အသီးကိုစားရတဲ့ သီးစားမုံညှင်း
ဟုမ္မလင်းက ခေါ်တာ မုန်ညှင်းသီး၊ ကောလင်းဒေသ အခေါ်ကတော့ သီးစားမုံညှင်း၊ ကန့်ဘလူဒေသက ခေါ်တော့ မုံလာသီး အသီးသီးခေါ်ကြတယ်၊ ဒါတောင် ရှမ်းနီ လို ခေါ်တာမပါသေး၊ အခုအချိန်မှာ အဝါရောင်သန်းသော မုန်ညှင်းဖူး ပန်းတွေလည်းပေါ်နေတဲ့အချိန်ဆိုတော့ အသီးအမည် ၂ ခု မရောစေချင်ပါဘူး၊ အဝါရောင်ပန်းပွင့်သော မုန်ညှင်းက အရွက်နဲ့ ပန်းကို ကြော်စားရတာ၊ အသီးက အရမ်းသေးတယ် သူ့ရဲ့အစေ့ကနေ အဆီထုတ်တယ်၊ မုန်ညှင်းဆီပေါ့၊ မုံလာသီးကြပြန်တော့လည်း မုန်လာဥပင်နဲ့ရောနိုင်တယ်၊ ဒီအသီးက မုန်လာဥပင်က ရတာမဟုတ်ပြန်ဘူး။ သူ့ကို အသီးကို စားရဖို့ အဓိက စိုက်ကြတာဖြစ်တယ်။
ကောလင်းဒေသ အခေါ် "သီးစားမုံညှင်း" ဆိုတာကတော့ ဘဝင်ကျစရာဖြစ်ပြီး အတော်လေးပြည့်စုံတယ်။ အမည်ကိုက အသီးကိုဘဲစားရတဲ့ မုန်ညှင်း လေ၊ အသီးအတွက်ဘဲစိုက်ကြတယ်၊ သူ့အရွက်က ခါးတယ် သက်တယ်၊ သိပ်မကြိုက်ကြဘူး၊ ဒါပေမဲ့ သူ့အသီးတော့ ချိုနေပြန်ရော၊ ဒီဇင်ဘာလဆိုရင် ကောလင်း ဟုမ္မလင်း ခန္တီး ကန့်ဘလူ ဝန်းသို တဝိုက်မှာ ဒီအသီးတွေ လှိုင်လှိုင်ပေါ်နေပြီ၊ ဒါတင်မကဘူး ဒီအပင်က ရှမ်းပြည်နယ် တစ်ခွင် တောင်ကြီး ကလော ဟဲဟိုး မှာလည်း အလွန်ပေါဆိုဘဲ၊ အအေးကြိုက်သော အပင် ဖြစ်တယ်။ ကောလင်းဖက်မှာ အသီးတွေချည်း သီးသန့်ရောင်းပေမဲ့ ဟုမ္မလင်းကြတော့ အရွက်အသီး ရောပြီး အခိုင် အစည်းလေးနဲ့ ရောင်းကြတယ်။
မုံလာသီးအပင်လေးတွေကို တော်သလင်း၊ သီတင်းကျွတ် လဆန်းလောက်မှာ စိုက်တယ် တန်ဆောင်မုန်း နတ်တော်လဆို အသီးဆွတ်လို့ရပြီ၊ မျိုးစေ့ကို ရှမ်းပြည်နယ် နောင်ချို ကလော၊ နဲ့ ကောလင်းမှာ ဝယ်လို့ရတယ်၊ ရှေးယခင်ကတည်းက စိုက်လာသော အပင်ဖြစ်ပြီး အခုအချိန်မှာတော့ စီးပွားဖြစ် အပင်တပင်အဖြစ် စိုက်လို့နေပါတယ်။ အသီးသီးချိန်ဆို ဗိုလ်စားပဲသီးတောင့်လောက်ရှိတဲ့ အသီးကြီးတွေရတယ်၊ နုနုဖတ်ဖတ် အသီးတွေကို ဆွတ်ပြီး စျေးကွက်တင်ရောင်းကြတယ်။
ဒီအပင်ကိုသိသာစေတဲ့အချက်က ပန်းပွင့်တွေပါ၊ အဖြူရောင် ခရမ်းဖျော့ဖျော့ အရောင်ပန်းတွေက သာမန် မုန်ညှင်း ကိုက်လန်တွေထက်ကြီးတယ်၊ ပိုပြီးလည်းနူးညံ့ နေပြန်ရော၊ အသီးတောင့် အစ ၂ ဖက်ကိုချိုး ၃ ဆစ်လောက်ပိုင်းပြီး သူ့ချည်းကြော်စားရင် အလွန်ကောင်းလှသလို၊ အချဥ်ဟင်းချက်စား၊ ကြိက်တတ်ရင် ဝက်သားလေးနဲ့ရောကြော်ရင် တကယ်ကို ကောင်းပါတယ်။ ရာသီစာမို့ လူနဲ့လည်းတည့်ပါတယ်။
ရှမ်းနီရိုးရာမှာ အရေးပါဆုံးသော အစားအစာ တခုကတော့ ဟင်းပေါင်းပါ၊ ဟင်းပေါင်းထဲမှာ မုန့်ညှင်း၊ မုန့်ညှင်းသီး၊ မုံလာသီး၊ ပဲတောင့်ရှည်၊ ကန်စွန်းရွက်၊ ဟင်းနုနယ်၊ ဟင်းပြင်းရွက်၊ ဟင်းပြင်းဖူး၊ ဟင်းပြင်းသီး၊ မုန်လာထုပ်၊ ဆူးပုတ်ရွက်၊ ရွှေဖရုံသီး၊ ကစော့သီး၊ ပိန္နဲသီးနုနု၊ ပင်စိမ်း၊ နံနံ စသည့် ရာသီအလိုက်ထွက်သော အရွက်တွေကို ပေါင်းစားခြင်းဖြစ်ပါတယ်။ ဟင်းပေါင်းမှာ မုန်ညှင်းသီးပါရင် အလွန်ကို ကောင်းပါတယ်။
ကဲ့ ဒီတော့ မုံလာသီး ခေါ် မုန်ညှင်းသီး ကို မိတ်ဆွေတို့ စားဖူးကြပြီလား၊ ရာသီစာ အသီးအနှံတစ်ခုပါ။
Kothet Naing Oo
ဟုမ္မလင်း
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....