မျိုးစပ်ငါးခူ စနစ်တကျ မွေးမြူနည်း
မျိုးစပ်ငါးခူသည် အာရှဒေသတွင် ထင်ရှားလူကြိုက်များပြီး အာဖရိက ငါးခူအထီးနှင့် ထိုင်းငါးခူ အမ မျိုးစပ်သားဖောက်၍ ရရှိသည့် ငါးခူမျိုးသစ် တစ်ခုဖြစ်ပါသည်။ ကြီးထွားနူန်း မြန်ဆန်ကောင်းမွန်ခြင်း၊ စားသုံးရာတွင် အရသာကောင်းမွန်ခြင်းနှင့် ရောဂါဒဏ်အတော်အသင့်ခံနိုင်ခြင်း၊ စျေးကွက်ကောင်းမွန်ခြင်း စသည်တို့ကြောင့် ငါးမွေးမြူသူများ နှစ်ခြိုက်သည့် ငါးမျိုးဖြစ်ပါသည်။
ထို့အပြင် အရွယ်အစားသေးငယ်သည့် မြေကန်များနှင့် အုတ်ကန်များ စသည်တို့်တွင် မွေးမြူနိုင်သဖြင့် မျိုးစပ်ငါးခူသည် စီးပွားဖြစ် မွေးမြူရေးသာမက တစ်ပိုင်တစ်နိုင် မွေးမြူရေးအတွက်ပါ အထူးသင့်လျော်သည့် ငါးမျိုးဖြစ်ပါသည်။
မြေနေရာ
၁။ မျိုးစပ်ငါးခူသည် ပူနွေးသည့်နေရာများတွင် ပိုမိုဖြစ်ထွန်းပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် မွေးမြူနိုင်ပါသည်။
၂။ တစ်နှစ်ပတ်လုံး အလွယ်တကူ ရေလဲလှယ်ပေးနိုင်သည့်နေရာများတွင် မွေးမြူနိုင်ပါသည်။
၃။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စျေးကွက်နီးသည့် နေရာဖြစ်ရပါမည်။
၄။ ရွှံ့စေးမြေ (သို့မဟုတ်) ရွှံ့နူန်းမြေ အမျိုးအစားဖြစ်ရပါမည်။
ကန်အရွယ်အစားနှင့် ကန်တူးဖော်ခြင်း
၁။ စီးပွားဖြစ် လုပ်ငန်းအနေဖြင့် ဆောင်ရွက်ပါက အငယ်ဆုံး ၀.၂၅ ဧကမှ အကျယ်ဆုံး ၂ ဧကရှိကန်များသာ သင့်လျော်ပါသည်။
၂။ မျိုးစပ်ငါးခူမွေးမြူရန် ရေအနက်(၄)ပေ လိုအပ်သဖြင့် မြေသားအနက် အနည်းဆုံး (၄) ပေအထိ တူးဖော်ရန် လိုအပ်ပါသည်။
၃။ ငါးခူသည် တွင်းများဖောက်ခြင်း၊ ကန်အပြင်သို့ထွက်ခြင်းများရှိနိုင်သဖြင့် ကန်ဘောင်ထူထဲခိုင်မာမြင့်မားရန် လိုအပ်ပါသည်။
၄။ ရေသွင်းရေထုတ်လွယ်ကူစွာ ပြုလုပ်နိုင်ရန် ပြွန် (သို့) ရေတံခါးများ စနစ်တကျထားရှိရန် လိုအပ်ပါသည်။
၅။ ငါးများ ပြန်လည်ဖမ်းဆီးရာတွင် လွယ်ကူစေရန် ကန်အောက်ခြေမျက်နှာပြင်အား ဆင်ခြေလျောပုံတူးပေးရမည်။
