ရေထွက်ကုန်အရည်အသွေးနှင့် ငါးများပုပ်သိုးခြင်းအကြောင်း သိကောင်းစရာ
ရေထွက်ကုန် အရည်အသွေးဆိုတာ ဘာလဲ?
ရေထွက်ကုန်အရည်အသွေးဆိုတာ စားသုံးသူတစ်ဦးချင်း၏ အနေအထားနှင့် ဦးစားပေးမှုအပေါ်မူတည်ပါသည်။ စားသုံးသူအများစုအတွက် အစားအသောက် ဘေးကင်းလုံခြုံမှုသည် အရေးကြီးဆုံးဖြစ်ပြီး အချို့အတွက် စျေးနှုန်းသည်လည်း အရေးကြီးပါသည်။ ထို့ပြင်-
- ရေထွက်ကုန်၏ သွင်ပြင်လက္ခဏာ(သို့)လက်ရှိအနေအထား၊
- အနံ့၊အရသာနှင့် ရေထွက်ကုန်၏ အထိအတွေ့ အနေအထား၊
- အာဟာရတန်ဖိုး(သို့မဟုတ်)အာဟာရစစ်စစ်၊
- လိုအပ်ချက်နှင့် ကိုက်ညီမှု၊
- အစားအသောက် ဥပါဒ်ကင်းမှုတို့ ပါဝင်ပါသည်။
ရေထွက်ကုန် အရည်အသွေး ဘယ်လိုတွေကြောင့် ပြောင်းလဲသွားတာလဲ?
(က) ထုတ်လုပ်ခြင်း၊ မွမ်းမံခြင်းနှင့် ကိုင်တွယ်ခြင်း အားနည်းချက်များ၊
(ခ) ငါးများသေဆုံးပြီးနောက် သဘာဝပြောင်းလဲမှုများ ၊
(ဂ) သေဆုံးပြီးနောက် ပြောင်းလဲခြင်း၊
(ဃ) အလိုအလျောက် ပျက်စီးခြင်းနှင့် ဇီဝဓာတုဆိုင်ရာပြောင်းလဲမှုများ၊
(င) အဏုဇီဝဆိုင်ရာ ပေါက်ပွားမှုနှင့် သက်ဝင်လှုပ်ရှားမှုများ(၉၅%)၊
(စ) ဓာတုဆိုင်ရာ ပြောင်းလဲမှုများ(ဆီဂျီးစော်နံခြင်း)၊
(ဆ) ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများတို့ ဖြစ်ကြသည် ။
အထက်ပါပြောင်းလဲမှုများသည် ငါးများအား ပုပ်သိုးခြင်းကို ဖြစ်စေနိုင်ပါသည်။
ငါးများ(ရေထွက်ကုန်များ)ပုပ်သိုးခြင်းကို ဘယ်လိုဆုံးဖြတ်မလဲ?
ရေထွက်ကုန်များ ပုပ်သိုးမှုဆိုသည်မှာ ရေထွက်ကုန်များ၏ မူလအာဟာရတန်ဖိုး၊ အသားအနေအထား၊ အရသာများ ပျက်စီးခြင်းများဖြစ်ပြီး စားသုံးရန် မသင့်တော့ခြင်းကို ဆိုလိုပါသည်။
(က) ရေထွက်ကုန်များသည် ဖမ်းဆီးပြီး မကြာမီအချိန်တွင် အင်ဇိုင်းများ ဓာတ်တိုးခြင်းနှင့် အဏုဇီဝပိုးမွှားများ ထိုးနှက်မှုကြောင့် ပျက်စီးလာတတ်သည်။
(ခ) ရေထွက်ကုန်များ ပုပ်သိုးမှုလက္ခဏာများတွင် အရောင်၊ အသားပြောင်းလဲခြင်း၊ အနံ့အသက်ဆိုးရွားခြင်း(သို့ ) ဆိုးရွားသောအရသာ စသည့် ခြားနားသော သွင်ပြင်အနေအထားများ ဖြစ်လာခြင်းတို့ ဖြစ်သည်။
ဘာအကြောင်းကြောင့် ငါးများပုပ်သိုးမှုကို ဖြစ်စေတာလဲ?
- အပူချိန်သည် ငါးပုပ်သိုးမှုကို အဓိကလွှမ်းမိုးသည့် အချက်တစ်ခုဖြစ်ပါသည်။
ငါးပုပ်သိုးမှုအတွက် အချိန်ဘယ်လောက်ယူရသလဲ?
