မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponices) အပိုင်း (၂)
မြေလွှာမဲ့စိုက်ပျိုးနည်းစနစ်ကို အရင်တစ်ပတ်က နံပတ် ၃။ ထိ လေ့လာပြီးပြီဆိုတော့ ခုတစ်ပတ် ၄။ ကစလို့ ထပ်လေ့လာကြည့်ရအောင်...........
၄။ စိုက်ပျိုးရမည့် မြေနေရာရွေးချယ်ခြင်း
စိုက်ပျိုးအိမ်အတွက် အကောင်းဆုံးနေရာရွေးချယ်ရန် အောက်ဖော်ပြပါ အချက်အလက်များကို သတိပြုရပါမည်။
• ပထမဦးစွာ မြေကြီးအနိမ့်အမြင့်စောင်းနေမှု ရှိ/မရှိကြည့်ပြီး လုံးဝရေပြင်ညီဖြစ်အောင် မြေကို ညှိထားရန်မဟုတ်သော်လည်း မြေပြန့်ဖြစ်နေလျှင် ပိုမို၍ကောင်းမွန်ပါသည်။
• ရေနှင့် အနီးဆုံးနေရာတွင် ဆောက်လုပ်သင့်သည်။
• ရေကန်ပြုလုပ်ရန်နှင့် မွေးမြူရေးတိရိစ္ဆာန်များ၊ အိမ်မွေးတိရိစ္ဆာန်များ ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်အောင် ခြံစည်းရိုးခတ်ရန် နေရာအလုံအလောက်ရှိရပါမည်။။
• မြေအနေအထားနဲ့ နေရောင်ခြည်ရရှိမှုအပေါ်တွင် မူတည်ပြီး စိုက်ပျိုးအိမ်အနေအထားကို အထူးဂရုပြုရပါမည်။ စိုက်ပျိုးအိမ်၏ အလျားဘက်အခြမ်းသည် တောင်နှင့် မြောက်တန်းနေသင့်ပါသည်။
• စိုက်ပျိုးအိမ်သည် တစ်နေ့ အနည်းဆုံး (၆) နာရီ နေရောင်ခြည်ရရှိရန် လိုအပ်ပါသည်။ အရိပ်ကျရောက်သည့် နေရာ၊ သစ်ပင်များ၊ အဆောက်အဦးများ၊ အိမ်များနှင့် နီးလွန်းသော နေရာကို ရှောင်သင့်ပါသည်။ သစ်ပင်၊ အဆောက်အဦးများသည် စိုက်ပျိုးအိမ်ကို လေးပြင်းမတိုက်အောင် ကာကွယ်ပေးနိုင်သော်လည်း မနီးလွန်း မဝေးလွန်းသောနေရာတွင် ရှိနေသင့်ပါသည်။
၅။ မြေနေရာပတ်လည် အမှတ်အသားပြုလုပ်ခြင်း
သစ်သားချောင်းနှင့် နိုင်လွန်ကို အသုံးပြုပြီး (၆ မီတာ×၁၂ မီတာ) (၁၉.၈ ပေ× ၃၉.၆ ပေ) စိုက်ပျိုးအိမ် ဆောက်လုပ်နိုင်မည့် နေရာပတ်လည်ကို တိုင်းတာပြီး မှတ်သားပေးရပါမည်။ မြေပြင်ပေါ်မှာ ထောင့်မှန်အတိအကျဆွဲနိုင်ရန် ရိုးရှင်းသော နည်းလမ်းကောင်းတစ်ခုမှာ အနားတစ်ဘက်ပေါ် (၃) ပေ၊ (၄) ပေ၊ (၅)ပေစီရှိသော ထောင့်သည်ထောင့်မှန်ဖြစ်သည်။ (၅) ပေ အနားနှင့် မျက်နှာချင်းဆိုင်ထောင့်သည် ထောင့်မှန်ဖြစ်ပါသည်။ နေရာကျယ်လျှင် အနားတစ်ဖက်စီကို ဆတိုးမြှောက်၍လည်း အသုံးပြုနိုင်ပါသေးသည်။ အနားတစ်ဖက် (၆)ပေ၊ (၈)ပေ၊ (၁၀)ပေစီရှိလျှင် (၁၀) ပေအနားနှင့် မျက်နှာချင်းဆိုင်မှာ ထောင့်မှန်ဖြစ်ပါသည်။
