ပဉ္စလက် ဉယျာဉ်လေးများ လုပ်ရအောင်
ပဉ္စလက် ဉယျာဉ်လေးများ လုပ်ရအောင်
မိမိတို့ ခြံတွင်း၌ ပဉ္စလက် ဉယျဉ်လေးများ ပြုလုပ်ထားခြင်းဖြင့် အိမ်တွင်းရှိ အစားသောက် အကြွင်းအကျန် များနှင့် ခြံတွင်းရှိ အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်ရာရောက်သည့်အပြင် သီးနှံပင်များအတွက် အကောင်းဆုံး အဟာရများကိုရရှိစေမှာ ဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာကြည့်ရအောင်နော်
လိုအပ်သောပစ္စည်းများ
၁။ ကျောက်တုံးကြီး (သို့) အုပ်ခဲ (သို့) သစ်လုံးများ
၂။ ကောက်ရိုး/ သစ်ကိုင်းခြောက်များ
၃။ လျော်ကြိုး
၄။ ၅ ပေခန့်ရှည်သော ကြိမ် ချောင်း (သို့) အမျိုးတူ
၅။ ပန်းအိုးကွဲ (သို့) စည်သွတ်ဗူးများ
၆။ ဝါယာကြိုးရှည်
၇။ ရေစီးကောင်းသော မြေနှင့် မြေဆွေးများ နွားချေးကြက်ချေးစသည်
ဆောင်ရွက်ပုံအဆင့်ဆင့်
မိမိခြံတွင်းမှာနေရောင်ခြည်ကောင်းစွာရရှိသော၊ ရေရနိုင်သောနေရာများကိုရွေးချယ်ပါ။ စာဖတ်ခန်း၊ မီးဖိုခန်းတို့နှင့်နီးနိုင်သမျှနီးစေရန်ရွေးချယ်ပါ။
အဆင့် (၁) ၃ မီတာပါတ်လည်အကျယ်လောက်ရှိသောမြေကိုတူးဆွပါ။ တုတ်ချောင်းတစ်ချောင်းကို ၁.၂ မီတာခန့်ရှိသော လျော်ကြိုး၏ တစ်ဖက်တစ်ချက်စီတွင်ချည်နှောင်ပါ။ တစ်ဖက်ကိုအလယ်ဗဟိုနေရာတွင် စိုက် ထားပါ။ အခြားတစ်ဖက်ဖြင့် စက်ဝိုင်းပုံဆွဲပါ။ ဝင်ပေါက်ပြုလုပ်ရန်အတွက် တြိဂံ ပုံဆွဲပါ။ စက်ဝိုင်းမှ အလယ်ဗ ဟိုထိဖြစ်သည်။ (၆၀ စင်တီမီတာခန့်အကျယ်ရှိပါစေ)
အဆင့် (၂) ကြိမ်များကို ၅-၁၀ စင်တီမီတာစီခြား၍ စီထားပါ။ အဆိုပါကြိမ်ချောင်းများအား တစ်ခုနှင့် တစ်ခုတွဲ၍ ချည်နှောင်ပေးပါ။ အားလုံး တစ်တန်းတည်းဖြစ်သွားသည်အထိချည်နှောင်ပါ။ အပေါ်ပိုင်းတွင် တစ်ကြိမ် အောက်ပိုင်းတွင် တစ်ကြိမ် ( ၂) ကြိမ်ချည်နှောင်ပါ။ စုစုပေါင်းအရှည်သည် ၁၃၀ စင်တီမီတာ ခန့် ဖြစ်သင့်ပါသည်။ ထို့နောက် ထို ထုလုံးရှည်ပုံဖြစ်နေသော ကြိမ်စည်းကိုမြေကြီးတွင်းသို့ စိုက်သွင်းပါ။ ရောနှော ထားသောမြေကြီးကို တစ်ဝက်ခန့်ထည့်ပါ။
