ဒီတစ်ခေါက်က အပူပိုင်းဒေသက ပူပြင်းတဲ့ရာသီဥတုတွေမှာ ရှင်သန်နေတဲ့ အပင်လေး(CAM)တွေအကြောင်း
ကောင်းသောနေ့လေးဖြစ်ပါစေ။
ကန္တာရထဲကအပင်တွေ ဘယ်လိုများရှင်သန်နေကြသလဲ ဆိုတာကိုတွေးကြည့်မိဖူးလား။ တွေးဖူးတာပေါ့။ အဲ့တော့ ဒီတစ်ခေါက်က အပူပိုင်းဒေသက ပူပြင်းတဲ့ရာသီဥတုတွေမှာ ရှင်သန်နေတဲ့ အပင်လေးတွေအကြောင်းပြောကြတာပေါ့။အဲ့လိုအပင်လေးတွေကို CAM အပင်တွေလို့ ခေါ်ပါတယ်။ အရှည်ကတော့ Crassulacean Acid Metabolism ဖြစ်ပါတယ်။
ပုံမှန်အပင်တွေမှာဆိုရင်တော့ အောက်စီဂျင်တွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ဖလှယ်ပေးကြတဲ့ စတိုမာ ဆိုတဲ့အပေါက်လေးတွေပါကြပြီး နေ့ပိုင်းမှာ ပွင့်တတ်ကြပါတယ်။ အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီးတော့ ကာဗွန်အက်တမ်လေးတွေနဲ့ သကြားချက်တယ်၊ ပရိုတင်းချက်တယ်၊ ပြီးတော့ တစ်ခြား အပင်တွေအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို လုပ်ဆောင်ပါတယ်။ ပုံမှန်ရိုးရိုးအပင်တွေမှာ နေရောင်ခြည်ကနေ စွမ်းအင်ကိုယူတဲ့အချိန်မှာ စတိုမာဆိုတဲ့အပေါက်ကလေးကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီးတော့ ကလိုရိုပလပ်ထဲမှာ ATP NADPH တွေကိုချက်လုပ်ပေးပါတယ်။ ပူပြင်းတဲ့အချိန်တွေရောက်သွားရင်တော့ အပင်ထဲက ရေဆုံးရှုံးမှုမရှိအောင်လို့ စတိုမာ အပေါက်လေးတွေကို ပိတ်လိုက်ပါတယ်။
အရမ်းပူတဲ့ နေရာဒေသတွေမှာရှင်သန်နေကြရတဲ့ အပင်လေးတွေကျတော့ ညဖက်ကျမှ အေးတာဆိုတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးနေတဲ့ စတိုမာလေးတွေ ဖွင့်ဖို့ ပိတ်ဖို့ကျတော့ အချိန်ဘယ်လိုညှိကြလဲ။ ညဖက်ဖွင့်မှ ရေဆုံးရှုံးမှုကို ဟန့်တားပေးနိုင်မှာမို့ ဖြစ်ပါတယ်။ နေ့ဖက်မှာ စတိုမာဖွင့်လိုက်ရင် ရေဆုံးရှုံးမှုများပြီးတော့ အပင်တွေချက်ချင်းလိုလို ညိုးသွားမှာဖြစ်ပါတယ်။
ဘယ်လိုထင်လဲ ညဖက်မှာဖွင့်မလား နေ့ဖက်မှာဖွင့်မလား
အဖြေကတော့ ညဖက်မှာဖွင့်ပါတယ်။ ညဖက်မှာ စတိုမာလေးတွေကဖွင့်ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူထားပါတယ်။ ပြီးတော့ “မလိတ်” (malate)ဆိုတဲ့ ကာဗွန်(၄)လုံးပါဝင်တဲ့ အက်ဆစ်အနေနဲ့ သိမ်းဆည်းသိုလှောင်ထားပါတယ်။ နေ့ဖက်ကျမှ အဲ့ အက်ဆစ်ကို ပြန်ထုတ်တယ်။ နေရောင်ခြည်ကစွမ်းအင်ကို ကလိုရိုပလပ်စ်ကနေ စုပ်ယူပြီးတော့ သကြားပြန်ချက်တယ်။ အဲ့လိုနဲ့ ကန္တာရက အပင်တွေ ရှင်သန်နေကြပါတယ်။
အဲ့လိုရှင်သန်နေတဲ့ အပင်တွေက သူများနဲ့မတူပဲ ညဖက်မှာ စတိုမာလေးတွေပွင့်ပြီး ကာဗွန်တွေစုတယ်။ နောက် နေရောင်ခြည်ရတော့မှာ အစာထပ်ချက်တာကြောင့်မို့ CAM အပင်တွေလို့ ခေါ်တာဖြစ်ပါတယ်။
ထွန်းဝင်းကျော်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026