၆။ ဘောင်တည်ဆောက်ခြင်း
(၁) တိုင်အတွက် အသုံးပြုမည့်သစ်သားကို ပိုးမွှားများမစားအောင်နှင့် တာရှည်ခံအောင် (ရေနံချေး (သို့)ကတ္တရာ) အကာအကွယ်သုတ်ထားလျှင် ကောင်းပါသည်။ မြေအောက်တွင်စိုက်မည့် တိုင်၏အပိုင်းကိုသာ သုတ်ရန်လိုပါသည်။ တိုင်နှင့် အခြားသစ်ချောင်းများဆက်၍ အဆင်ပြေစေရန် အင်္ဂလိပ်အက္ခရာ အယ်လ်(L) ပုံစံ ထစ်ပေးရမည်။
(၂) နောက်တစ်ဆင့်အနေဖြင့် ရေပြင်ညီပိုက်ကို အသုံးပြုပြီး မြေနေရာနှင့် အမြင့်ဆုံး အမှတ်ကို ရှာရပါမည်။ ထိုနေရာမှစ၍ စပြီးတိုင်ထူရပါမည်။ တိုင်တစ်တိုင်စီတွင် ရှိသင့်သော အလျားရှိ/မရှိ၊ တည့်မတ်မှုရှိ/မရှိချိန်သီးကြိုးကို အသုံးပြုပြီးစစ်ဆေးရပါမည်။ ရေပြင်ညီဝိုက်ကိုအသုံးပြု၍ တိုင်အမြင့်ကို သေချာစွာတိုင်းရပါမည်။ တစ်တန်းတည်းရှိရမည့်တိုင်အားလုံး အမြင့်တူညီရပါမည်။
၇။ ရေစနစ်
အပေါ်ဘက်တိုင်ကီများကို အပင်အာဟာရပျော်ရည်ဖြင့် ဖြည့်ပေးရမည်။ မြေဆွဲအား အသုံးပြု ရေပေးဝေနေသောစနစ်ဖြင့် အာဟာရပျော်ရည်သည် ပုလင်းများထဲသို့ ရောက်ရှိစေပါမည်။ ထိုနည်းဖြင့် အပင်များကြီးထွားရန် လိုအပ်သော အာဟာရပျော်ရည်ကို စုပ်ယူရရှိနိုင်ပါသည်။ ပိုလျှံနေသော အာဟာရပျော်ရည်များကို နောက်ဆုံးပုလင်းမှ စုဆောင်းရယူပြီး ပိုက်လိုင်းဖြင့် အောက်ဖက်တိုင်ကီများထဲသို့ ပေးပို့ပေးပါသည်။ အာဟာရပျော်ရည် စီးဆင်းနိုင်ရန် သွယ်တန်းထားသော ပိုက်လိုင်းကို (၂% မှ ၃%) လျှောစောက်ရှိရပါမည်။ ရေစနစ်ကို PVC ပိုက်များဖြင့် ဆောက်လုပ်ပြီး လိုအပ်လျှင် PVC ကော်ဖြင့် ကပ်ထားပေးရပါမည်။ စနစ်၏အစပိုင်းတွင် အဝင်ခလုတ်များ တပ်ဆင်ပေးထားရပါမည်။ ၎င်း PVC ပိုက်များမှာ ပုလင်းတွဲ(ရေသန့်ဗူး)များနှင့် အလွယ်တကူဆက်သွယ်နိုင်ရန် အပေါက်ဖောက်ပေးထားရပါမည်။ ထိုအပေါက်များမှ ပိုက်အသေးလေးမှားထည့်ပြီး ပုလင်းတွဲဖြင့် အဝင်အထွက်ဆက်ပေးရပါမည်။
