ရော်ဘာပင် အကြောင်း သိကောင်းစရာ
(၁) ရော်ဘာ စိုက်ပျိုးရန် ရာသီဥတု နှင့်မြေအမျိုးအစား
ရော်ဘာသည် ပင်လယ် ရေမျက်နှာပြင်ထက် အမြင့်ပေ (၁၀ဝဝဝ) ကျော်ထိ စိုက်ပျိုးနိုင်ပြီး အပူအအေးပြောင်းလဲမှု နည်းသော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ အပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက် မှ ၁၀ဝ ဒီဂရီဖာရင်ဟိုက် အတွင်းနှင့် မိုးရေချိန် လက်မ ၈၀ မှ ၁၆၀ အတွင်းကောင်းမွန်စွာ ဖြစ်ထွန်းပါသည်။ ရော်ဘာသည်မြေချဉ်ငံဓာတ်(pH) ၄မှ ၆ အတွင်း ရော်ဘာပင်ကောင်းစွာ ဖြစ်ထွန်းနိုင်ပြီး၊ လေဝင်လေထွက်ကောင်းသောမြေ၊ သဲမဆန်လွန်း မစေးလွန်းသောမြေ၊ မြေသားထု အနဲဆုံး (၄)ပေ ထူသောမြေတွင် စိုက်ပျိုးရန် သင့်တော်ပါသည်။
(၂) ရော်ဘာပင်၏ရုက္ခဗေဒ လက္ခဏာများ
ရော်ဘာပင်၏ အမြစ် ဖွဲ့စည်းပုံသည်ရေသောက်မြစ်(Tap root) အမျိုးအစား ဖြစ်သည်။ မူလမြစ် (primary root)သည် ကြီးထွားကာမြေအောက်သို့ ဆင်းပြီးရေသောက်မြစ်(Tap root) ဖြစ်လာသည်။ရေသောက်မြစ်(Tap root) မှဘေးမြစ်(lateral root) များထပ်မံ ဖြာထွက်လာသည်။
ပင်စည်သည် အလယ်တွင် ဝင်ရိုး(Axis/Pit)ကို ရေကြောများဖြင့် ကာရံထားသည်။ ရေကြော(Xylem) အပြင်ဘက်တွင် အသားတိုးလွှာ(Cambium) ရှိပြီး အသားတိုးလွှာအပြင်ဘက်တွင် အခေါက်(Cortex/Bark)ဖြင့် ဝန်းရံ ဖုံးအုပ်ထားသည်။ အဖူးများသည် ကိုင်း၏ ထိပ်ဖျားတွင်ရွက်ထိပ်ဖူး(Terminal bud)နှင့် အရွက်ထွက်သော ကိုင်းများတွင် ရွက်ကြားဖူး(Auxiliary buds) များ ထွက်ပေါ်လာသည်။ ပင်စည်ကိုင်းများသည်ရွက်ကြားဖူးများမှ ဖြစ်ပေါ်လာသည်။ အရွက်ရိုးတံမှ အရွက်များ ထွက်လာပြီး အရွက်ကြွေကျသောအခါတွင် အရွက်ရင်းအရာ(Leaf scar) ကျန်ရစ်ခဲ့သည်။ ဆောင်းရာသီတွင် ပုံမှန် အရွက်ကြွေ(Normal leaf fall) ဖြစ်ပြီး၊ မိုးရာသီတွင်ရောဂါကြောင့် ပုံမမှန် ရွက်ကြွေခြင်း (abnormal leaf fall) ဖြစ်သည်။
