ဗိုင်းရပ်စ်တွေ ဘယ်လို ပျံ့နှံ့ပါသလဲ
ကောင်းသောနေ့လေးဖြစ်ပါစေ
ဒီတစ်ခေါက်မှာ ဘာအကြောင်းကို ပြောကြမလဲဆိုတော့ ဗိုင်းရပ်စ်တွေအကြောင်းကို ပြောကြမယ်။
ဗိုင်းရပ်စ်တွေဆိုတာက တစ်ပင်နဲ့ တစ်ပင်ကို အင်းဆက်တွေရဲ့ အကူအညီနဲ့ ကူးစက်ပျံ့နှံ့ပါတယ်။ အဲ့လိုပြောင်းလဲကူးစက်ချိန်မှာ သူတို့ကို သယ်ဆောင်ပေးနိုင်တဲ့ အင်းဆက်သက်ရှိတွေပေါ်မှာ တည်ရှိနေနိုင်တဲ့ အချိန်ကာလနဲ့ ပတ်သတ်ပြီးတော့ သူတို့ကို အပိုင်းအခြား (၃) ခု နဲ့ အမျိုးအစား (၃) မျိုးခွဲထားပါတယ်။
(က) မကြာရှည်
(ခ) ကြာရှည်နဲ့
(ဂ) တစ်ဝက်သား ပါ။
ရှုပ်သွားတာလား။ အောက်မှာ ရှင်းပြထားပါတယ်လေ။
(က) မကြာရှည်
ဗိုင်းရပ်စ်တွေက သူတို့ အပင်တွေ တစ်ပင်ကနေ တစ်ပင်ကို စီးတော်ယာဉ် အင်းဆက်တွေကို စီးနေတုန်းမှာ ခရီးပမ်းတာတို့ ဘာတို့ဆို သေသွားနိုင်တယ်။ အချိန်ကာလအားဖြင့် မကြာတဲ့ ကာလနဲ့ တူတူရှိခဲ့တဲ့ ဗိုင်းရပ်စ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ သခွား မှိုဆိပ် (မှန်ကွက်) ဗိုင်းရပ်စ်နဲ့ အာလူးမှာ ကျတဲ့ဗိုင်းရပ်စ် တွေလို ဗိုင်းရပ်စ်တွေပဲဖြစ်ပါတယ်။ သူတို့က ပျတွေကနေ တစ်ဆင့် ကူးစက်တာများပါတယ်။ သူတို့ရဲ့ ရောဂါ လက္ခဏာက များသောအားဖြင့်က မှန်ကွက်လိုပုံစံ မှန်ကူကွက် (Mosaic) လက္ခဏာတွေပြတတ်ပါတယ်။ သူတို့ အတွက် အောက်က အချက်လေးတွေဲ့ ခွဲခြားပါတယ်။
(၁) သူတို့ရဲ့ အင်းဆက် ကူညီသူတွေဆီ ဝင်ရောက်ဖို့ အချိန်က စက္ကန့် (၃၀) ကနေ (၂) မိနစ်ပဲ ကြာပါတယ်။ နေတာကလည်း အပေါ်ဖက်ပိုင်းလေးမှာပဲ နေတာဖြစ်တဲ့အတွက် ပျတွေက သူတို့ နှုတ်သီးနဲ့ အောက်ဖက်ပိုင်းအထိ ရောက်အောင် ထိုးစရာမလိုတော့ပါဘူး။ အရမ်းကြီး အောက်ဖက်ကို ရောက်သွားတယ်ဆိုရင်လည်း သူတို့က နည်းနည်းပဲ ပါလာတော့မှာပါ။
(၂) နောက်တစ်ပင်ကို ရောက်သွားတာနဲ့ သူတို့က ပျတွေပေါ်ကနေ ဆင်းတယ်။ ပြီးတော့ ချက်ချင်းကို စားသောက် သောင်းကျန်းတော့တာပါပဲ။ အနားယူနေတယ် ဆိုတာ မရှိပါဘူး။
(၃) တစ်ခုရှိတာက အင်းဆက်တွေ အပေါ်မှာ အချိန်ခဏတာပဲ နေနိုင်ပါတယ်။ ဒါက အဓိကအချက်ပါ။ အဲ့ဒါကြောင့် မကြာရှည်လို့ နာမည်ပေးရတာဖြစ်ပါတယ်။
(ခ) ကြာရှည်
