် အနာဂတ်ကာလ တွင် ရည် ညွှန်း ကိုးကားရန်အသုံးဝင်ပါလိမ့်မည်။
ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၆)
အကယ်၍ထို မျိုးစေ့၊ ပျိုးပင် ၊မျိုးပွားသည့် အပင် အစိတ်အပိုင်းသည် တခြားသော ခြံ မှ ရယူသည် ဖြစ်ပါက ထို ခြံ ၏ အမည် ။ ရောင်းချသူ အမည် ၊ ဝယ် ယူသည့်ရက်စွဲ တို့ကို မှတ်တမ်းပြုစုရပါမည်။ ထို မှတ်တမ်းသည် ထို အပင်ကို စိုက်ပျိုး ထားသည် မှ စတင်၍ ရိတ်သိမ်းချိန်အထိ ကိစ္စ တစုံတရာ ဖြစ်ပေါ်ခဲ့ပါက စုံစမ်းစစ်ဆေးရန် ၊ နောက်ကြောင်းပြန်လိုက်ရန် မှတ်တမ်း မှ တဆင့် သိရှိနိုင်ပါမည်။ ထိုမှတ်တမ်းသည် စာရင်းသွင်း စာအုပ် ၊ ဖြန့်ဝေသည့်စာအုပ် ၊ လက်ခံရရှိသည့် စာအုပ် မှတ်တမ်းဖြစ်ရပါမည်။
ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၇)
မိမိခြံ အတွက် စိုက်ပျိုးမည့် မျိုးစေ့၊ ပျိုးပင် ၊ အပင် အစိတ်အပိုင်းသည် လူတို့စားသုံးလျှင် အဆိပ်အတောက် ဖြစ်စေ နိုင်သည် ဆိုပါလျှင် ထို မျိုးပြားများကို လုံး မစိုက်ပျိုးသင့်ပါ။ တချို့သော သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်တို့သည် လူတို့ စားသုံးရန်အတွက် အဆိပ် အတောက် ဖြစ်စေ တတ်ပါသည်။ ဥပမာ -ပီလောပီနံဥ ။ မစိုက်ခင် ကတည်း က မိမိစိုက်ပျိုးမည့် အမျိုးအစား သည် သင့်တော်မှုရှိမရှိ၊ လူတို့အတွက် အဆိပ်အတောက် ဖြစ်မဖြစ် စစ်ဆေးရန် လိုအပ်ပါသည်။
Element (3) မှာ အပိုင်း(၃) မြေသြဇာ နှင့် မြေဆီလွှာ ပြုပြင် ပစ္စည်းများ ဖြစ်၍ ထောက်ခံထားသည့် ကျင့်သုံးသင့်သော အလေ့အထ၉ ချက် ( 9 Recommended Practices ) ရှိပါသည်။
လတ်ဆတ်စွာ စားသုံးသည့် သီးနှံများတွင် အဓိ က အရေးကြီးသော အဆိပ်အတောက် ဖြစ်စေသော ဓာတု ဓာတ်ကြွင်းမှာ အရည် အသွေး ညံ့ဖျင်းသော မြေသြဇာများ ၊ မြေဆီလွှာ ပြုပြင် ပစ္စည်းတို့တွင် ဂျစ်ပဆန်(လချေး မှုန့်) တိရိစ္ဆာန် ချေးများ ၊မြေဆွေး၊ စသည်တို့ တွင် လေးလံသော သတ္တုများ အထူးသဖြင့် ကက်ဒမီယမ် ပါဝင်နေခြင်းကြောင့် ဖြစ်ပါသည်။ အမြစ်စားသီးနှံများ ၊ မြေအောက်ပင်စည်များ ၊ ရွက်စားသီးနှံများသည် အခြေ အနေပေးပါက ကက်ဒမီယမ်ကို စုတ်ယူလေ့ရှိကြပါသည်။ တခြားသောသီးနှံများ က ထိုသီးနှံများလောက် ကက်ဒမီယမ် စုတ်ယူမှု မများပါ။ အန္တရာယ် ဖြစ်စေသော အဏုဇီဝ ပိုးများ ပါဝင် နေခြင်းသည် စိုက်ခင်းမြေ တွင် အော်ဂဲနစ် ပစ္စည်းများ သုံးရာ မှ ပါဝင်လာတတ်ပါသည်။ ကောင်းစွာပြုပြင် မထားသော တိရိစ္ဆာန်ချေးများ၊ နည်းစနစ် မမှန်သော မြေဆွေးများ တွင် ရောဂါဖြစ်စေသော အဏုဇီဝပိုးများ ပါဝင် နိုင်ချေမြင့်မား ပါသည်။ ထို အော်ဂဲနစ် ပစ္စည်းများသည် မြေသို့ ထည့်စဉ် အခါ နှင့် အရွက်ကို ဖြန်းသည့် အခါ သီးနှံ၏ စားသုံးရသည့် အပိုင်းနှင့် တိုက်ရိုက် ထိတွေ့ ၍ သော်လည်းကောင်း၊ ဖြစ်ပွားနိုင်ပါသည်။မြေဆီလွှာ နှင့်လောင်းသည့်ရေ မှ သွယ် ဝိုက်သောနည်းဖြင့် ပါဝင်လာတတ်ပါသည်။ မြေ တွင် ကပ်ပေါက်သော သီးနှံက မြေ နှင့်ဝေးသော သီးနှံထက် ပါဝင် မှု ပိုမို မြင့်မားတတ်ပါသည်။
