ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
ယခုလိုပူတဲ့နွေရာသီမှာ မြန်မာနိုင်ငံမှာကြံရည်သောက်သူပေါများလှပါတယ်။ ကြံရည်ကြိတ်ပြီးပိုတဲ့ကြံကြိတ်ဖတ်တွေကိုတော့ ပြန်လည်အသုံးချခြင်းနည်းပါးတာ တွေ့ရပါတယ်။
ကြံကြိတ်ဖတ်ကိုပျော့ဖတ်တွေ ကတ်ထူတွေလုပ်ရာမှာသုံးသလို စိုက်ပျိုးရေးမှာလည်းမြေဆွေးပုံတဲ့နေရာမှာသုံးလို့ရပါတယ်။ နောက်တစ်နည်းအနေနဲ့အသုံးချမှုကတော့ ဘိုင်အိုချားလို့ခေါ်တဲ့ စိုက်ပျိုးရေးမှာ အသုံး၀င်လှတဲ့အရာ တစ်နည်းပြောရရင် အော်ဂဲနစ်မြေဩဇာလုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။
ဘိုင်အိုချားကို စပါးခွံကနေ လုပ်ယူလို့ရတာတော့သိကြပြီး စပါးခွံမီးသွေးလို့ခေါ်တဲ့ ဒီဇီ၀မြေဩဇာဟာ အပင်တွေအတွက်သာမက မြေသားအတွက်ပါ ကောင်းမွန်တာကိုတော့ သိသူတွေသိကြမှာပါ။ ဒါပေမဲ့ ကြံကြိတ်ဖတ်ကို ဘိုင်အိုချားလုပ်လို့ရတာတော့ သိသူနည်းပါးသေးလို့ ဖော်ပြပေးလိုက်ပါတယ်။
သင့်ဒေသမှာကြံကြိတ်ဖတ်တွေပေါများစွာရပြီး အလေလွင့်ဖြစ်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းကို ပြုလုပ်အသုံးချခြင်းက အကျိုးများစွာ ရှိစေပါလိမ့်မယ်။
ကြံကြိတ်ဖတ်ဘိုင်အိုချားလုပ်ရန်

၁။ ကြံကြိတ်ဖတ်များ
၂။ ဆီတိုင်ကီ အလွတ်တစ်ခု
၃။ သံပုံးတစ်ခု
၄။ မီးခိုးခေါင်းတိုင်
၅။ သံဂေါ်ပြား တို့ လိုပါတယ်။
- ပထမဦးစွာ မီးခိုးခေါင်းတိုင်လုပ်ရန် သံပုံးကိုမှောက်ပြီး အောက်ခြေကျောဘက်နေရာတွင်ခေါင်းတိုင်ပြွန်ထွက်ရန် အပေါက်ဖောက်ပါ။
- ထို့နောက် သံပုံး၏ဘေးဘက်များတွင်အကွာဝေးတူညီသောအပေါက်ငယ်များဖောက်ရပါမည်။
- ခေါင်းတိုင်ပြွန်အတွက် ၅ပေခန့် သံပိုက်ရှည်တစ်ချောင်းကို ပြွန်ထွက်ပေါက်ဖောက်ထားသောနေရာနှင့်ဆက်ပါ။ (သံဆိုင်များတွင်နမူနာပြပြီး အပ်လည်းရပါသည်။)
- ရလာသောမီးခိုခေါင်းတိုင်နှင့်သံပုံးအိမ်သည် မီးရှို့ရန်သုံးရမည့်အရာ ဖြစ်ပါသည်။
- ထို့နောက် ကြံကြိတ်ဖတ်များကို နွားစာစဉ်းစက်နှင့် အဖတ်ငယ်များရအောင်စဉ်းပါ။
- ဆက်၍ မီးခိုးခေါင်းတိုင်အိမ်ထဲတွင်ကောက်ရိုးနှင့် လောင်စာအနည်းငယ်ထည့်ပါ။
- ထို့နောက် ထိုခေါင်းတိုင်ကို ဆီပီပါအလွတ်ထဲပြောင်းထည့်ကာမီးကိုခေါင်းတိုင်မှချပါ။
- မီးစွဲ၍မီးခိုးများခေါင်းတိုင်ထိပ်၀မှ ထွက်လာပါက ဆီပီပါအလွတ်ထဲသို့စဉ်းထားသောကြံဖတ်များထည့်ပါ။
- မီးခိုးများသည်အမည်းရောင်မှပြာလဲ့လဲ့အရောင်သို့ ပြောင်းကာ ပီပါထဲတွင်တမြည့်မြည့်လောင်မည်ဖြစ်ပါသည်။
