အစိမ်းရောင်လမ်း
အပင်တွေ အစာ ဘယ်လိုချက်သလဲ

အပင်တွေ အစာ ဘယ်လိုချက်သလဲ

 အပင်တွေက တကယ့်အစာချက်လုပ်ပေးတဲ့ အရင်းခံတွေပါပဲ။ တကယ့်အရင်းအမြစ်တွေလိုဖြစ်နေတာပါ။ အပင်လေးတွေကို အပင်စားတဲ့ သတ္တဝါတွေကစားတယ်။ အဲ့လို အပင်စားသတ္တဝါတွေကို သားစားသတ္တဝါတွေက စားတယ်။ အဲ့လိုနဲ့ သံသရာလည်ပြီးတော့ တကယ့် အပင်တွေက အရေးပါတဲ့အခန်းကနေ မိန့်မိန့်ကြီးထိုင်လို့ပေါ့။

ကဲ ခုတော့ အပင်တွေ အစာဘယ်လိုချက်သလဲ ဆိုတာကို လေ့လာကြည့်ရအောင်ဗျ

တစ်ချက်ကလေး အမြန်ကြည့်လိုက်မယ်။

() အပင်တွေမှာဆိုရင် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေရယ်၊ အလင်းရောင်ရယ်တွေကို သုံးပြီးတော့ အစာချက်လုပ်ကြတယ်။ ဓာတုဖြစ်စဉ်ကိုသုံးပြီးတော့မှ ဂလူးကိုစ့် လို့ခေါ်တဲ့ သကြားရယ်၊ အောက်စီဂျင်ရယ်နဲ့ ရေ တို့ကို ပြန်ထုတ်ပေးပါတယ်။

() အလင်းမှီစု အစာချက်လုပ်ခြင်း(Photosynthesis) မှာဆိုရင် ဓာတုဖြစ်စဉ်တစ်ခုတည်းမဟုတ်ပါဘူး၊ အတွဲလိုက်ပါနေတာ ဖြစ်ပါတယ်။ အများသိတဲ့ ဓာတုဖြစ်စဉ်တစ်ခုတည်းနဲ့ ဖော်ပြပါဆိုရင်တော့ အောက်ဖက်မှာ ဖော်ပြထားပါတယ်။

6CO 2 + 6H 2 O + အလင်းရောင် C6H 12 O 6 + 6O 2

() အလင်းရောင်ရှိပြီး တုံပြန်တဲ့ တုံပြန်ချက်နဲ့ အလင်းမရှိမှပဲ ပြန်လည်တုံပြန်တဲ့ တုံပြန်ချက်ဆိုပြီးတော့လည်း အလင်းမှီစုအစာချက်လုပ်ခြင်းဖြစ်စဉ်ထဲမှာ ခွဲခြားပါဝင်နေပါသေးတယ်။

() ကလိုရိုဖီလ်း လို့ခေါ်တဲ့ အစိမ်းရောင်ခြယ်ပစ္စည်းကတော့ တကယ့်ကိုကောင်းတဲ့ အပင်အစိတ်အပိုင်းတစ်ခုပါပဲ။ အလင်းမှီစု အစာချက်လုပ်ခြင်း ဆိုတဲ့ ဖြစ်စဉ်ထဲမှာ သူတို့က တကယ့်ကိုအစာချက်လုပ်ပေးတာဖြစ်တာမို့ပါ၊ ကလိုရိုဖီလ်း အမျိုးအစား ()မျိုးရှိပါတယ်။ အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီးတော့ပါ။