၆။ ကန်ဘောင်ထိပ်မှ အောက်(၃)ပေအကွာတွင် ရေလျှံပြွန်တစ်ခု(သို့)နှစ်ခုထားရှိရန် လိုအပ်ပါသည်။
၇။ သို့မှသာ မိုးများသည် ဒေသမိုးရာသီတွင် ကန်ရေမျက်နှာပြင်အား ထိန်းသိမ်းနိုင်မည် ဖြစ်ပါသည်။
ကန်ပြင်ဆင်မှု
၁။ အသစ်တူးဖော်ထားသည့်ကန်၏မြေသားတွင် အနယ်အနှစ်များပါရှိသဖြင့် ကန်ထဲသို့ ရေထည့်သည့်အခါ ရွှံ့များနှင့် အတူပျော်ဝင်၍ နောက်ကျိနေတတ်ပါသည်။
၂။ ၎င်းနောက်ကျိနေသည့် ရေများအားလုံး ထုတ်ပစ်သင့်ပါသည်။
၃။ ထို့နောက် ကန်အတွင်းသို့ တစ်ဧကလျှင် ထုံးပိဿာ (၃၀၀) ခန့် ထည့်ပေးရပါမည်။
၄။ ထုံးထည့်ပြီး တစ်ရက်နှစ်ရက်အကြာ တစ်ဧကလျှင် နွားချေး တင်း(၁၅၀)ခန့်အထိ ကန်အနှံ့အပြား ဖြန့်ထည့်ပေးသင့် ပါသည်။
၅။ ထို့နောက်ရေ(၄)ပေခန့်အထိ ထည့်သွင်းပေးရပါမည်။
၆။ တစ်ပတ်(၁၀)ရက်ခန့်ကြာသည့်အခါ ကန်ရေကြည်စိမ်းလာပြီး မျိုးစပ်ငါးခူသားပေါက်များ စတင်ထည့်သွင်းမွေးမြူနိုင်သည့် အခြေအနေသို့ ရောက်ရှိပြီဖြစ်ပါသည်။
၇။ ကန်အဟောင်းများတွင် မွေးမြူမည်ဆိုပါက ကန်အတွင်းရှိ ရေအားလုံးထုတ်၍ ငါးရိုင်းများ ကုန်စင်သည်အထိ ရှင်းလင်းသင့်ပါသည်။
၈။ ထို့နောက် ကန်အတွင်းသို့ တစ်ဧကလျှင် ထုံးပိဿာ(၁၀၀)မှ(၁၅၀)ခန့်အထိ ကန်အနှံ့အပြားဖြန့်ထည့်ပေးရပါမည်။
၉။ ကန်အတွင်းရှိ ရေအရည်အသွေးကောင်းမွန်စေရန် နွားချေး တင်း(၅၀)မှ(၁၀၀)ခန့်အထိ ဖြန့်ထည့်ပေးရပါမည်။
၁၀။ ကန်အတွင်းသို့ ငါးရိုင်းများမပါရှိစေရန် ရေကို စစ်သွင်းပေးရပါမည်။
၁၁။ ငါးခူများအပြင်သို့ မထွက်နိုင်စေရန် ကန်အတွင်းဘက် ဘောင်တစ်လျှောက် ထင်းများ၊ ထရံများဖြင့် ကာရံထားရပါမည်။
၁၂။ ရေထည့်ပြီး (၁၀) ရက်ခန့်အကြာတွင် ကန်ရေစိမ်းလာပါမည်။ ဤအခြေအနေတွင် ငါးခူသားပေါက်များစတင်ထည့်သွင်းမွေးမြူနိုင်ပါသည်။
၁၃။ ငါးခူမွေးမြူရေးကန်အတွင်းသို့ ထုံး၊ နွားချေး စသည်တို့ထည့်ခြင်းသည် မျိုးစပ်ငါးခူများအတွက် သဘာဝအစာ ရရှိစေရန် မွေးမြူခြင်းမဟုတ်ဘဲ ကန်မြေသားနှင့်ရေအရည်အသွေးကောင်းမွန်မှု ချဉ်ဖန်နူန်းမျှတမှုနှင့် အောက်စီဂျင်လုံလောက်စွာ ရရှိမှုအတွက်သာ ပြုပြင်ပေးခြင်းဖြစ်ပါသည်။
ငါးသားပေါက်ထည့်သွင်းခြင်း
၁။ ကန်တစ်ဧကလျှင် မျိုးစပ်ငါးခုသားပေါက် (၂၀၀၀၀)မှ (၄၀၀၀၀)အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။
၂။ ငါးခူသားပေါက်များသည် အရွယ်အစားညီမျှ၍ ရောဂါဘယကင်းရှင်းရပါမည်။
အစာအမျိုးအစားနှင့် အစာကျွေးနူန်း
၁။ မျိုးစပ်ငါးခူသည် အသားစားငါးမျိုးဖြစ်သဖြင့် အသားဓာတ်အနည်းဆုံး ၂၅% ပါဝင်သည့် အစာတောင့်များအား ကန်အတွင်းရှိ ငါးစုစုပေါင်း ခန့်မှန်းအလေးချိန်၏ ၅-၁၀ % အထိ နံနက်၊ ညနေ နှစ်ကြိမ်ခွဲ၍ ကျွေးနိုင်ပါသည်။
၂။ အဆိုပါ အစာတောင့်အား ဖွဲနု ၃၀ %၊ ငါးကြေးမှုန့် ၃၀%၊ ပဲဖတ်မှုန့် ၃၀%၊ ကော်အဖြစ် ဆန်ကွဲ (သို့) ကောက်ညှင်းမှုန့် ၁၀ % ရောစပ်ပြုလုပ်နိုင်ပါသည်။
၃။ မျိုးစပ်ငါးခူအား အခါအားလျော်စွာ သားငါး အစိုများလည်း ကျွေးရန် လိုအပ်ပါသည်။
၄။ သားငါးအစိုကို ကြိတ်၍လည်းကောင်း၊ နုပ်နုပ်စဉ်း၍ လည်းကောင်းပြုလုပ်ပြီး သားငါးအစို ၈၅%၊ ဖွဲနု ၅%၊ ဆန်ကွဲ (ကျို၍) ၁၀%၊ အချိုးအတိုင်းရောနှောကျွေးမွေးနိုင်ပါသည်။
ကြီးထွားနူန်းနှင့် မွေးမြူသည့်ကာလ
၁။ မျိုးစပ်ငါးခူသည် (၄) လခန့်တွင် (၁၀)ကျပ်သားမှ (၁၅)ကျပ်သားခန့်အထိ ကြီးထွားနိုင်ပါသည်။
၂။ သို့ဖြစ်ပါ၍ မျိုးစပ်ငါးခူအား ငါးသားပေါက် ရရှိမှုအပေါ်မူတည်ပြီး တစ်နှစ်လျှင် (၃)ကြိမ်ခန့်အထိ မွေးမြူထုတ်လုပ်နိုင်ပါသည်။
အဖတ်တင်နူန်း
၁။ ၁ လက်မခန့်အရွယ်ရှိ ငါးမျိုးစပ်ငါးခူသားပေါက်များ ထည့်သွင်းမွေးမြူပါက အဖတ်တင်နူန်းမှာ ၂၅ – ၄၀% ခန့်အထိ ရရှိနိုင်ပါသည်။
၂။ တစ်လက်မအရွယ်ရှိ သားပေါက်များအား တစ်လခန့်အထိ သီးသန့်ပြုစုကန်တွင် ထားရှိပြီး ၂-၃ လက်မ အရွယ်ရောက်ရှိအောင် ပြုစု၍ အသားတိုးကန်ထဲသို့ ထည့်မွေးပါက ၆၀ % အထိ အဖတ်တင်နိုင်ပြီး ကြီးထွားနူန်းပိုမိုကောင်းမွန်ပါသည်။
ရေလဲလှယ်ပေးခြင်း
၁။ တစ်လလျှင် ကန်အတွင်းရှိ ရေပမာဏ၏ ၃/၄ ထုတ်ပစ်လဲလှယ်ပေးရပါမည်။