- မီးသည်ခေါင်းတိုင်အပြင်သို့မထွက်ဘဲ အတွင်း၌သာ လေမဲ့အခြေအနေ(pyrolysis) လောင်ပြီးနောက် ကြံဖတ်များသည်ခေါင်းတိုင်အပူကြောင့်မီးသွေးအသွင်ပြောင်းလာမည်ဖြစ်ပါသည်။
- ထိုကြံကြိတ်ဖတ်များကို လောင်ပြီးသည်နှင့်မလောင်သေးသည်များကို သတိထား၍မွှေပေးရပါမည်။ (သတိပြုရန်မှာဘိုင်အိုချားလုပ်ရာတွင်ပြာအဖြစ်သို့ရောက်၍မရပါ)
- ကြံဖတ်အားလုံးအမည်းရောင်ပြောင်းသွားပါကခေါင်းတိုင်ကိုထုတ်ပစ်ရန်လိုပြီးကြံဖတ်များကိုလည်းဆက်မလောင်စေရန် ရေဖျန်းပေးရပါမည်။
- ရရှိလာသော ဘိုင်အိုချားကို အအေးခံကာ အပင်များအတွက် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
ဘိုင်အိုချားတွင်ကာဗွန် ၄၀ ရာခိုင်နှုန်းခန့်ပါ၀င်ကာ မြေဆီလွှာတွင် အက်ဆစ်ဓာတ်များခြင်းကို လျော့နည်းစေပါသည်။
ဘိုင်အိုချားကို အဏုကြည့်မှန်ပြောင်းအောက်တွင်ကြည့်ပါကချိုင့်ခွက်များတွေ့ရမည်ဖြစ်ပြီး ထိုအရာများက ရေကို ဖော့တုံးသဖွယ်စုပ်ယူထားနိုင်၍ မြေဆီလွှာ၏ရေထိန်းစွမ်းအားကို ကောင်းစေပါသည်။ ထိုချိုင့်ခွက်ငယ်များတွင် မြေသားကိုအကျိုးပြုသောမိုက်ခရုပ်ပိုးမွှာများနေနိုင်သဖြင့် မြေသား၏အစွမ်းကိုတက်စေပါသည်။ ထို့ပြင် ထိုအပေါက်ငယ်များသည် မြေသားထဲရှိ အာဟာရများကိုစုပ်ယူကာ အပင်လိုအပ်သောအချိန်တွင် ပြန်လည်ပေးစွမ်းသောကြောင့် အပင်ကိုကျန်းမာသန်စွမ်းစေပါသည်။ ထို့ပြင်မြေသားထဲရှိအကျိုးပြုမိုက်ခရုပ်ပိုးများ ရှိခြင်းက အပင်ကို အချို့သော ရောဂါဖြစ်စေသော အရာများမှ ကာကွယ်ပေးပါသည်။
ရေရှားပါးလာသော ယနေ့ခေတ်တွင် အပင်သို့လောင်းလိုက်သောရေများ လွယ်လွယ်နှင့် အငွေ့မပျံနိုင်အောင်ဘိုင်အိုချားထည့်သုံးခြင်းဖြင့်ကာကွယ်နိုင်ပါသည်။
မိမိတို့သုံးမည့်မြေဆွေးနှင့်ဘိုင်အိုချားရော၍လည်းကောင်း၊ မစိုက်မီမြေသားတွင် ထည့်ကာ မြေပြင်ခြင်းဖြင့်လည်းကောင်း သုံးကာ ကုန်ကျစရိတ်သက်သာစွာ မြေသားကိုအာဟာရပြည့်အောင်ကျွေးပြီး ကျန်းမာသန်စွမ်းသောအပင်များကို စိုက်ပျိုးနိုင်စေရန် ရေးသားလိုက်ရပါသည်။
ref: https://youtu.be/V66OpfCholw
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from စုမြတ်မြတ်မိုး
အားလုံး
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022
ပင်လယ်ရေညှိ ရေမှော်များမှ သဘာဝမြေဩဇာထုတ်လုပ်ခြင်း
25/11/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....