သွင်းအားစု၊ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို အချိန်ကိုက်၊ အချိုးကျအသုံးပြုခြင်း (၂)
အပင်လိုအပ်သည့် အာဟာရဓာတ်များပါဝင်သော ပစ္စည်းအားလုံးကို ဓာတ်မြေဩဇာဟု ခေါ်ဆိုနိုင်ပါသည်။
ထုတ်လုပ်သည့်နည်းစနစ်ကိုမူတည်ပြီး ဓာတ်မြေဩဇာတို့၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်များ ကွာခြားနိုင်ပါသည်။ အလုံးအတောင့်၊ အခဲ၊ အမှုန့်ကြမ်း (သို့မဟုတ်) အမှုန့်နု၊ အရည်ပျစ်နှင့် အရည်ကြည် စသည်တို့ဖြစ်ပါသည်။ အခြေခံအာဟာရဓာတ် တစ်မျိုးတည်းပါဝင်သောမြေဩဇာကို ရိုးရိုးဓာတ်မြေဩဇာ၊ အာဟာရဓာတ် နှစ်မျိုးနှင့်အထက်ပါဝင်သော ဓာတ်မြေဩဇာကို ဘက်စုံအာဟာရ ဖြည့် ဓာတ်မြေဩဇာ (သို့မဟုတ်) စုပေါင်း(ကွန်ပေါင်း) ဓာတ်မြေဩဇာဟုခါ်ပါသည်။
နွားချေး၊ ကျောက်ချေးကဲ့သို့ကသာ တိရစ္ဆာန်စွန့်ပစ်အညစ်အကြေးများ၊ မီးဖိုချောင်မှထွက်သော ဟင်းသီးဟင်းရွက်စွန့်ပစ်ပစ္စည်းများ၊ စိုက်သောသီးနှံပင်အကြွင်းအကျန်များနှင့် အခြားသက်ရှိရုပ်ကြွင်းပစ္စည်းများ ကောင်းစွာဆွေးမြေ့သွားသောအခါ သီးနှံပင်များအတွက် လိုအပ်သော အာဟာရဓာတ်များ ရရှိနိုင်ပါသည်။ ယင်းဆွေးမြေ့ပစ္စည်းများကို သဘာဝမြေဩဇာဟုခါ်သည်။ သဘာဝမြေဩဇာများသည် မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှုကို ကောင်းမွန်စေသည့်အပြင် အပင်အတွက်လိုအပ်သော အာဟာရနှင့် အာဟာရဓာတ်များကိုလည်း ထိန်းသိမ်းသိုလှောင်ပေးသည်။
သီးနှံပင်အတွက်လိုအပ်သော အာဟာရဓာတ်တစ်မျိုးမျိုး ချို့တဲ့ပါက မျှော်မှန်းထားသော အထွက်နှုန်းကို ရရှိနိုင်မည်မဟုတ်ပါ။ အပင်အတွက် အဓိကလိုအပ်သော အာဟာရဓာတ်များဖြစ်သည့် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ်တို့ကို အချိန်ကိုက်၊ အချိုးညီ အသုံးပြုရန် လိုအပ်သည်။
နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ်ကမြေဩဇာတို့သည် ရေတွင်အလွယ်တကူ ပျော်ဝင်နိုင်ပြီး အပင်မှ အဆင်သင့်စားသုံးနိုင်သော ပုံစံမျိုးဖြစ်သဖြင့် စိုက်သောသီးနှံပင်၏ ကြီးထွားမှုနှုန်းအလိုက် အကြိမ်ကြိမ် မြေထဲသို့သော်လည်းကောင်း၊ အရွက်ပေါ်ဖျန်း၍သော်လည်းကောင်း မြေဩဇာကျွးနိုင်ပါသည်။ ယင်းမြေဩဇာများကို မြေပြင်ချိန်တွင် တစ်ကြိမ်တည်း ထည့်ပေးပါက မြေဩဇာများ ပျာက်ဆုံးမှုဖြစ်နိုင်သည့်အပြင် သီးနှံပင်၏ကြီးထွားမှုနောက်ပိုင်းအချိန်တွင် ၄င်းအာဟာရဓာတ်များ ချို့တဲ့၍ သီးနှံပင်အထွက်နှုန်းထိခိုက်နိုင်ပါသည်။ နိုက်ထရိုဂျင် (ပုလဲ) ဓာတ်မြေဩဇာကို မြေခံအဖြစ်ကျွးသောအခါ ထွန်မွှေပြီး မြေကြီးထဲသို့ရောက်အောင် လုပ်ဆောင်ပေးရမည်။ သို့မဟုတ်ပါက နိုက်ထရိုဂျင်သည် လေထဲသို့ အငွေ့ပျံကာပျာက်ဆုံးနိုင်ပါသည်။
ရေများလွန်းသော အခြေအနေတွင် နိုက်ထရိုဂျင် မြေဩဇာများစွာအသုံးပြုပါက အပင်အမြစ်များ မရောက်ရှိနိုင်သော မြေအောက်အလွှာနှင့် မြေအောက်ရေသို့ စိမ့်ဝင်သွားခြင်း၊ မြေမျက်နှာပြင်ပေါ်မှ စီးဆင်းရေနှင့်အတူ မြစ်၊ ချောင်း၊ အင်းအိုင်၊ ပင်လယ်၊ သမုဒ္ဒရာများထဲသို့ ကရာက်ရှိသွားသည်။လေထဲသို့ ကရာက်ရှိသွားသည့် နိုက်ထရိုဂျင်၏ဒြပ်ပေါင်းတစ်ခုဖြစ်သော နိုက်ထရိုက်ကအာက်ဆိုဒ်သည် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့အဖြစ် တည်ရှိနေသည်။ မြေအာက်ရေ၊ မြစ်၊ ချောင်း၊ အင်းအိုင် စသည်တို့ အတွင်းသို့ ရောက်ရှိသွားသော နိုက်ထရိုဂျင်၏ ဒြပ်ကပါင်းတစ်ခုဖြစ်သော နိုက်ထရိတ်သည် ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ နိုက်ထရိတ်ပါဝင်မှု ၁၀ ပီပီအမ် (10 ppm) ထက်များသော ရေကိုသောက်သုံးမိပါက ကလေးသူငယ်များတွင် အသက်ရှုမဝသောရာဂါခံစားရမည်။ ရောဂါပြင်းထန်လာပါက အသက်ဆုံးရှုံး သည် အထိဖြစ်စေသည်။

ရေထဲတွင် ဖော့စဖောရပ် ဒြပ်ပေါင်းတစ်ခုဖြစ်သော ဖော့စဖိတ်ပါဝင်မှုများပါက ရေညှိရေမှော်အများအပြား ပေါက်ရာက်လာသည်။ ထိုသို့ပေါက်ရောက်မှုကြောင့် ရေထဲရှိသက်ရှိများသည် အောက်ဆီဂျင်ရရှိမှု လျော့နည်းသ္ဂားပြီး သက်ရှိများ၏ အသက်ရှင်နေထိုင်မှုကို အန္တရာယ်ဖြစ်စေသည်။ ဖော့စဖောရပ် ဓာတ်မြေဩဇာကို မြေပြင်ချိန်တွင် သီးနှံအမျိုးအစားအလိုက် လိုအပ်သောပမာဏအတိုင်း မြေပြင်ချိန်တွင် တစ်ချိန်တည်း ထည့်နိုင်ပါသည်။ ယင်းဓာတ်၏ ပျော်ဝင်နိုင်မှုသည် မြေ၏ချဉ်ငန်ကိန်းပေါ်တွင် မူတည်နေပါသည်။ ချဉ်လွန်း၊ ငန်လွန်းသော မြေတွင် ထည့်ပေးလိုက်သော ဖော့စဖောရပ်ဓာတ်သည် မြေစေးမှုန် (ကိုလွိုက်) များမှဆွဲကပ်ထားသဖြင့် အခြားဓာတ်များနည်းတူ အလွယ်တကူ ပျောက်ဆုံးနိုင်မှုမရှိခြင်းကြောင့် မြေပြင်ချိန်တွင် စိုက်ကြောင်းအတွင်း ကြွက်မီးတန်းထည့်သွင်း အသုံးပြုနိုင်ပါသည်။
