တစ်ပိုင်တစ်နိုင် အခြေခံ ငါးမွေးမြူနည်း
ငါးသားပေါက် စတင်မွေးမြူခြင်း (ထည့်သွင်းကောင်ရေနှင့် အချိန်)
- တစ်ဧကလျှင် ၂ – ၂.၅ လက်မအရွယ် သားပေါက် (ငါးသန်) ၄၀၀၀ မှ ၅၀၀၀ အထိ မွေးမြူနိုင်ပါသည်။
- ဇူလိုင်နှင့် သြဂုတ်လများတွင် စတင်မွေးမြူသင့်ပါသည်။
ငါးသားပေါက်မွေးမြူထားစဉ်ဆောင်ရွက်ရန်
- ငါးကန်အောက်ခြေတွင် စုပုံနေသော အညစ်အကြေးများကြောင့် ရေထုညစ်ညမ်းမှုမရှိစေရန် ကန်အောက်ခြေကို ချိန်းကြိုးကဲ့သို့ အမာပစ္စည်းတစ်ခုဖြင့် မွှေနှောက်ပေးခြင်း။ (ဥပမာ ချိန်းကြိုးဖြင့် ဆွဲခြင်းကို တစ်ပတ်လျှင် ၂ ကြိမ်ခန့် ပြုလုပ်ပါ။)
- မွေးထားသော ငါးများမှ ကောင်ရေ ၁၅ – ၂၀ ခန့်အား ဖမ်းယူပြီး လစဉ် အလေးချိန်ကို မှတ်သားထားခြင်းဖြင့် ငါးကြီးထွားမှုကို သိရှိနိုင်ပါသည်။
-မွေးထားသော ငါးအချို့ကို ဖမ်းဆီးခြင်းနှင့်သားပေါက်ပြန်လည်ဖြည့်ဆည်းခြင်း။
ငါးအစာကျွေးခြင်း
အောက်ပါနည်းလမ်းများဖြင့် အစာကျွေးနိုင်ပါသည်။
- ကန်တွင် နေရာ (၄) ခုမှ (၆) ခုခန့် ပုံမှန်သတ်မှတ်ပြီး အစာကို ကြဲပက်ကျွေးခြင်း။
- ကန်ငယ်များတွင် ကန်ဘောင်မှ ရေအလည်အထိ ၆ – ၁၀ ပေခန့် တံတားပြုလုပ်ထားပြီး ထိုနေရာမှ အစာကို ကြဲပက်ကျွေးခြင်း။
လှေခြင်း ကန်အနှံသွားရောက်အစာကျွေးခြင်း

- ကန်ကြီးများတွင် ကန်အလျား (သို့) အကျယ်အတိုင်းကြိုးဖြင့် တိုင်းတာပြီး အစာတိုင်များပြုလုပ်၍ အစာကျွေးခြင်း။

ကန်အသစ်တူးဖော်ခြင်း
- သဘာဝအပင်များ ရှင်သန်စွာ ပေါက်ပွားလျက်ရှိသော မြေကောင်းနေရာတွင် ကန်တူးဖော်ရန် ညီညာသော မြေပြင်ကို ရွေးပါ။
- လယ်ယာကောက်ပဲသီးနှံ စိုက်ပျိုးဖြစ်ထွန်းသော နေရာ၊ ရေလွှမ်းမိုးသောနေရာများ၊ တောင်ပေါ်လှေကားထစ်စိုက်ခင်းနေရာများ၊ မိုးကာလရေကြီး၊ ရေကျော်သော နေရာများကို ရှောင်ပါ။
- ငါးကန်ကို အနီးကပ်လွယ်ကူစွာ ဆက်သွယ်စောင့်ရှောက်နိုင်သော နေရာကို ရွေးပါ။
ရေရရှိမှု
- ရာသီမရွေးရေကောင်း၊ ရေသန့်အလုံအလောက်ရရှိနိုင်သော မြစ်ချောင်း၊ ရေသွယ်မြောင်း အနီးအနားတွင် နေရာရွေးပါ။
မြေအမျိုးအစား
