အစိမ်းရောင်လမ်း
အေဇိုလာရေမှော်

အေဇိုလာရေမှော်

အေဇိုလာရေမှော်(ခေါ်) ရေကျောက်ခက်အပင်များသည် မြန်မာနိုင်ငံတွင် ပေါပေါများများ ရရှိသော သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးတွင် အလွန်အရေးပါ၍ စိုက်ပျိုးသင့်သော အပင်မျိုးဖြစ်ပါသည်။

အေဇိုလာထဲတွင်-

- အမိုင်နိုအက်စစ်

- အသားဓါတ်(၂၀% မှ ၃၅%)

- ဗီတာမင် (vit A, vit B12 နှင့် Beta carotene)

- သတ္တုဓါတ် ( Calcium,Phosphorous,Potassium,Magnesium) တို့ ပါဝင်ကြပါသည်။

အေဇိုလာကို ကြက်၊ ဘဲ၊ ဝက်၊ နွား၊ သိုး၊ ဆိတ် စတဲ့ မွေးမြူရေးတိရစ္ဆာန်တွေအတွက် ဖြည့်စွက်စွာ အစာစိမ်းအဖြစ်လည်း ကျွေးမွေးနိုင်ပါသည်။

နို့စားနွား

နို့စားနွားတွေမှာ အစာနုအပြင် အေဇိုလာကို ဖြည့်စွတ်ကျွေးမွေးခြင်းဖြင့် နို့ပေးနှုန်း ၁၀% မှ ၁၅% အထိ တိုးပွားလာစေပါသည်။

ဒေသနွား

ဒေသနွားတွေမှာ အေဇိုလာကို ကျွေးမွေးခြင်းဖြင့် အာဟာရ ရရှိမှုတိုးစေပြီး မွေးမြူရေး အစာဖိုး ကုန်ကျစရိတ် သက်သာစေပါသည်။

အသားတိုးကြက်

အသားတိုးကြက်အတွက် အေဇိုလာကို ဖြည့်စွတ်စာအနေဖြင့် ၅%, ၁၀%, ၁၅% စသဖြင့် သင့်တော်သလို ကျွေးမွေးကြသည်။

ဒေသတိုင်းရင်းကြက်

ဒေသတိုင်းရင်းကြက်များတွင် ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း၊ ပဲဖက် စသော ဒေသထွက်အစာများနှင့် အေဇိုလာရေမှော်ကို ရောစပ်ပြီး ကျွေးမွေးခြင်းဖြင့် အစာဖိုးသက်သာသည့်အပြင် အာဟာရပြည့်ဝစေသည်။

ဝက်မွေးမြူရေး

ဝက်မွေးမြူရေးမှာ အေဇိုလာကို ဖြည့်စွတ်အစာအဖြစ် ကျွေးမွေးမည်ဆိုပါက အေဇိုလာ၏ အမျှင်ဓါတ်ပါဝင်မှုကြောင့် ဝက်များတွင်ဖြစ်ပွားတတ်သော ဝမ်းချုပ်ခြင်းကို လျော့နည်းသက်သာစေသည်။ ဇီးရှိသောဝက်မများကို ကိုယ်ဝန်ဆောင်ကာလတွင် ကျွေးမွေးသင့်သည်။

အေဇိုလာကို မိမိအိမ်တွင် ကန်ငယ်များနှင့် သန့်ပြန့်စွာ စိုက်ပျိုးမွေးမြူမှုများရှိသလို အခြားအလေ့ကျပေါက်နေသော ကန်များမှ ကျွေးမွေးမည်ဆိုပါက ကန်ရေသန့်ရှင်းမှု ရှိမရှိကိုလည်း သတိထားကြည့်ရှူ ကျွေးမွေးသင့်ပါသည်။

ကန်ရေမသန့်ရှင်းပါက အေဇိုလာကို သန့်ရှင်းသောရေဖြင့် ပြန်လည်ဆေးကြောပြီး ကျွေးမွေးသင့်သည့်အပြင် အေဇိုလာနှင့်အတူ ဘောစကိုင်းရွက်အနည်းငယ်ကိုပါ ထည့်သွင်းကျွေးမွေးမည်ဆိုပါက ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားနိုင်သော တုတ်ကောင်၊ သန်ကောင်များ ကပ်ရောက်ခြင်းကို ကာကွယ်ပေးပြီးသား ဖြစ်စေပါသည်။

ဦးဇော်(dof)

ကိုးကား - အေဇိုလာအကြောင်း သိကောင်းစရာ စာစုမှ ကောက်နှုတ်ချက်များ။

မောင်ဝိုင်းတုံ

မောင်ဝိုင်းတုံ

လွန်ခဲ့သော ၁ နှစ် က

09785385426

မောင်ဝိုင်းတုံ

မောင်ဝိုင်းတုံ

လွန်ခဲ့သော ၁ နှစ် က

အေဇိုလာမျိုးဝယ်ယူချင်ပါတယ်

ကိုနေလင်းအောင်

ကိုနေလင်းအောင်

လွန်ခဲ့သော ၂ နှစ် က

09959448405ကိုဆတ်ပါ

မိုးဇက်

မိုးဇက်

လွန်ခဲ့သော ၃ နှစ် က

စိုက်ပျိုပုံလေးဝေမျှလို့ရမလား

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....