တန်ဖိုးလျော့ခြင်း အမျိုးအစားများ
အရင်တစ်ခေါက်က တန်ဖိုးလျော့ခြင်းအကြောင်းအရာကို ပြောပြပြီးတဲ့ အခါမှာ အခုက တန်ဖိုးလျော့တယ် ဘယ်လိုလျော့တတ်သလဲ ဆိုတဲ့ အမျိုးအစားတွေအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ ကိုယ်ဝယ်ထားတဲ့ ပစ္စည်းအသစ်တစ်ခုဟာဆိုရင် ကိုယ့်လက်ထဲမှာ အမြဲတမ်းတန်ဖိုးက ကျကျနေတတ်တာဖြစ်ပါတယ်။ တစ်ချို့အရာတွေကတော့ တန်ဖိုးတက်လာတာရှိပါတယ်။ ဒါပေမဲ့ ပစ္စည်းတော်တော်များများက ဈေးကျသွားတာပါပဲ။
ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းခွင်သုံး ပစ္စည်းတွေကို စဉ်းစားကြည့်လိုက်ပါ။ မြေ - မြေကတော့ ကြာလေ တန်ဖိုးတက်လေဖြစ်တတ်တယ်၊ ထွန်ဖို့ ဝယ်ထားတဲ့ စက်ကြီး - တန်ဖိုးကျသွားတယ်။ ခု ပြောဖို့ သုံးနေတဲ့ ဖုန်း- ဝယ်တုန်းကဈေးတော့ ရမှာမဟုတ်ဘူး လျော့သွားမှာ။ ဆိုတော့ လောလောဆယ်တောင် တစ်ခုပဲ တွေ့တယ်။ အကုန်လုံးက တန်ဖိုးလျော့နေကြတယ်။ ဆိုတော့ တန်ဖိုးလျော့တာ ဘယ်နစ်မျိုးလောက်ရှိသလဲ ဆိုတာကို ဒီမှာ လေ့လာကြရအောင်
ကျတာတွေမလေ့လာခင်မှာ ရာခိုင်နှုန်းကို အရင်သိရမယ်ပေါ့နော်။ (၁၀) ရာခိုင်နှုန်း ဆိုရင် ကိုယ့်ငွေကို (၁၀)ပုံ ပုံရင် တစ်ပုံလို့ဆိုလိုပြီးတော့ (၂၀)ရာခိုင်နှုန်းဆိုတာ (၁၀)ပုံ ပုံရင် (၂)ပုံ။ အဲ့တော့ (၂၀၀၀) ရဲ့ (၁၀) ရာခိုင်နှုန်းဆိုရင် (၂၀၀၀)ကို (၁၀)ပုံ ပုံတော့ (၂၀၀) ပေါ့။ (၅) ရာခိုင်နှုန်းလို့ပြောတော့ (၁၀)ရာခိုင်နှုန်း ဖြစ်တဲ့ (၂၀၀) ကို တစ်ဝက်ဝက်လိုက်ပေါ့။ အဲ့တော့ (၁၀၀)ရတယ်။ ဆိုတော့ (၂၀၀၀) ရဲ့ (၁၅) ရာခိုင်နှုန်းဆိုရင် (၃၀၀) ပေါ့။ နားလည်လောက်ပြီထင်ပါတယ်။
(၁) အတည့် ကျတယ် (Straight-Line)
၅၀၀၀ နဲ့ ဝယ်ထားတယ်။ (၅) နှစ် သုံးလို့ သုံးလိုက်တယ်။ တစ်နှစ်ကို (၁၀၀၀) ကျတယ်။ အဲ့လိုဆို စစချင်းဝယ်တုန်းက (၅၀၀၀)၊ ပထမနှစ် ပြီးတော့ (၁၀၀၀) လျော့သွားတယ်။ (၄၀၀၀) ပဲဖြစ်သွားတယ်။ နောက် ဒုတိယနှစ် ကျ တန်ဖိုး(၃၀၀၀) ပဲ ကျန်တော့တယ်။ တစ်နှစ်ကို (၁၀၀၀) နှုန်းနဲ့ လျော့လျော့သွားတယ်။ ကျချင်သလို ကျတာမဟုတ်ပဲ တန်ဖိုး တစ်ခုနဲ့ တစ်ဖြည်းဖြည်းကျသွားတဲ့ ပုံစံပါ။ သူက (၅၀၀၀) ကို (၂၀)ရာခိုင်နှုန်းနဲ့ တွက်ပြီး တစ်နှစ်ကို အဲ့တန်ဖိုးနဲ့ ကျသွားတဲ့ပုံစံမျိုးပါ။