ဖော့စဖောရပ်မြေဩဇာကိုကို ကျဲပက်၍ အသုံးပြုပါက ထည့်ပေးလိုက်သော မြေဩဇာများသည် မြေစေးမှုန်မှဆွဲကပ်နိုင်မည့်အခြေအနေကို ဖန်တီးပေးသကဲ့သို့ဖြစ်သည့်အပြင် အပင်မှလည်း ယင်းဓာတ်ကို အလွယ်တကူ မရယူနိုင်တော့ပေ။
ယေဘုယျအားဖြ င့် သီးနှံပင်အများစုအတွက် နိုက်ထရိုဂျင်၊ ကဖာ့စ်ဖာရပ်၊ ပိုတက်စီယမ်ဓာတ်တို့ အများဆုံးလိုအပ်သည်။ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်၊ ဆာလဖာဓာတ်တို့သည် ဒုတိယအများဆုံးလိုပြီး သံ၊ မဂ္ဂနိစ်၊ သွပ်၊ ကြေးနီ၊ မောလစ်ဒီနမ်၊ ဘိုရွန်၊ ကလိုရင်းဓာတ်တို့သည် အနည်းငယ်သာ လိုအပ်ပါသည်။ ထို့ကြောင့် သီးနှံပင်အလိုက် လိုအပ်သောပမာဏများအလိုက် မြေဩဇာကို အသုံးပြုသင့်သည်။ သီးနှံပင်အတွက် များစွာလိုအပ်သောဓာတ်ကို မြေဩဇာလျာ့၍ ကျွေးခြင်း ပြုလုပ်ပါက သီးနှံပင်အတွက် မလုံလောက်၍ အာဟာရချို့တဲ့မှုလက္ခဏာများပြသကဲ့သို့ အနည်းငယ်သာလိုအပ်သောဓာတ်ကို လိုသည်ထက် ပို၍ကျွေးပါကလည်း အဆိပ်သင့်သော လက္ခဏာများပြကာ အထွက်နှုန်းလျော့ကျနိုင်ပါသည်။
သီးနှံစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို သီးနှံအမျိုးအစားကွာခြားမှုအလိုက် ယင်းတို့လိုအပ်သည့် အာဟာရဓာတ် အချိုးအစားအတိုင်း လိုအပ်သောအချိန်တွင် အချိန်ကိုက် ကျွေးနိုင်ရမည်ဖြစ်သည်။ ဓာတ်မြေဩဇာနှင့် သဘာဝကမြေဩဇာ ပူးတွဲသုံးစွဲခြင်းဖြင့် သီးနှံပင်အတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်အခြေအနေကို ဖြစ်ပေါ်စေသည်။ ဓာတ်မြေဩဇာတစ်မျိုးတည်းသာ ကျွေးပါက ထည့်ပေးလိုက်သော မြေဩဇာမှ ဓာတ်များကိုသာရရှိပြီး အပင်မှလိုအပ်သော အခြားဓာတ်များကို မရရှိနိုင်ပေ။ ထို့ကြောင့် သဘာဝမြေဩဇာအမျိုးမျိုးနှင့် ရောစပ်အသုံးပြုပါက အပင်အတွက် လိုအပ်သော အာဟာရဓာတ်မျိုးစုံရရှိနိုင်ပါသည်။ ထို့ကြောင့် စိုက်ပျိုးထုတ်ကုန်များ တိုးတက်မြင့်မား စေရန်အတွက် စိုက်ပျိုးရေ၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို အချိန်ကိုက်၊ အချိုးညီ စနစ်တကျအသုံးပြုရန်လိုအပ်ပါသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Nyi Nyi Aung
လွန်ခဲ့သော ၃ နှစ် ကဓါတ်မြေဩဇာ နှင့် သဘာဝ မြေဩဇာ တွဲသုံးနိုင် တာ ခုမှ တိတိကျကျ သိရတယ်။ ကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....