အစာချက်တဲ့အဆင့်လေးတွေကို သွားရအောင်

() အစာချက်လုပ်တဲ့ဖြစ်စဉ်ဟာဆိုရင် အပင်တွေရဲ့အရွက်တွေမှာဖြစ်တာပါ၊ ရေကို အမြစ်တွေကနေ စုပ်ယူတယ်၊ ကျန်တဲ့ လိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အောက်စီဂျင်တွေကိုကျတော့ အရွက်မျက်နှာပြင်မှာရှိတဲ့စတိုမာ ဆိုတဲ့အပေါက်ကလေးတွေကနေ စုပ်ယူတယ်။ စွန့်ထုတ်တယ်။ အဲ့လို ကုန်ကြမ်းတွေ စုံပြီဆိုရင် အရွက်မျက်နှာပြင်က ကလိုရိုပလပ်စ်ထဲက ကလိုရိုဖီလ်းလေးကနေပြီးတော့ အလင်းရောင်ကိုစုပ်ယူပြီးတော့ စ တင်အစာချက်လုပ်ပါတယ်၊

() အစာချက်တဲ့ အပိုင်းတွေမှာ ()ပိုင်းရှိပါတယ်၊ အလင်းနဲ့ချက်တာရယ်၊ အလင်းနဲ့မဟုတ်ပဲချက်တာရယ်ပါ။ အလင်းထဲမှာဖြစ်တဲ့ တုံပြန်အစာချက်လုပ်ရင် ATP လို့ခေါ်တဲ့ အယ်ဒီနိုဆိုင်း ထရိုင်ဖော့စဖိတ် (Adenosine triphosphate) ကိုရပြီးတော့ အလင်းထဲမှာမဟုတ်ပဲ တုံပြန်တဲ့အစာချက်လုပ်မှုတွေမှာတော့ ကလူးကိုစ့်လို့ခေါ်တဲ့ သကြားကိုထုတ်လုပ်ပေးပါတယ်။ အဲ့လို အလင်းထဲမှာမဟုတ်ပဲ အလင်းကိုမှီတည်နေတာမဟုတ်ပဲ ပြောင်းလဲပေးနိုင်တဲ့ ဓာတ်ပြုမှုဖြစ်စဉ်ကို ကယ်လ်ဗင်စက်ဝန်း (Calvin Cycle) လို့ခေါ်ပါတယ်။

အလင်းထဲမှာ အစာချက်လုပ်ခြင်း

အလင်းဆိုလို့ အလင်းရောင်တိုင်းကို အပင်ဆဲလ်တွေက စုပ်ယူတာမျိုးမဟုတ်ပါဘူး၊ အစိမ်းရောင်ကို အများဆုံး စုပ်ယူကြပါတယ်။ အလင်းရောင်ရှိတဲ့အချိန်မှာ ဟိုက်ထရိုဂျင်နဲ့ အောက်စီဂျင်တွေကို ပြန်ခွဲထုတ်ပေးပါတယ်။ အောက်မှာ ပြထားပါတယ်။

H2O+ Light Energy ½ O2+2H++2eletrons

အဲ့လို အလင်းရောင်ထဲမှာဖြစ်တဲ့ အစာချက်လုပ်မှုမှာ အီလက်ထရွန်တွေက အများဆုံးပါဝင်ကူညီပြီးတော့မှ ATP ကိုချက်လုပ်ပေးပါတယ်။ NADPH ကိုလည်း ထုတ်လုပ်ပေးပါတယ်။

နောက်တစ်ပိုင်းဖြစ်တဲ့ အမှောင်ထဲမှာဖြစ်တဲ့ ဓာတ်ပြုတုံပြန်မှုဖြစ်စဉ် အလင်းရောင်မလိုပဲ ဖြစ်တဲ့ဖြစ်စဉ်မို့လို့ အမှောင်တုံ့ပြန်မှုလို့ အလွယ်ခေါ်ကြတာဖြစ်ပါတယ်။ နေ့ဖက် ညဖက် အချိန်တွေကိုပြောတာမဟုတ်ပါဘူး။ အလင်းရောင်မရှိတဲ့နေရာတွေမှာဖြစ်နိုင်တာကိုဆိုလိုပါတယ်။ စထရိုမာ ဆိုတဲ့ အပင်ဆဲလ်ထဲမှာသွားဖြစ်တဲ့ ဖြစ်စဉ်မို့ ဖြစ်ပါတယ်။ သူ့ကို ကယ်လ်ဗင်စက်ဝန်းလို့ခေါ်ပါတယ်။ ခုနက အလင်းထဲမှာဖြစ်တဲ့ ဖြစ်စဉ်ကနေ ထွက်လာတဲ့ ATP နဲ့ NADPH ကိုသုံးပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သကြားအဖြစ်ပြောင်းလဲပေးတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ကာဗွန်တွေကို ပြောင်းလဲပေးပြီး ကလူးကိုစ့်နဲ့ ဖရက်တို့စ် ဆိုတဲ့ သကြားတွေဖြစ်အောင် ပြောင်းလဲပေးတာဖြစ်ပါတယ်။

