အစိမ်းရောင်လမ်း
စိုက်ပျိုးနည်း ကဏ္ဍလမ်းညွှန်

စိုက်ပျိုးနည်း ကဏ္ဍလမ်းညွှန်

အစိမ်းရောင်လမ်း စိုက်/ မွေး ဖုန်းဆော့ဝဲလ်

စိုက်ပျိုးနည်း ကဏ္ဍလမ်းညွှန်

အဆင့်(၁) ပထမဦးစွာ Green Way ဖုန်းဆော့ဝဲလ်ကို  Play Store မှ Download ရယူပါ။   သို့မဟုတ် Green Wayဆော့ဝဲလ်ရှိထားသော ဖုန်းမှ Zapya ဖြင့် ကူးယူပါ။ ထို့နောက် ဖုန်းဆော့ဝဲလ်ကို အသုံးပြုရန်အတွက် အင်တာနက်လိုင်း ဖွင့်ထားပါ။

အဆင့်(၂) မှတ်ပုံတင်ခြင်း လုပ်ငန်းစဥ်ကို လုပ်ဆောင်ပါ။

အဆင့်(၃) ထို့နောက် ဆော့ဝဲလ်ထဲ ဝင်ရောက်ပါ။ ပုံတွင်ပြထားသည့်အတိုင်း ပင်မစာမျက်နှာတွင် စိုက်ပျိုးရေးနှင့်ဆိုင်သော ဆောင်းပါးများကို  လေ့လာရန် "စိုက်ပျိုးနည်းပညာ" ဟူသော အဝိုင်းလေးကိုနှိပ်ပါ။



အဆင့်(၄) ပုံတွင် ပြထားသည့်အတိုင်း ကဏ္ဍငယ် (၁၀)ခုပေါ်လာပါမည်။ မြေဆီလွှာနှင့်ပတ်သတ်ပြီး လေ့လာလိုပါက "မြေဆီလွှာ"ဟုသော စာကိုနှိပ်ပါ။ အလားတူပင် "အပင်အာဟာရ"၊ "စိုက်ပျိုးနည်း"၊ "ပိုးမွှားရောဂါ"၊ "စိုက်ပျိုးစီးပွား"၊ "ခေတ်သစ်စိုက်ပျိုးရေး"၊ "ရိတ်သိမ်းချိန်လွန်နည်းပညာ"၊ "တန်ဘိုးမြှင့်ထုတ်ကုန်"၊ "စိုက်ပျိုးရေ"၊ "စိုက်ပျိုးဗဟုသုတ" စသည်ဖြင့် မိမိလေ့လာချင်သော ကဏ္ဍကို နှိပ်၍ လေ့လာနိုင်ပါသည်။

ဖော်ပြပါ ကဏ္ဍများထဲမှ တန်ဖိုးမြင့်ထုတ်ကုန် ကဏ္ဍတွင် လိမ္မော်သီးဝိုင်လုပ်နည်း၊ စပျစ်သီးဝိုင်၊ ပြောင်းဖူးဝိုင်လုပ်နည်း၊ဒိန်ချဥ်လုပ်နည်း၊ထောပတ်လုပ်နည်း၊သရက်သီးဂျယ်လီလုပ်နည်း၊ယိုမျိုးစုံလုပ်နည်း၊ပူတင်းလုပ်နည်းစသည့်ဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော တန်ဖိုးမြင့် ထုတ်ကုန်ပြုလုပ်နည်းများကိုလည်း  လေ့လာနိုင်ပါတယ်။


အဆင့်(၅) မိမိလေ့လာလိုသော ကဏ္ဍသို့ ဝင်ရောက်ပြီးလျှင် ပုံတွင်ပြထားသည့်အတိုင်း ညာဘက်ထောင့် အပေါ်စွန်းရှိ တြိဂံပုံ အတုံးလေးသုံးတုံးကို နှိပ်ပြီး သီးနှံအမျိုးအစားများကို ရွေးချယ်၍ လေ့လာနိုင်ပါသည်။

 

အဆင့်(၆) ဆောင်းပါး တစ်ပုဒ်ချင်းဆီ၏ အောက်တွင် မျှဝေမည် သိမ်းဆည်းမည် ဆိုသော စာသားလေးပါရှိပြီး မိမိကြိုက်နှစ်သက်သော ဆောင်းပါးကို ပြန်လည်မျှဝေနိုင်သလို အချိန်မရွေး ပြန်လည်ဖတ်ရှုနိုင်ရန်လည်း သိမ်းဆည်းထားနိုင်ပါတယ်။ 





You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....