ဥယျာဉ်ခြံစိုက်ပျိုးမှုပညာ
အိမ်မှာပဲနေနေရတယ်။ အပြင်ထွက်ရင်လည်း မတ်ကြီး တကားကားနဲ့တပ်နေရတော့ အပြင်လည်း ထွက်လို့ မကောင်း လို့ ဆိုရင် အိမ်မှာနေပြီး စာဖတ်ကြတာပေါ့။ ခုတော့ ဥယျာဉ်ခြံစိုက်ပျိုးမှုပညာ ဆိုတာ ဘာလဲ ဆိုတာကို လေ့လာကြတာပေါ့။ အခုက ဖုန်း(၁)လုံးနဲ့ ဘေလေးသာရှိရင် အကုန်ဖြစ်နေပြီလေ။
ခြံလေး သေးသေးလေး စိုက်ထားရင် အိမ်စားဖို့အတွက်လောက်ပါတယ်။ ပန်းခြံသေးသေးလေးမို့ ဝင်သွားကြည့်လိုက် ပန်းပင်သေးသေးလေးတစ်ပင်က အနည်းဆုံး (၃)ထောင် (၄)ထောင်ပဲ။ ပျိုးခြံကလည်း ရတာ မနည်းမနောနော်။ ခုက အိမ်မှာပဲ နေရတဲ့အချိန်မှာ ဆိုတော့ ခြံထဲ ဆင်းရင် ကိုင်းကူး ကိုင်းဆက်တာတွေ လုပ်ဖို့ အကောင်းဆုံးလည်း ဖြစ်ပါတယ်။ အဲ့တော့ ကိုယ်ဘာတွေ တတ်သလဲ ဆိုတာကို ဆန်းစစ်ကြည့်ကြမယ်။
(၁) Floriculture - ပန်းတွေချည်းပဲ စိုက်ပျိုးထုတ်လုပ်နည်းတွေကို သင်ကြားပေးတဲ့ ဘာသာရပ်ပါ။ အဲ့တော့ ပန်းစိုက်တယ်ဆိုရင် အဲ့စကားလုံးနဲ့ ပတ်သတ်တဲ့ ပညာရပ်တွေကို ဖုန်းနဲ့ ရှာကြည့်ပါ။ ပန်းစိုက်တာ၊ ပန်းတွေရဲ့ မျိုးကွဲတွေ၊ အရောင်၊ အရည်အသွေး ဘယ်လိုထိန်းသိမ်းစောင့်ရှောက်သလဲ ဆိုတာကို လေ့လာလို့ ရပါတယ်။
(၂) Pomology - အသီးတွေနဲ့ ပတ်သတ်ပြီးတော့ သင်ကြားလေ့လာလို့ရမဲ့ ဘာသာရပ်ပါ။ သစ်သီးပင်တွေ အသီးထွက်နှုန်းများအောင် ဘယ်လိုလုပ်ရမလဲ။ အသီးတင်အောင် အသီးကြီးအောင် အသီးအရောင်လှအောင် အစေ့လွတ်အသီးတွေဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ နည်းလမ်းတွေကို လေ့လာလို့ရပါတယ်။
(၃) Olericulture - လက်တင်ဘာသာ အရ Oleri ဆိုတာက ဟင်းသီးဟင်းရွက်လို့ အဓိပ္ပါယ်ရပါတယ်။ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းအဆင့်ဆင့်တွေ ၊ ထိန်းသိမ်းစောင့်ရှောက်တဲ့နည်းတွေနဲ့ အထွက်နှုန်း အရည်အသွေး စတာတွေကို ထိန်းချုပ်နိုင်ဖို့အတွက်လိုအပ်တဲ့ အချက်တွေကို လေ့လာသင်ကြားတဲ့ ပညာရပ်ဖြစ်ပါတယ်။
(၄) Amenity Horticulture - သူ့ကတော့ ပန်းခြံတွေ ဟိုတယ်တွေ စတဲ့ နေရာတွေမှာလုပ်တဲ့ အလှဆင်စိုက်ပျိုးတဲ့ ပညာရပ်ပါ။ ပုံဖော်စိုက်တာမျိုး၊ ပြင်ဦးလွင် က ကန်တော်ကြီး ဥယျာဉ်လိုမျိုး စိုက်ပျိုးတာမျိုးကို ကျတော့ မြေယာရှုခင်းစိုက်ပျိုးနည်းစနစ်ပေါ့။ အဲ့လို စိုက်ပျိုးနည်းပညာတွေကို တစ်ခြားနည်းနဲ့ဆိုရင် Landscape Gardening လို့ လည်း ခေါ်ပါတယ်။
(၅) Nursery Management and Production - ပျိုးပင် ပျိုးခင်း ပျိုးထောင်နည်း အစုံအလင်နဲ့ မျိုးစေ့ထုတ်ယူ ပွားများပုံ၊ ကိုင်းကူး ကိုင်းဆက် ကိုင်းဖြတ် အကုန်သိရမဲ့ ပညာရပ်ပါ။ ဒီပညာတတ်ထားတဲ့ သူတွေ ပျိုးပင်လေးတွေ ထုတ်ရောင်း ဈေးက ကောင်းမှ ကောင်း ဆိုတာမျိုးနဲ့ နေရာတိုင်းလိုလိုမှာ တွေ့ရမှာပါ။
အဲ့လို စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်တွေ အားလုံး ပါဝင်နေတဲ့ အစုအပေါင်း၊ ပန်းသမားလည်းပါမယ်။ခြံစိုက်သမားလည်းပါမယ်။ ပျိုးခြံသမားလည်း ပါမယ်။ စတာကြီးကိုကျတော့မှ ဥယျာဉ်ခြံ စိုက်ပျိုးရေးလို့ခေါ်ပါတယ်။ သူက အရေးမကြီးဘူးလားဆိုတော့ အရေးကြီးတာပေါ့၊ လူတွေက ဆန်ချည်းပဲ ဂျုံချည်းပဲ စားလို့မှ မရတာ