- အပူချိန် (၂၅-၃၅)ဒီဂရီ ဆဲလ်စီးယပ်စ်ရှိသော နေရောင်ခြည်အောက်တွင် ငါးများကို (၆-၈)နာရီခန့် ထားထားပါက ပုပ်သိုးနိုင်ပါသည်။
- အပူချိန်(၂၀-၂၅)ဒီဂရီဆဲလ်စီးယပ်စ်ရှိသော အရိပ်ထဲတွင် ငါး များကို (၁၂-၁၆)နာရီအကြာ ထားထားပါက ပုပ်သိုးနိုင်ပါသည်။
- အအေးခန်းအတွင်း ရေခဲမပါဘဲ ထားပါက (၅-၇)ရက်အတွင်းငါးများ ပုပ်သိုးနိုင်ပါသည်။
- အအေးခန်းအတွင်း ရေခဲနှင့်ထားပါက (၁၄-၂၀)ရက်အတွင်း ငါးများပုပ်သိုးနိုင်ပါသည်။
ပုပ်သိုးနေသောငါးများကို စားသုံးမိလျှင် ဘာဖြစ်နိုင်လဲ?
- အစာအဆိပ်သင့်ခြင်းကို ဖြစ်စေပါသည်။
အစာအဆိပ်သင့်ခြင်းဆိုတာ..
အစာအဆိပ်သင့်ခြင်းကို အစားအသောက်မှ ဖြစ်စေသော ရောဂါဟုလည်းခေါ်ပြီး မသန့်သောအစားအသောက်အား စားသုံးမိခြင်းကြောင့် ဖြစ်စေနိုင်ပါသည်။
(က) ကူးစက်စေနိုင်သော ရောဂါပိုးများဖြစ်သော အဏုဇီဝပိုး မွှားများ၊ ဗိုင်းရပ်စ်များနှင့် ကပ်ပါးပိုးများ(သို့မဟုတ်)၄င်းတို့၏ အဆိပ်များသည် အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
(ခ) ကူးစက်စေနိုင်သော ရောဂါပိုးများ(သို့) ၄င်းတို့၏အဆိပ်များသည် ပြုပြင်မွမ်းမံခြင်း(သို့) ထုတ်လုပ်ခြင်း စသည့်နေရာများမှ အစားအသောက်သို့ ညစ်ညမ်းစေနိုင်ပါသည်။ အကယ်၍ အိမ်တွင် အစားအသောက်များကို မှားယွင်းကိုင်တွယ်မိလျှင် (သို့) ချက်ပြုတ်မိလျှင် ညစ်ညမ်းမှုဖြစ်စေနိုင်ပါသည်။
(ဂ) အစာအဆိပ်သင့်ခြင်း လက္ခဏာများသည် မသန့်သော အစားအသောက်အား စားပြီး နာရီပိုင်းအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း (သို့) ဝမ်းလျှောခြင်းစသည်တို့ စတင်လာပါသည်။ အစားအသောက်မှ ဖြစ်ပွားတတ်သော ရောဂါများကို ကာကွယ်ရန် အစားအသောက်များ ဥပဒ်ကင်းစေရန် အချက် ၅ချက်မှာ -
၁။ ရောဂါဖြစ်ပွားစေနိုင်သော ပိုးများသေစေရန်အတွက် အစားအသောက်များအား သင့်လျော်သောအချိန်နှင့် သင့်လျော်သော အပူချိန်တို့တွင် ချက်ပြုတ်ရန်။
၂။ ချက်ပြုတ်ထားသော အစားအသောက်များနှင့် ကုန်ကြမ်းပစ္စည်းများကို သီးခြားစီခွဲထားရန်။
၃။ အစားအသောက်များအား သင့်လျော်သော အပူချိန်တွင် သိမ်းဆည်းရန်။
၄။ လူ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ပိုးမွှားများမှတစ်ဆင့် ပျံ့နှံ့လာသော အစားအသောက်များသို့ ရောဂါဖြစ်ပွားစေနိုင်သော ပိုးများ ညစ်ညမ်းနေမှုကို ကာကွယ်ရန်။
၅။ ဘေးဥပဒ်ကင်းသော ရေနှင့် ကုန်ကြမ်းပစ္စည်းများအား အသုံးပြုရန်တို့ ဖြစ်ကြသည်။
Ref: ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ရန်ကုန်တိုင်းတိုက်ကြီးမြို့မဈေးမှာ မွေးမြူရေးငါးခူ သို့မဟုတ် ထိုင်းငါးခူဒိုင်ဈေးက တပိသာဘယ်လောက်ထိရှိပါသလဲ
kyaw • ဖြေကြားချက် 0 ခု
တီလားပီးယာမွေးမြူပုံသိချင်ပါသည်
Friacis • ဖြေကြားချက် 1 ခု
EMအပြင်းဖော်စပ်နည်းလေးမျှဝေပေးပါ
ကိုဦး • ဖြေကြားချက် 14 ခု
ငါးတောက်တူငါးရဲ့ဇီဝစက်ဝန်းကိုသိချင်ပါတယ်
မငြိမ်းမြတ်သူ • ဖြေကြားချက် 1 ခု
မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေမှာမုတ်သုံလေဘယ်ရက်ထိအားကောင်းနိူင်အုံးမလဲဆရာလေတိုက်နူန်းနဲ့လှိုင်းအမြင့်ပေဘယ်လောက်ရှိနိုင်မလဲဆရာ
Min Gaung • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....