၂။ ရေလဲလှယ်ပေးရခြင်းမှာ အစာကျန်အစာတောင့်များနှင့် သားငါးအစိုများကြောင့်ရေညစ်ညမ်းမှု ရှိပြီး ငါးများ ရောဂါကျရောက် နိုင်ပါ၍ လဲလှယ်ပေးရခြင်းဖြစ်ပါသည်။
ငါးသားပေါက်ရရှိနိုင်သော နေရာများ
မျိုးစပ်ငါးခူသားပေါက်များကို ငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ ရန်ကုန်တိုင်းငါးလုပ်ငန်းစခန်း၊ ဧရာဝတီတိုင်း ပုသိမ်ငါးလုပ်ငန်း စခန်း၊ ပဲခူးတိုင်းငါးလုပ်ငန်းစခန်း၊ သရက်ကုန်း ငါးလုပ်ငန်းစခန်း၊ ကူမဲငါးလုပ်ငန်းစခန်း၊ ညောင်ရွှေငါးလုပ်ငန်းစခန်းတို့တွင် ဆက်သွယ်ဝယ်ယူရရှိနိုင်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန
aung tun myat
လွန်ခဲ့သော ၂ နှစ် ကအကောင်ရေ၂၀၀၀ကို ရေကန်ကပေဘယ်လောက်ကြယ်ရလ
aung tun myat
လွန်ခဲ့သော ၂ နှစ် ကမော်လမြိုင်မာ ငါးခူသားပေါက်ဝယ်လို့ရလား
အမည်မသိ
လွန်ခဲ့သော ၅ နှစ် က၁၀´၂၀´မြေကန်ဆိုရင် သားပေါက်ဘယ်နှစ်ကောင်ထည့်လို့ရလည်းခင်ဗျာ... မိသားစုတနိုင်လေးပါ
သူရ
လွန်ခဲ့သော ၅ နှစ် ကစနစ်တကျမွေးမြူသားဖောက်ဖို့အတွက်ဘယ်မှာလေ့လာသင်ယူသင့်ပါသလဲခင်ဗျ
မျိုးလှိုင်မင်း
လွန်ခဲ့သော ၅ နှစ် ကသင့်တော်ပါတယ်ဗျကြက်အူများများရနိုင်ပါကကြက်အူအစိမ်းကိုကြိတ်၍ကြွေးကငါးကြီးထွားနှုန်းမြန်ပါသည်
ဆက်စပ်ဆောင်းပါးများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ရန်ကုန်တိုင်းတိုက်ကြီးမြို့မဈေးမှာ မွေးမြူရေးငါးခူ သို့မဟုတ် ထိုင်းငါးခူဒိုင်ဈေးက တပိသာဘယ်လောက်ထိရှိပါသလဲ
kyaw • ဖြေကြားချက် 0 ခု
တီလားပီးယာမွေးမြူပုံသိချင်ပါသည်
Friacis • ဖြေကြားချက် 1 ခု
EMအပြင်းဖော်စပ်နည်းလေးမျှဝေပေးပါ
ကိုဦး • ဖြေကြားချက် 14 ခု
ငါးတောက်တူငါးရဲ့ဇီဝစက်ဝန်းကိုသိချင်ပါတယ်
မငြိမ်းမြတ်သူ • ဖြေကြားချက် 1 ခု
မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေမှာမုတ်သုံလေဘယ်ရက်ထိအားကောင်းနိူင်အုံးမလဲဆရာလေတိုက်နူန်းနဲ့လှိုင်းအမြင့်ပေဘယ်လောက်ရှိနိုင်မလဲဆရာ
Min Gaung • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....