အာဟာရအားဖြင့်
နေတိုင်းစားရမဲ့ အစားအစာတွေထဲမှာ အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်နဲ့ အနီရောင်တွေ ပါသင့်ပါတယ်။ ဆိုးဆေးတွေကိုပြောတာမဟုတ်ဘူးနော်၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို ပြောတာပါ။ အဲ့လို အရောင်ရှိတဲ့ သဘာဝ သီးနှံတွေ စားစရာတွေဆိုတာ ဥယျဉ်ခြံစိုက်ပျိုးရေးကပဲ ရနိုင်တာဖြစ်ပါတယ်။ ချိုလိုက်တာ မွှေးလိုက်တာဆိုတဲ့ စိတ်ကျေနပ် ချမ်းသာမှုကလည်း ဒီက ရနိုင်ပါတယ်။ အပိုဆုပေါ့။
ဆေးဖက်ဝင် ဂုဏ်သတ္တိ
တစ်မျိုးချင်းစီမှာ တစ်ခုချင်းစီ မတူညီကွဲပြားတဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေ ရှိကြတယ်။ သင်္ဘောသီးဆိုရင် ဝမ်းချုပ်တာကို သက်သာစေတယ်။ ပရိုတင်းတွေကို ကောင်းကောင်းချေဖျက်ပေးနိုင်တာကြောင့်ပါ။ ဆေးဖက်ဝင်တာ မီးဖိုဆောင်ထဲက ကြက်သွန်ဖြူ ကြက်သွန်နီ က အစ ဈေးထဲက ရာသီစာတွေ အဆုံးထိ ဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိတွေနဲ့ ပါ။
ပတ်ဝန်းကျင်ကို ရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်တယ်။
ဘာမှ မရှိတဲ့ ကွင်းပြင်ကြီးကို ပန်းခြံကြီးအဖြစ် ပြောင်းလိုက်ရင်ရော အဆင့်အတန်းလေးတစ်ရပ် ဖြစ်မသွားဘူးလား၊ လူတွေလာကြမယ်။ လေ့ကျင့်ခန်းလုပ်ကြမယ်။ စိတ်ကြည်နူးကြမယ်။ အဲ့လို အဆင့်တင်မဟုတ်ပါဘူး။ ရေကိုသန့်စင်ပေးတဲ့ အပင်တွေ၊ လေကိုသန့်စင်ပေးနိုင်တဲ့ အပင်တွေ စတဲ့အပင်တွေကို သုံးပြီးတော့လည်း ပတ်ဝန်းကျင်ကို မြှင့်တင်ပေးနိုင်ပါသေးတယ်။
ဝါသနာ
တစ်ခုခုမှာ အာရုံစိုက်လုပ်ဆောင်လိုက်တာက စိတ်ကျေနပ်မှုကို ရတဲ့အပြင်ကိုမှ ကျန်းမာရေးကိုလည်း ကောင်းစေနိုင်တဲ့ အကျိုးကောင်းကောင်းကိုလည်း ရပါတယ်။ အခုဆိုရင် နိုင်ငံတကာမှာ ဥယျာဉ်စိုက်ပျိုးရေး လေ့ကျင့်ခန့်နေ့တောင် သတ်မှတ်ထားပါတယ်။ ခြံလေးထဲဆင်း လေကောင်းလေသန့်လေးနဲ့ မြေဆွတာ အပင်ရေလောင်းတာ မြက်ရှင်းတာလေးတွေလုပ်ပြီးတော့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ကြပါတယ်။
စီးပွားရေး
ပန်းအိုးလေးနဲ့ စိုက်ထားတဲ့ ငရုတ်ပင်ကလည်း အိမ်က (၅၀) (၁၀၀) သက်သာတဲ့အတွက် စီးပွားရေးပါပဲ။ အဲ့လို အပြင်ကို ကျန်းမာရေးအတွက် စိတ်ချရတဲ့ ငရုတ်သီးကို စားရတဲ့အတွက်လည်း စီးပွားရေးပါပဲ။ အဲ့ကနေမှ အစ အပေါ်မှာတုန်းက ပြောခဲ့တဲ့ ပန်းစိုက်တာ သစ်သီးစိုက်တာ ပျိုးပင်ထုတ်ရောင်းတာ အလှဆင်ပေးတာ အားလုံးက စီးပွားရေးပါပဲ။ အဲ့ဒါအပြင်ကိုမှ နောက်ပိုင်း အဆင့်မြှင့်တင်ပြီးတော့ ယိုထိုးတာ၊ သီးနှံအခြောက်ခံတာမျိုး စတဲ့ လုပ်ငန်းတွေအားလုံးကလည်း ဥယျာဉ်ခြံစိုက်ပျိုးရေးကို အခြေခံတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေပါပဲ။
အရေးကြီးသလားဆိုတော့ အရေးကြီးတာပေါ့။ ကဲကဲ
တောင်သူဦးကြီးတွေကလည်း လေ့လာမှုတွေ တိုးတက်နိုင်ပြီးတော့ ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းကို ဖော်ဆောင်နိုင်ကြပါစေ။
ထွန်းဝင်းကျော်
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026