- ရွှံ့စေးမြေကို ဦးစားပေးရွေးချယ်ပါ။
- သဲနူန်းနှင့် သဲမြေကို ရှောင်ရှားပါ။
- ဂဝံမြေကို လုံးဝရှောင်ရှားပါ။

ကန်ပုံစံနှင့် ကန်ဘောင်
- မိသားစု တစ်ပိုင်တစ်နိုင်မွေးမြူရန် ပေ ၅၀ x ၂၅ (၁၂၅၀ စတုရန်းပေ) အရွယ် ငါးမွေးကန်ကို လိုင်စင်ပြုလုပ်ရန် မလိုအပ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။
ငါးကန်တူးဖော်ရန် အောက်ပါအတိုင်းအဆင့်ဆင့်ဆောင်ရွက်ပါ။
(က) တူးဖော်မည့်ကန်သားနေရာကို အကွက်ရိုက်ပါ။ ဥပမာ (ပေ ၅၀ x ၂၅)
(ခ) တူးဖော်မည့် ကန်သားအပြင်ဖက်တွင် ၂ ပေခန့်ချန်ပြီး ကန်တာဘောင်တည်ဆောက်ရန်အကွက်ရိုက်ပါ။ ဥပမာ - ၁၁ ပေ
(ဂ) ကန်သားနေရာမှ မြေကို တူးပြီး ကန်တာဘောင်ဖို့ပါ။
(ဃ) ကန်သားကို အနက် ၃ ပေ ၄ ပေ အထိ တူးဖော်ပါ။
(င) ကန်တာဘောင် အမြင့်ကို မိုးရာသီတွင် ပါတ်ဝန်းကျင်၌ အမြင့်ဆုံးရေအမှတ်အထက် ၁ ပေခန့် မြင့်ထားသင့်ပါသည်။
(စ) ကန်တာဘောင်ဆင်ခြေလျောကို ရွံ့စေးမြေဖြစ်ပါက ၁ : ၁ သဲနူန်းဖြစ်ပါက ၁: ၂ ထားပါ။
(ဆ)ကန်ရေ အနက်၏ ၄ ပေအထက်တွင် အချင်း ၄ လက်မ သို့ ၆ လက်မ ရေလျှံပေါက်တပ်ဆင်ပါ။ PVC ပိုက် (သို့) ဝါးပိုးဝါးဖြင့် ပြုလုပ်နိုင်ပါသည်။
(ဇ) ရေလျှံပေါက် အဝများကို ဇကာပိုက်ဖြင့် စနစ်တကျ ဖုံးအုပ်ထားပါ။ ရေအဝင်အထွက်သာရှိပြီး ငါးအဝင်အထွက်မရှိရန်ဖြစ်သည်။
ငါးသားပေါက်စတင်မွေးမြူရန် ကန်အဆင်သင့်ပြုပြင်ခြင်း
ကန်အဟောင်းတွင် ဆောင်ရွက်ရန်
(၁) ရေမှော်ပင်၊ ကိုင်းပင်၊ ကျူပင်၊ ခြုံပင်၊ နွယ်ပင်များ ရှင်းလင်းခြင်း။
(၂) ငါးကန်တာဘောင်များ ခိုင်ခံရန် ပြင်ဆင်ခြင်း၊ ထူးပေါက်များပိတ်ဆို့ခြင်း။
(၃) ကန်အောက်ခြေ၊ ရွှံ့အနည်အနှစ်များဖယ်ရှားခြင်း ငါးရိုင်းများရှင်းလင်းခြင်း။
(၄) လိုအပ်ပါက ငါးရိုင်းသတ်ဆေး အသုံးပြုခြင်း။
(၅) ကန်အခြောက်ခံခြင်း။
ကန်အသစ်များတွင် ဆောင်ရွက်ရန် အောက်ပါနည်းများကို အခြောက်လှမ်းပြီးသော ကန်များအတွက်လည်း ဆက်လက် ဆောင်ရွက်ရန် ဖြစ်သည်။
ထုံးနှင့်မြေသြဇာထည့်ခြင်း (၀.၀၁ ဧက ကန်အတွက်)
- ထုံးအား ၁ ကီလိုဂရမ် (၆၃ ကျပ်သားခန့်) ဖြူးပေးပါ။