သူတို့ကတော့ ပါဝါရိန်းဂျား အဝါကောင်တွေပါ။ အဝါရောင်ရှိတဲ့ ရောဂါလက္ခဏာတွေကို ထုတ်ပြလေ့ရှိတာကြောင့်ပါ။ တစ်ချို့ဆို အပင်တွေရဲ့ အစာကြောကိုတောင် ပိတ်ဆို့အောင် လုပ်တတ်ကြပါတယ်။ သူတို့ရဲ့ အကူအညီ အင်းဆက်တွေကတော့ ဖြုတ် ဖြစ်ပြီးတော့ တစ်ခါတစ်လေဖြစ်တောင့် ဖြစ်ခဲ အနေနဲ့က ပျတွေလည်း ပါပါတယ်။
(၁) သူတို့ အင်းဆက်အကောင်တွေပေါ်မှာ အဆင်သင့်ဖြစ်နေဖို့ ဆို အနည်းဆုံး မိနစ် (၃၀)လောက်လိုပါတယ်။ သူတို့က နေတာကလည်း အပင်တွေရဲ့ အစာကြောထဲ ထိဝင်ရောက်နေထိုင်တာ ကြောင့်လည်း ပါပါတယ်။
(၂) နောက် အပင်ပေါ်ရောက်တဲ့အချိန်ကျရင်လည်း သူတို့ ချက်ချင်း မစားနိုင်သေးပဲနဲ့ ခဏလောက်တော့ အနားယူပြီးတော့မှ စ စား စ ဖျက်ဆီးတာဖြစ်ပါတယ်။
(၃) ဒါပေမဲ့ သူတို့က သူတို့ကို သယ်ဆောင်ပေးတဲ့ အင်းဆက်တွေမှာ အကြာကြီးနေနိုင်တဲ့ ဇီဝ ဆက်သွယ်ချက်တွေ ရှိပါတယ်။ တစ်သက်လုံး ကပ်တွယ်ပြီးနေနိုင်တဲ့ အထိဖြစ်ပါတယ်။
(ဂ) တစ်ဝက်သား
တစ်ဝက်သား ဆိုတာကတော့ သူက အကြာကြီးနေနိုင်တာလည်း မဟုတ်ဘူး။ ခဏလေးပဲလား ဆိုတော့လည်း မဟုတ်ပြန်တော့ သူက ကြားနေဖြစ်ပါတယ်။ အပင်တွကို အင်းဆက်တွေကနေ တစ်ဆင့် ကူးစက်တဲ့အချိန်မှာ အောက်က အချက်တွေဖြစ် လေ့ရှိပါတယ်။
(၁) မကြာရှည်နဲ့ ကွာတဲ့အချက်ပါ။ အင်းဆက်တွေက အပင်များများ ကူးပြီး စားတယ် ဆိုရုံလောက် စားတာနဲ့ တင် ပျံ့နှံ့မှုကို မအောင်မြင်ပါဘူး။
(၂) တစ်ခြား အပင်ပေါ်ကို ရောက်တာနဲ့ ချက်ချင်း စားနိုင်တာမျိုး ရှိသလို တစ်ချို့ ဗိုင်းရပ်စ် တွေက အင်းဆက်ကိုယ်ထဲမှာ (၇ ကနေ ၈) နာရီလောက် နေထိုင်ပြီးတော့မှ အပင်ပေါ်ကို ဆင်းတာမျိုးလည်း ရှိပါတယ်။ အလှပြင်ချိန်ယူတာပေါ့လေ။
(၃) တစ်ဝက်သားတွေက (၂) ရက်နေ (၃) ရက်လောက်ထိ အင်းဆက်တွေ အပေါ်မှာ နေနိုင်တာမျိုးလည်း ရှိတယ်။ ဒါကျတော့ ကြာရှည်နဲ့ ကွာသွားပါတယ်။ ကြာရှည်ကတော့ အင်းဆက်တွေ နဲ့ တစ်ဘဝ လုံး ယှဉ်တွဲပြီးတော့ နေနိုင်ပါတယ်။
အင်းဆက်တွေကနေ ဗိုင်းရပ်စ်တွေ ကူးတယ်နော်။ အရေးကြီးတယ်။ အင်းဆက်တွေ ရှိတယ်ဆိုရင်လည်း သတိထားရမယ်။
သတိမူပြီး ကြီးပွားကြပါစေ..
ထွန်းဝင်းကျော်
Reference
PTY 211: Principle of Nematology, Plant Bacteriology and Plant Virology
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026