(၂) ပိုလျော့သွားတယ်(Declining Balance)
ဥပမာ တစ်ခုပြရင် ဝယ်ထားတဲ့ (၄၀၀၀) ကနေ ပထမနှစ်မှာ ဈေးက (၈၀၀)ကျသွားတယ်။ နှုန်းက (၂၀) ရာခိုင်နှုန်းနဲ့ပဲ၊ ဒါမဲ့ စုစုပေါင်းတန်ဖိုးကနေ ကျနေတာမျိုးမဟုတ်ပဲ ကျန်တဲ့အပေါ်မှာ ရာခိုင်နှုန်းတွက်ပေးတဲ့ပုံစံမျိုး၊ ခုဏက (၄၀၀၀) ကနေ သူ့ရဲ့ (၂၀)ရာခိုင်နှုန်း (၈၀၀) ကျသွားတဲ့အခါမှာ တန်ဖိုးက (၃၂၀၀) ပဲကျန်တော့တယ်။ အဲ့(၃၂၀၀)ရဲ့ (၂၀)ရာခိုင်နှုန်း (၆၄၀) က ဒုတိယနှစ်မှာ ထပ်ကျမယ်။ အဲ့တော့ တန်ဖိုးက (၂၅၆၀) ကျန်တယ်။ အဲ့ဒါကိုမှ ထပ်တွက်ပြီး ကျတာ။ ဒီလိုမျိုးပါ။
(၃) ၂ ဆ ကျမယ် (Double Declining)
သူကျတော့ ပထမဆုံး တစ်ခုကိုမှ ပစ္စည်းတန်ဖိုးရယ်၊ နောက်ပြီး သုံးလို့ရမဲ့ ကာလရယ်ကို အချိုးချပြီး ရာခိုင်နှုန်းတွက်တယ်။ ရလာတဲ ရာခိုင်နှုန်းကို (၂) ဆ တင်ပြီး နှုတ် နှုတ်သွားတယ်။ ကျ ကျသွားတယ်ပေါ့။
(၄) နှစ်ပေါင်းကျတယ်။ (Sum- of-the-Year)
အကျကြမ်းတဲ့ သူပါပဲ။ ၅ နှစ် ခံတယ်ဆိုရင် ၁+၂+၃+၄+၅ ဆိုပြီး ပေါင်းတော့ (၁၅) ရတယ်။ ပထမ အတွက် ၅/၁၅၊ ဒုတိယအတွက် ၄/၁၅၊ တတိယနှစ်အတွက် ၃/၁၅၊ နောက် ၂/၁၅၊ နောက်ဆုံးနှစ်မှာ ၁/၁၅ ဆိုပြီး တစ်ဖြည်းဖြည်းကျပေးတဲ့ အမျိုးအစားပါ။
အဲ့လို တွေသိထားတာကို ပြောင်းပြန်လှန်ကြည့်ရင် အသွင်း အသွင်းနဲ့ ယူနေကြတဲ့ ချေးငွေးတွေက အဲ့လို တွက်ချက်ပြီး ချေးပေးကြတာကိုလည်း သတိထားမိမှာပါ။ သူတို့က ပထမနည်းနဲ့ ဒုတိယနည်းကို အသုံးများကြတယ်။ သတိမူပြီး မြင်နိုင်ကြပါစေနော်။
ထွန်းဝင်းကျော်
Reference
https://www.investopedia.com/terms/d/depreciation.asp
https://www.profitbooks.net/what-is-depreciation/
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....