မန်ချူးစပါး (သို့) စား၍ရသော စပါးရိုင်းအကြောင်း
စပါးရိုင်းတဖြစ်လည်း မန်ချူးစပါးသည် အာရှမျိုးရင်းဖြစ်ပြီးသိပ္ပံအမည်မှာ Zizania Latifoliaဖြစ်ပါသည်။ ၎င်းစပါးရိုင်းတွင်မူ အစေ့ရောပင်စည်ကိုပါ စားသုံး၍ရပါသည်။ လေ့လာချက်များအရ စပါးရိုင်းမျိုးများထဲမှ ရှေးခတ်တရုတ်ပြည်တွင် အရေးကြီးသောသီးနှံဖြစ်ခဲ့သော စပါးမျိုးရိုင်းဖြစ်ပါသည်။ ၎င်းမျိုးရိုင်းများကို လယ်မြေများတွင် အတွေ့ရများတတ်ပြီး ယခုအချိန်တွင် ၎င်းကိုစပါးရိုင်းအဖြစ် မသတ်မှတ်ကြတော့ပါ။ တရုတ်တွင် မူ၎င်းစပါးပင်၏ အစေ့ကို မစားကြတော့သည်အထိရှိလာပါသည်။အဘယ်ကြောင့်ဆိုသော် ၎င်းစပါးမျိုးတွင် ပင်စည်ကို အဓိကစားသုံးရသောကြောင့်ဖြစ်ပါသည်။မန်ချူးစပါးကို အာရှနိုင်ငံများတွင် စိုက်ပျိုးရေးသီးနှံအဖြစ် သတ်မှတ်ကာစိုက်ပျိုးကြပါသည်။

၎င်းစပါးမျိုးများ၏ သီးနှံအောင်မြင်မှုသည် Ustilago esculentaဟုခေါ်သော မှိုတစ်မျိုးအပေါ်မူတည်ပါသည်။ ၎င်းမှိုကျရောက်ခြင်းကိုခံရပါမှ ပင်စည်သည်အရည်ရွှမ်းလာပြီး နူးညံ့လာမည်ဖြစ်ပါသည်။ ၎င်းမှိုကျရောက်ခြင်းခံရပြီးနောက် ပင်စည်တွင်းရှိဆဲလ်များ အဆမတန်ကြီးလာပြီးဆဲလ်အရေအတွက်များ များပြားလာပြီးအရည်ရွှမ်းပါသည်။ ၎င်းမှိုသည် အပင်တွင်ပန်းပွင့်ခြင်း ၊ အသီးတည်ခြင်းတို့ကို တားဆီးသောကြောင့် ရိုင်ဇုမ်း(ပင်ပိုင်းမျိုးပွားနည်း)ဖြင့်သာ မျိုးပွားပေးရပါသည်။ဖောင်းပွနေသောပင်စည်များကိုမူ သီးနှံအဖြစ် ရိတ်သိမ်းရပါသည်။ ၎င်းပင်စည်များသည် ၃စင်တီမီတာမှ ၄ စင်တီမီတာအထိကျယ်တတ်ကြပြီး ၂၀စင်တီမီတာအထိရှည်လျားပါသည်။
ယခုဆိုလျှင် ၎င်းစပါးရိုင်းမျိုးအားစိုက်ပျိုးလာသည်မှာ နှစ်ပေါင်း၄၀၀ကျော်ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်အရပ်အခေါ်အရ ရေပြောင်းဖူးဟု ခေါ်ကြသည်ဟုလည်း မှတ်သားဖူးပါသည်။ ၎င်း၏အရသာနှင့် နူးညံ့မှုကြောင့် လူကြိုက်များသောသီးနှံဖြစ်ပြီး အစိမ်းလိုက်သုပ်စား၍ဖြစ်စေ ချက်စား၍ဖြစ်စေ စားသုံးနိုင်ပါသည်။ ၎င်းစပါးကိုစက်တင်ဘာလမှ အောက်တိုဘာလအထိ စိုက်ပျိုးရိတ်သိမ်းကြပါသည်။ ၎င်းရာသီသည် အခြားသီးနှံများ ရှားပါးချိန်ဖြစ်၍ စားသုံးသူများကိုပို၍ ဆွဲဆောင်နိုင်စေပါသည်။ ယခုအခါ၎င်းစပါးကို နယူးဇီလန်နိုင်ငံတွင် ပြည်ပမှလာသောစပါးအဖြစ် သတ်မှတ်ထားရှိပြီး စားသုံးကြပါသည်။ ဟာဝိုင်အီသို့လည်း တင်သွင်းနေကြပြီ ဖြစ်ပါသည်။အမေရိကန်နိုင်ငံသို့ တင်သွင်းခြင်းကိုမူQuarantineဥပဒေများအရ တားဆီးထားပါသည်
Source။ ။https://en.m.wikipedia.org/wiki/Zizania_latifolia
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးရိုင်း
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from Nyan Thant Zin
အားလုံး
ကျန်းမာရေးအတွက် အကျိုးများတဲ မျောက်ဥအကြောင်း
22/04/2022
ရာသီစာစိမ်းစားဥကြော်နည်းနှင့် ကော်ပြန့်လုပ်နည်း
24/01/2022
ကြက်သွန်ဖြူတွင်ကျရောက်တတ်သော လှေးနှင့်မွှားပြဿနာ
13/01/2022
နှမ်းသီးနှံ အာဟာရတန်ဖိုးပါဝင်မှုနှင့် ကျန်းမာရေးအကျိုးပြုချက်များ
16/12/2021
ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါများ (၂)
13/11/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....