အလင်းမှီစုအစာချက်လုပ်ခြင်းဆိုတဲ့ဖြစ်စဉ်တွေဟာ ဆိုရင်တော့ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေအပေါ်မူတည်ပြီးတော့မှ အကန့်အသတ်တွေရှိပါတယ်။ အလင်းရောင် ရရှိမှု၊ ရေ ရရှိမှု၊နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပ်ယူနိုင်မှုတွေလိုမျိုးတွေဖြစ်ပါတယ်။ ပူတဲ့ ခြောက်သွေ့တဲ့ ရာသီတွေမှာဆိုရင် အပင်လေးတွေက သူတို့ စတိုမာ အပေါက်လေးတွေကို ပိတ်ပြီးတော့ အပင်တွင်းက ရေကိုထိန်းသိမ်းကြပါတယ်။ အဲ့လိုပိတ်နေတဲ့အချိန်မှာဆိုရင် အပင်တွေကနေလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုပြန်ပြီးတော့ထုတ်တဲ့ ဖြစ်စဉ်တွေရှိတတ်ပါတယ်။ Photorespiration လို့ခေါ်ပါတယ်။ ဒါက သာမာန်ရိုးရိုး C3 လို့ခေါ်တဲ့ အပင်တွေမှာဖြစ်တာဖြစ်ပါတယ်။

C4 လို့ခေါ်တဲ့အပင်တွေမှာကျတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ထိန်းသိမ်းထားနိုင်ပါတယ်။ C ဆိုတာ ကာဗွန်ကိုခေါ်တာဖြစ်ပြီးတော့ C3ဆိုတာ ကာဗွန်()လုံး၊ C4 ဆိုတာ ကာဗွန် ()လုံးကို ဆိုလိုတာဖြစ်ပါတယ်။ C4 အပင်ဆိုတာက ကာဗွန်()လုံးကို သုံးပြီးတော့ အစာချက်လုပ်တာကိုဆိုလိုပါတယ်။ နောက်ပိုင်းမှာ အပင်တွေအစာချက်တဲ့ပုံပေါ်မူတည်ပြီး ခွဲထားတာကိုလည်း တင်ဆက်သွားဖို့ရှိပါတယ်။ ခုတော့ အပင်တွေ အစာဘယ်လိုချက်သလဲဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ်။ အကျိုးထူးကြစေရဲ့ဗျာ…

စတိုမာ အကြောင်းလေးတွေကိုလည်း အကျယ်တဝင့် ဖော်ပြပေးသွားပါအုံးမယ် ခင်မျာ….

ထွန်းဝင်းကျော်

https://www.thoughtco.com/photosynthesis-basics-study-guide-608181

 

Mg kyaw zin hein

Mg kyaw zin hein

လွန်ခဲ့သော ၁၁ လ က

NADPHဆိုတာဘာလဲ

Mg kyaw zin hein

Mg kyaw zin hein

လွန်ခဲ့သော ၁၁ လ က

NADPHဆိုတာဘာလဲ

Mg kyaw zin hein

Mg kyaw zin hein

လွန်ခဲ့သော ၁၁ လ က

adp

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....