နှင်းဆီပင်တွေ ပန်းပွင့်ဖို့ ဘာတွေလုပ်ကြမလဲ
နှင်းဆီပင်တွေမှာ ပန်းပွင့်တွေဝေနေမယ်ဆိုရင် တော်တော်လေးကြည့်ကောင်းပါတယ်။ အိမ်မှာရှိတဲ့ နှင်းဆီပင်တွေမှာ ပန်းပွင့်တွေ ဝေဝေဆာဆာပွင့်နေတာကို လိုချင်တယ်ဆိုရင် ဘာတွေလုပ်ရမလဲဆိုတာကို ဆက်လက်ဖတ်ရှုလိုက်ပါ။
၁။ ငှက်ပျောခွံ
ငှက်ပျောခွံမှာ ဖော့စဖောရပ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် နှင်းဆီပန်းတွေပွင့်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ငှက်ပျောခွံကို အသုံးပြုမယ်ဆိုရင် လှီးဖြတ်ပြီး မြေကြီးထဲမြုပ်၍ သော်လည်းကောင်း ငှက်ပျောခွံကိုကြိတ်စက်ဖြင့် ကြိတ်ချေပြီး ရေနှင့်ရောကာ ၁၅ မိနစ်ခန့်ထား၍ အပင်၏အောက်ခြေကို တိုက်ရိုက်ဖျန်းကာ အသုံးပြုနိုင်ပါတယ်။ တစ်ပတ်လျှင်တစ်ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။ ငှက်ပျောခွံရဲ့ကောင်းကျိုးတွေကိုလည်း လင့်မှာလေ့လာနိုင်ပါတယ်။
စိုက်ပျိုးရေးအတွက် ငှက်ပျောသီး အသုံးဝင်ပုံ
၂။ ကြက်ဥခွံ
ကြက်ဥခွံတွင် ကယ်ဆီယမ်ကြွယ်ဝစွာ ပါဝင်တယ်။ ကြက်ဥခွံကိုကြိတ်ချေပြီး အပင်ခြေတွင် ထည့်ပေးခြင်းဖြင့် အပင်အတွက်လိုအပ်သော ကယ်ဆီယမ်ဓါတ်ကို ရရှိနိုင်ပါတယ်။
၃။ ကော်ဖီမှုန့်
ကော်ဖီမှုန့်တွင် အပင်အတွက်လိုအပ်သော နိုက်ထရိုဂျင်ံဓာတ်ပါရှိပါတယ်။ ကော်ဖီမှုန့်ကို ထည့်ပေးခြင်းဖြင့်အပင်ကြီးထွားမှုကို အထောက်အကူဖြစ်စေပါတယ်။ သို့သော် ပမာဏအနည်းငယ်သာ အသုံးပြုသင့်ပါတယ်။
၄။ မြေသြဇာကျွေးခြင်း
နှင်းဆီပင်ကြီးထွားဖွံ့ဖြိုးပြီး အပွင့်တွေဝေစေရန် မြေသြဇာကျွေးခြင်းကို လုပ်ဆောင်သင့်ပါတယ်။ တစ်နှစ်လျှင် ၃ကြိမ်ခန့်အသုံးပြုသင့်ပါတယ်။ ဓာတုမြေသြဇာ သာမက သဘာဝမြေသြဇာကိုလည်း အသုံးပြုသင့်ပါတယ်။
၅။ အပင်ပြုစုခြင်း

စိုက်ပျိုးမည့် နေရာရွေးချယ်ရာတွင် အလင်ရောင်ကောင်းစွာရသောနေရာ (တစ်နေ့လျှင် နေရောင်ခြည် ၆နာရီရသောနေရာ) တွင် စိုက်ပျိုးသင့်ပါတယ်။ ထို့အပြင် ရေဆင်းကောင်းသော မြေတွင် စိုက်ပျိုးသင့်ပါတယ်။ အပင်၏အောက်ခြေတွင် သစ်ရွက်ဆွေးများဖြင့် ဖုံးအုပ်ပေးသင့်ပါတယ်။ ရေလောင်းရာတွင် ရာသီဥတုအခြေအနေမူတည်၍ ရေကိုလုံလောက်စွာ ပေးသင့်ပါတယ်။ ရေများခြင်းနည်းခြင်းက နှင်းဆီပန်းပွင့်မှုမှာ သက်ရောက်မှုရှိလို့ ရေကိုသင့်တော်တဲ့ပမာဏပေးသင့်ပါတယ်။ ဖျက်ပိုးများ ကျရောက်မှုမှကာကွယ်ရန် အမြဲစောင့်ကြည့်စစ်ဆေးမှုပြုသင့်ပါတယ်။ ကိုင်းဖြတ်ခြင်းကိုလည်း စနစ်တကျလုပ်ဆောင်သင့်ပါတယ်။ ရောဂါကျရောက်နေသောကိုင်းများနှင့် ကိုင်းခြောက်များကို မဖြစ်မနေဖယ်ရှားသင့်ပါတယ်။ အပင်တွေက ဂီတသံတွေကိုခံစားတတ်ပြီး သီချင်းတွေဖွင့်ထားပေးမယ်ဆိုရင် ကောင်းစွာရှင်သန်နိုင်တယ်လို့ အပင်ချစ်သူတွေက ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် သီချင်းတွေဖွင့်ထားခြင်းက နှင်းဆီပန်းတွေပွင့်စေနိုင်တယ်လို့ အပင်ချစ်သူတွေက ယုံကြည်ကြပါတယ်။
ဖြိုးသဥ္ဇာကျော်
ကိုးကားချက်
https://www.perryhomes.com/blog/tips-to-make-your-roses-bloom-more/
khine Lwin Soe
လွန်ခဲ့သော ၅ လ ကမျိုးဘယ်မှာရနိုင်လဲ
hlaing hlaing win
လွန်ခဲ့သော ၃ နှစ် ကအရွက်တွေကြွေကုန်တာဘယ်လိုလုပ်ရမလဲ
Nang Mwe Sint
လွန်ခဲ့သော ၅ နှစ် ကနှင်းဆီပန်းမျိုးတွေကိုဘယ်နေရာတွေမှာယူရရပါသလဲ...
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဖြိုးသဥ္ဇာကျော်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....