- ၁၂ နာရီကြာ ရေစိမ်ထားပြီးသော တီဆူပါကို နံနက် ၁၀-၁၁ နာရီခန့်တွင် ကန်ရေစပ်ပတ်လည်အနှံ့ ပက်ဖြန်းပါ။
- ပုလဲ ဓာတ်သြဇာကိုလည်း တစ်ချိန်ထဲ ပက်ဖြန်းပါ။
- သစ်ရွက်ဆွေး (သို့) နွားချေးခြောက် ၆ -၁၀ ကီလိုဂရမ်ခန့် (၄ – ၆ ပိဿာခန့်)
- ယူရီးယား (ပုလဲ) ၁၅၀ – ၂၀၀ ဂရမ် (၁၀ -၁၂ ကျပ်ခွဲသားခန့်)

- တီစူပါ - ၇၅ – ၁၀၀ ဂရမ် (၅ – ၆ ကျပ်သားခန့်)
ငါးသားပေါက် မွေးမြူထားစဉ် ထုံးနှင့် မြေသြဇာထည့်ခြင်း (၀.၀၁ ဧက) ကန်အတွက်
ကန်ရေအစိမ်းရောင်ဖျော့ဖျော့ဖြစ်လာသောအခါ အောက်ပါ အချိုးအစားအတိုင်း ထုံးနှင့် မြေသြဇာကို အသုံးပြုပါ။
- ထုံးကို ၁ ကီလိုဂရမ် (၆၃ ကျပ်သားခန့်) ဖြူးပေးပါ။
- သစ်ရွက်ဆွေးမြေသြဇာ / နွားချေးခြောက် ၀.၅ – ၁ ကီလိုဂရမ် / တစ်ပတ် (၃၂ – ၆၃ ကျပ်သားခန့်)
- ယူရီးယား (ပုလဲ) ၇၅ -၁၅၀ ဂရမ် / တစ်ပါတ် (၅ – ၁၀ ကျပ်သားခန့်)
- တီစူပါ ၅၀ – ၇၅၀ ဂရမ်/၀.၀၁ ဧက/တစ်ပါတ် (၃ – ၅ ကျပ်သားခန့်)
(မှတ်ချက်) ကန်ရေအစိမ်းရင့်ရောင် ဖြစ်နေသောအခါ ထုံးနှင့်မြေသြဇာထည့်ခြင်း လုံးဝ မပြုလုပ်ပါနှင့်။
Source - My Culture
Muang
လွန်ခဲ့သော ၆ လ ကကန် ၅၀×၂၅ ငါးကောင်ရေ ဘယ်လောက်ထည့်နိုင်လဲခင်ဗျ
သိန်းထွန်းဦး
လွန်ခဲ့သော ၃ နှစ် ကထွက်ရှိမှု
ဆက်စပ်ဆောင်းပါးများ
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ရန်ကုန်တိုင်းတိုက်ကြီးမြို့မဈေးမှာ မွေးမြူရေးငါးခူ သို့မဟုတ် ထိုင်းငါးခူဒိုင်ဈေးက တပိသာဘယ်လောက်ထိရှိပါသလဲ
kyaw • ဖြေကြားချက် 0 ခု
တီလားပီးယာမွေးမြူပုံသိချင်ပါသည်
Friacis • ဖြေကြားချက် 1 ခု
EMအပြင်းဖော်စပ်နည်းလေးမျှဝေပေးပါ
ကိုဦး • ဖြေကြားချက် 14 ခု
ငါးတောက်တူငါးရဲ့ဇီဝစက်ဝန်းကိုသိချင်ပါတယ်
မငြိမ်းမြတ်သူ • ဖြေကြားချက် 1 ခု
မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေမှာမုတ်သုံလေဘယ်ရက်ထိအားကောင်းနိူင်အုံးမလဲဆရာလေတိုက်နူန်းနဲ့လှိုင်းအမြင့်ပေဘယ်လောက်ရှိနိုင်မလဲဆရာ
Min Gaung • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024