အဆင့် (၃) ကျောက်တုံးများ၊ အုတ်၊ သစ်လုံးများ ကိုစက်ဝိုင်းပုံအတိုင်းစီပါ တစ်လွှာ သို့မဟုတ် ထိုထက် ပို၍ ပြုလုပ်နိုင်ပါတယ်။ ဖြည့်တင်းဖို့ရာ မြေကြီးလုံလုံလောက်လောက်ရှိရမှာဖြစ်ပါတယ်။ ဝင်ပေါက်ပြုလုပ်ထားတဲ့ နေရာမှာတာ့ကျောက်တုံးကို မြင့်မြင့်ကာပေးရမှာဖြစ်ပါတယ်။ ပထမအလွှာကို ပန်းအိုးကွဲစများ စည်သွတ် ဗူး များ စသည်တို့နဲ့ပြုလုပ်ရမှာဖြစ်ပါတယ်ရေစီး ရေလာကောင်းဖို့အတွက်ဖြစ်ပါတယ်။
အဆင့် (၄) အဲဒီနောက် ရောထားတဲ့မြေကြီးတွေကိုဖြည့်ပေးရမှာပါ။ အကောင်းဆုံးမြေကြီးကို အပေါ်ဆုံးမှာ ထားရပါမယ်။ အပုံလိုက်လေးဖြစ်လာတဲ့ထိ မြေကြီးကိုဖြည့်ပေးရမှာ ဖြစ်ပါတယ်။
အဆင့် (၅) မြေကြီးအသားသေစေရန် မစိုက်ပျိုးမီ ၁ ပါတ်ခန့်ထားပေးရမှာဖြစ်ပါတယ်။ ထို့နောက်စိုက်ပျိုး ပီးပါကအမြစ်များထွက်လာသည်ထိရေလောင်းပါ။ ကြိမ်ချောင်းများဖြင့်ပြုလုပ်ထားသော ထုလုံးရှည်ခြင်းလေး ထဲကိုစွန့်ပစ်ပစ္စည်းတွေထည့်ပါ။ ရေလောင်းပါ။ ဆွေးမြေ့ပြီးသောပစွည်းများ ။ တစ်ဝက်တပျက်ဆွေးမြေ့သော ပစ္စည်းများထည့်ပါ။ အစာ အကြွင်းကျန်များကိုထည့်ပေးနိုင်ပါတယ်။ ခြင်းလေးအပေါ်မှာ ဖုံးအုပ်ထား ပေးမယ်ဆိုရင်တော့ ဆွေးမြေမှုကိုမြန်စေမှာဖြစ်ပါတယ်။ အပင်လေးများအတွက် အဟာရဓါတ်များကို ရရှိစေ နိုင်မှာဖြစ်ပါတယ်။

မှတ္ခ်က္။
- မြေမာပေါ်တွင်ပြုလုပ်မည်ဆိုပါက အပေါ်လွှာတင်၍ပြုလုပ်ပါ။
- ထိပ်ဆုံးတွင်ခရမ်းချဉ်စိုက်ပျိုးပါ။ ကြိမ်တိုင်လေးများကိုမှီ၍ အပင်လေး ကြီးထွားလာမည်ဖြစ်သည်
- သစ်သားပြာ (သို့)ကောက်ရိုးများဖြင့် မြေကြီးကိုဖုံးအုပ်ထားပေးပါ။
မေဖြိုးဝေ
ဆက်စပ်မေးခွန်းများ
Mizuna
Ko Htoo • ဖြေကြားချက် 1 ခု
ဒီလိုခြင်ကာ ကဝတ်လေးတွေရောင်းတဲ့ဆိုင်များသိရင်ပြောကြပါဦးဗျ မိုးရာသီခြံထဲ ခြင်ကိုက်လွန်းလို့ပါ။🦟🦟🦟
soe htwe • ဖြေကြားချက် 0 ခု
ရာသီဉတုနှင့်ကိုင်ညီေသာတနိုင်တပိုင်စိုက်ပျိုးရေးလေးစချင်လို့ပါရှင့် မြေကွက်ကတော့အိမ်ဝိုင်းထဲမှာပါရှင့်
thida • ဖြေကြားချက် 2 ခု
အရွက်ဝါ အစက်ကွက်လေးပေါ်နေတယ်
သက်အေး • ဖြေကြားချက် 1 ခု
ခရမ်းချဉ်သီး အခုလထဲစိုက်ရင်စျေးကောင်းရောင်းရနိုင်မလား
sai thet mg • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from May Phyo Wai
အားလုံး