ထောက်ခံထားသည့် ကျင့်သုံးသင့်သော အလေ့အထ (၈)
မြေသြဇာနှင့် မြေဆီလွှာ ပြုပြင်ရေး ပစ္စည်း များ အသုံးပြုသောကြောင့် အဆိပ်အတောက် ဖြစ်စေသော ဓာတုပစ္စည်းများနှင့် အဏုဇီဝပိုးများ ပါဝင်နေမှုကို သီးနှံ တစ်မျိုးချင်းအလိုက် စစ်ဆေး ပြီး မှ အသုံးပြုရပါမည်။ထူးခြား လွန်ကဲသော အဆပ်အတောက်ဖြစ်မှု ကို သေချာစွာ အမျိုးအစားခွဲခြား မှတ်တမ်းတင်ထားရပါမည်။ လေ့လာ ဆန်းစစ်ချက်ကို အသုံးပြုရန် ရည်ရွယ် သည့်မြေသြဇာနှင့် မြေဆီလွှာပြုပြင် ပစ္စည်း တစ်ခုချင်းအလိုက် ပြုလုပ်ထားရပါမည်။ မည်သည့် ထူးခြားသည့် အဆိပ်သင့်မှုကို မဆို သေချာ မှတ်တမ်းတင်ရပါမည်။ မှတ်တမ်း တင်သည့် အခါတွင်လည်း တည်နေရာ၊ စိုက်ပျိုးမည့် သီးနှံ အမျိုးအစား၊ လေ့လာ ဆန်းစစ်သည့်နေ့စွဲ၊ ဆန်းစစ်သည့် သူ၊ ရရှိသောရလဒ် တို့ ပါဝင်ရပါမည်။ ထည့်သွင်း ရမည် ဇယားပုံစံကို ပူးတွဲဖေါ်ပြပါမည်။
ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၉)
အသုံးပြုသည့်မြေသြဇာ ၊ မြေဆီလွှာပြုပြင် ပစ္စည်း ၏ ထူးခြားသော အဆိပ်သင့်မှကို သေချာစွာ လေ့လာ ဖေါ်ထုတ်ပြီးလျှင် လျှော့ချပေးနိုင်မည့် ကုစား နှိမ်နင်းမည့်နည်းလမ်းများ ကို ဆောင်ရွက် ရမည်။ အန္တရယ် ဖြစ်မှုကိုလျှော့ချ ကုစားနိုင်စေရန် ၊ လေးလံသော သတ္တု များ ပါဝင် မှု နည်းသည့် မြေသြဇာ များ ၊ ထည့်သွင်းပေး ရမည်။ ထိုသတ္တုကို စုတ်ယူသော်လည်း ကိစ္စ မရှိ သည့်သီးနှံများကို စိုက်ပျိုးပေးရပါမည်။ ဓာတ်ခွဲစမ်းသပ်ချက် ကို အသုံးမပြုခင် အချိန်တိုင်း စစ်ဆေးရပါမည်။
အသုံးပြုသည့် ( စီးပွားဖြစ် ရောင်းချသည့် အော်ဂဲနစ် ပစ္စည်းများ၊ လယ်ယာထွက် သီးနှံ အကြွင်းအကျန်များ ဖြစ်သည့် ကောက်ရိုး ၊ နွားချေးများ သီးနှံ စွန့်ပစ်ပစ္စည်းများ ) မှ အဏုဇီဝပိုးများ ပါဝင် မှုလျှော့ချပေးရန် အတွက်
မြေ တွင်းသို့ ထည့်သွင်း မြေသြဇာကျွေးသည့်အခါ စားသုံးသည့် အစိတ်အပိုင်းနှင့် မထိတွေ့စေရန် သတိထားရပါမည်။
- သစ်ပင် မြေရင်းကိုဖုံးကာခြင်း၊ မြေကို ပလတ်စတစ် အုပ်ပေးခြင်းတို့ ပြုလုပ်ရပါမည်။
- အော်ဂဲနစ် မြေသြဇာ ကျွေးချိန်နှင့် ခူးဆွတ်ချိန်ကို ခပ်ခွာခွာ ထားပေးခြင်း တို့ကို ပြုလုပ်ရပါမည်။
ဆက်လက်ဖေါ်ပြပါဦးမည်..။
ဒေါက်တာမသစ္စာ
ဆက်စပ်မေးခွန်းများ
Mizuna
Ko Htoo • ဖြေကြားချက် 1 ခု
ဒီလိုခြင်ကာ ကဝတ်လေးတွေရောင်းတဲ့ဆိုင်များသိရင်ပြောကြပါဦးဗျ မိုးရာသီခြံထဲ ခြင်ကိုက်လွန်းလို့ပါ။🦟🦟🦟
soe htwe • ဖြေကြားချက် 0 ခု
ရာသီဉတုနှင့်ကိုင်ညီေသာတနိုင်တပိုင်စိုက်ပျိုးရေးလေးစချင်လို့ပါရှင့် မြေကွက်ကတော့အိမ်ဝိုင်းထဲမှာပါရှင့်
thida • ဖြေကြားချက် 2 ခု
အရွက်ဝါ အစက်ကွက်လေးပေါ်နေတယ်
သက်အေး • ဖြေကြားချက် 1 ခု
ခရမ်းချဉ်သီး အခုလထဲစိုက်ရင်စျေးကောင်းရောင်းရနိုင်မလား
sai thet mg • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026