အစိမ်းရောင်လမ်း
သီဟိုဠ်သရက် (ခေါ်) သီဟိုဠ်သီး

သီဟိုဠ်သရက် (ခေါ်) သီဟိုဠ်သီး

သီဟိုဠ်သီး အသုံးဝင်ပုံ

    ဒံပေါက်၊ ရေခဲမုန့်၊ လက်ဖက်အကြော်စုံနှင့် အခြားမုန့်များ ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုလေ့ရှိသော သီဟိုဠ်ဆံ ဆိမ့်ဆိမ့်လေးကို သီဟိုဠ်ပင်၏အသီးမှ ရရှိကြပါသည်။ သီဟိုဠ်သီးကိုလည်း ဝိုင်၊ အရက်၊ ယိုနှင့် အဖျော်ယမကာများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုကြပါသည်။

    သီဟိုဠ်သီးမှာ အသားပြည့်ဝသောအသီးဖြစ်၍ ငယ်စဥ်က အစိမ်းဖျော့ဖျော့အရောင်ရှိပြီး အရွယ်ရောက်၍ ရင့်မှည့်သွားပါက တောက်ပြောင်သောအနီရောင်(သို့) အဝါရောင် ဖြစ်သွားပါသည်။

   အသီးအရွယ်အစား အလျား(-)စင်တီမီတာ၊ အနံ(-စင်တီမီတာခန့် ရှိပါသည်။ ကျောက်ကပ်ပုံအဖြူရောင်ခွံမာ တစေ့သီး (nut) ဖြစ်၍ (-)စင်တီမီတာခန့်ရှိသည်။

   သီဟိုဠ်ဆံဟု လူသိများသော သီဟိုဠ်သရက်အဆံမှာ အချိန်အခါမရွေး ရောင်းချနိုင်သည့် ပြည်ပဈေးကွက်ဝင် ဈေးကောင်းရသော နှစ်ရှည်ပင်လည်း ဖြစ်ပါသည်။

သီဟိုဠ်သရက် ပျံ့နှံရာဒေသများ

   သီဟိုဠ်သရက်သည် မြန်မာနိုင်ငံအတွင်းသို့ သီဟိုဠ်ကျွန်းမှဝင်ရောက်လာသော သီးနှံဖြစ်၍ ၁၉၈၈ ခုနှစ် မတိုင်ခင်အထိ အနည်းအကျဥ်းသာ စိုက်ပျိုးကြသော်လည်း ယင်းနောက်ပိုင်းကာလများမှစ၍ ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ ရခိုင်ကမ်းရိုးတန်းဒေသ၊ တနင်္သာရီကမ်းရိုးတန်းဒေသများတွင် အထူးဖြစ်ထွန်း၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။

စိုက်ပျိုးနည်း

၁။ မျိုးစေ့အားပျိုးထောင်ပြီး စိုက်ပျိုးနည်း

၂။ မျိုးစေ့တိုက်ရိုက်ချစိုက်ပျိုးနည်း

၃။ ကိုင်းဆက်ပင်များ စိုက်ပျိုးနည်း တို့ဖြစ်သည်။

    သီဟိုဠ်သရက်ပင်သည် မြေသားထူပြီး နုန်းမြေနှင့် သဲဆန်သောနုန်းမြေများတွင် ဖြစ်ထွန်းသည်။ နေရောင်ခြည်အပြည့်အဝရရှိရန်လည်း လိုအပ်သည်။ စိုက်ပျိုးစဥ် အပင်စိတ်လွန်းပါက အမြစ်များ အစာရေစာကို ယှဥ်ပြိုင်လုယူစားသုံးတတ်သော သီးနှံပင်ဖြစ်သည်။

သီဟိုဠ်ပင်အကြောင်း

    သီဟိုဠ်သရက်ပင်သည် ပင်စည်အနိမ့်ပိုင်းတွင် ကိုင်းဖြာထွက်သော အမြဲစိမ်းအပင်မျိုးဖြစ်သည်။ ပင်စည်တွင် ဒဏ်ရာတစ်ခုခုရရှိပါက အဖြူရောင်အစေးများ ထွက်လာသည်။ အရွက်နုချိန်တွင် အရွက်မှာ နီညိုရောင်သန်းပြီး အရွက်ရင့်လျှင် အစိမ်းရောင်ရှိသည်။ ရွက်နုမှ ရွက်ရင့်ဖြစ်ရန် (၂၀)ရက်ခန့်ကြာပါသည်။

    အင်းဆက်တို့၏ အကူအညီဖြင့် ပင်ခြားဝတ်မှုန်ကူးမှသာ သန္ဓေအောင်ကာ အသီးတင်သည်။ ဝတ်မှုန်ကူးပြီး (၆၅)ရက်တွင် အသီးများရင့်မှည့်ပါသည်။ အပင်အာဟာရဓါတ် မပြည့်ဝပါက အသီးကင်းများ ကြွေကျတတ်ပါသည်။

သီဟိုဠ်၏ဂုဏ်နှင့် စွမ်းရည်

   သီဟိုဠ်သီးသည် ဖန်၏ ချို၏ ပူ၏။ လေ၊ သလိပ်၊ ရေဖျဥ်းရောဂါ၊ မြင်းဖုအစိုနာ၊ အဖျား၊ အနာပေါက်မျိုးစုံ၊ ခရုသင်းရောဂါ၊ ကိုယ်ရေပြားရောဂါတို့ကို ကင်းဝေးစေ၏။ မြင်းသရိက်ရောဂါ၊ အစားအသောက်ပျက်ရောဂါများကို ပျောက်ကင်း၏။ သွေးဝမ်းရောဂါကိုလည်း ပျောက်ကင်းစေ၏။

    သီဟိုဠ်ပင်၏ အခေါက်မှထွက်သော အစေးသည် စိုက်ပျိုးသီးနှံပင်များအား ဖျက်ဆီးသည့် ပိုးမွှားများကို နှိမ်နင်းရန်လည်း အသုံးဝင်သည်။ အစေး၏အနံ့သည် ပိုးများကို ပြေးစေတတ်သောကြောင့် ဖြစ်သည်။

ပင်လယ်ပြာ(ငါးဦးစီး)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

thurain

thurain

လွန်ခဲ့သော ၃ နှစ် က

ခုထိအသီးအပွင့်တွေမလာသေးလို့ဘာဆေးသုံးရမလဲဗျ

ဦးခင်ရွှေ

ဦးခင်ရွှေ

လွန်ခဲ့သော ၃ နှစ် က

တစ်ဧက အထွက်နှုန်းသိချင်ပါတယ်ခင်ဗျာ

Tin

Tin

လွန်ခဲ့သော ၅ နှစ် က

အကိုအခုသီဟိုစျေးဘယ်လောက်လဲခဗျာ

ဦးရဲငွေရွာဘဲနယ်မြေနဝဒေးတံတားလမ်း

ဦးရဲငွေရွာဘဲနယ်မြေနဝဒေးတံတားလမ်း

လွန်ခဲ့သော ၅ နှစ် က

အောက်ချေလူဝင်ထွက်ရအောင်မိုးဉီးမှာရှင်း

ဦးရဲငွေရွာဘဲနယ်မြေနဝဒေးတံတားလမ်း

ဦးရဲငွေရွာဘဲနယ်မြေနဝဒေးတံတားလမ်း

လွန်ခဲ့သော ၅ နှစ် က

ပေ ၃၀ ပါတ်လည်စိုက်

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....