ထို့နောက် စိုက်ပျိုးအိမ်အပြင်ဘက်ဘေးတွင် ရေပြင်ညီ PVC ပိုက်ကို တပ်ဆင်ပေးရပါမည်။ ထိုပိုက်သည် ပုလင်းမှ ရေကို မြေပြင်တိုင်ကီများဆီ ပေးပို့မည့်ပိုက်ဖြစ်ပါသည်။ ထို့ကြောင့် ပိုက်များကို လျှောစောက်ဖြစ်စေရန် အထူးလိုအပ်ပါသည်။ သို့မှသာ မြေဆွဲအားသုံးရေပေးစနစ် အောင်မြင်မည်ဖြစ်ပါသည်။ ဆက်လက်ပြီး စင်ပေါ်ရှိတိုင်ကီမှ ပုလင်းများသို့ အပင်အာဟာရဖျော်ရည်ပေးပို့သော ပိုက်ကို တပ်ဆင်ရန် အလားတူလုပ်ဆောင်ပါ။ ပိုက်၏လျှောစောက်မှာ အဝေးဆုံးပုလင်းတွဲစီ ရေစီးဆင်းသွားရန် လုံလောက်သော လျှောစောက်ဖြစ်ရပါမည်။
ပြီးပြည့်စုံသော ရေစနစ်ဖြစ်စေရန် အခြားတပ်ဆင်ရမည့် ပစ္စည်းများ(ဥပမာ-ဒေါင့်ချိုးများ ပိုက်ကြီးများမှ ပိုက်ကလေးသို့ လျှောချပေးသည့် ပလပ်များ၊ ပလတ်စတစ်ပိုက်ပျော့များနှင့် အဝင်ပေါက်များကို တပ်ဆင်ပါ။)
အောက်တွင် တောင်သူဦးကြီးများနှင့် စာဖတ်သူအပေါင်းနားလည်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေထားသော စာအုပ်ထဲမှပုံကို ကူးယူ၍ ဖော်ပြလိုက်ပါတယ် ခင်ဗျာ။ 
Agri.Linn.Htet
Reference- စိုက်ပျိုးရေးဦးစီးဌာန
နောက်ဆက်တွဲ(အပိုင်း-၃)--စိုက်ပျိုးအိမ်များကို စီမံခန့်ခွဲခြင်း
--အသင့်သုံးအာဟာရဖျော်ရည်ဖျော်စပ်ပုံ ဆောင်းပါးများကို ဆက်လက်စောင့်မျှော်ပေးကြပါဦး။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မြေမဲ့စိုက်ပျိုးနည်း
Nyan Lynn Htet
လွန်ခဲ့သော ၄ နှစ် ကနောက်အပိုင်းကိုဆက်လက်ဖတ်ရှုရန်☺️
ဦးအောင်ဝင်းထွေး
လွန်ခဲ့သော ၅ နှစ် ကအသင့်သုံးအဟာရဖျော်ဆပ်ပုံလေးပြန်လည်ဖော်ပြပေးပါဥိး
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
Mizuna
Ko Htoo • ဖြေကြားချက် 1 ခု
ဒီလိုခြင်ကာ ကဝတ်လေးတွေရောင်းတဲ့ဆိုင်များသိရင်ပြောကြပါဦးဗျ မိုးရာသီခြံထဲ ခြင်ကိုက်လွန်းလို့ပါ။🦟🦟🦟
soe htwe • ဖြေကြားချက် 0 ခု
ရာသီဉတုနှင့်ကိုင်ညီေသာတနိုင်တပိုင်စိုက်ပျိုးရေးလေးစချင်လို့ပါရှင့် မြေကွက်ကတော့အိမ်ဝိုင်းထဲမှာပါရှင့်
thida • ဖြေကြားချက် 2 ခု
အရွက်ဝါ အစက်ကွက်လေးပေါ်နေတယ်
သက်အေး • ဖြေကြားချက် 1 ခု
ခရမ်းချဉ်သီး အခုလထဲစိုက်ရင်စျေးကောင်းရောင်းရနိုင်မလား
sai thet mg • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Nyan Lynn Htet
အားလုံး