အပင်သည်မြေကြီး မှရေနှင့် အာဟာရကို စုပ်ယူပြီး အစာချက် လုပ်ပါသည်။ ရေသောက်မြစ် နှင့်ဘေးမြစ်သည်မြေကြီးတွင် အပင် ခိုင်မြဲရေးအတွက် အထောက်အပံ့ပေးပြီး၊ ရေကိုအစာစုပ်ယူသော အမြစ်ငယ်(small feeding roots) အမြောက်အများမှ စုပ်ယူပေးသည်။ ရေကို အစာ စုပ်ယူသော အမြစ်ငယ် (small feeding roots) အမြောက်အများ၏ ထိပ်ဖျားတွင် အမြစ်မွှေး(root hairs)ရှိပြီး မြေမှုန်တွင် ရှိသော အာဟာရ ဓာတ်များကို စုပ်ယူပေးသည်။
အပင်၏ ထိပ်ဖျားပိုင်းတွင် သီးပွင့်လေ့ရှိသည့် Euphorbiaceae မျိုးရင်းဝင် အပင်မျိုး ဖြစ်ခြင်း၊ မျိုးစိတ်တွင် ခရိုမိုဆုမ်း(2n=36) ရှိပြီးလေဖြင့် ဝတ်မှုန်ကူးခြင်း၊ ပင်စည်ဖြောင့် တန်းထောင်မတ်နေပြီး၊ အခေါက်ချောမွေ့ခြင်း၊ ပင်စည် အရောင်တွင် အဖြူရောင် အကွက်ဖြစ်ပေါ်နေခြင်း၊ ရော်ဘာ အရိုင်းပင်သည် ၄၀မီတာ(ပေ ၁၃၀ ကျော်) အရှည်ရှိပြီး သက်တမ်း(၁၀ဝ)ကျော် ရှင်သန်နိုင်ခြင်း၊ အပင်သက်(၂၅-၃၀) နှစ်အထိသာစီးပွားဖြစ် အစေး ထုတ်လုပ်နိုင်ပါသည်။
(က) မျိုးစေ့(Seed)
အရွယ်အစားကြီးပြီး၊ အလေးချိန် ၃.၅ဂရမ်မှ ၆.ဝဂရမ် ရှိခြင်း၊ ဘဲဥပုံ မကျ တစ်ကျ(Ovoid) ပုံရှိခြင်း၊ အစေ့၏ ရင်ဖက်ခြမ်းတွင် ပြား၍၊ ကျောဖက်တွင် ခုံးနေခြင်း၊အစေ့ခွံ့သည် မာ၍ အရောင်တောက်ပြောင်ပြီး စက်ပြောက် ပါရှိခြင်း၊ အစေ့ရွက် နှစ်ခုသည်(Endosperm) စေ့တွင်းစာတွင် ကပ်နေခြင်း၊ အစေ့၏ ပုံသဏ္ဍာန်သည် မိခင်ပင်၏ မျိုးစေ့နှင့် တူ၍ မိခင်ပင်ကို ခွဲခြားနိုင်ပါသည်။ အစေ့တွင်းစာသည် မျိုးစေ့ အလေးချိန်၏ ၅၀-၆၀%ခန့်ရှိပြီး၊ ဆီအနည်းငယ် ပါဝင်သည်။ အပင်ပေါက်နိုင်သည့် ကာလ ရက်ပိုင်းသာရှိခြင်း၊ သိုလှောင်ထားပါကHydrocyanic acidကြောင့် အပင် အသက်ရှင်နိုင်စွမ်း ကျဆင်းသည်။
(ခ) အစို့ပေါက်ခြင်း(Germination)
မျိုးစေ့ကြွေကျပြီး ၃-ရက်မှ ၂၅-ရက် အတွင်း အပင်ပေါက်နိုင်သည်။ အစေ့ခွံ့(Testa) ကိုဖောက်ထွက်ပြီး ၂စင်တီမီတာ အရှည်ရှိကာဘေးမြစ် အမြစ်လောင်း (lateral roots)ထွက်ပေါ်လာသည်။ နောက်၂ရက် အကြာ အညွန့်လောင်း ထွက်ပေါ်လာခြင်း၊ ယူပုံသဏ္ဍန်(U) ဖြင့် အစေ့ရွက်ကြား မှကွေးထွက်လာ၊ ယင်းမှ ဆစ်ကြားရှည် ထွက်ပြီး၊ အရွက်သုံးရွက် ထွက်ပေါ်လာပြီး၊ တစ်ချိန်တည်း မှာဘေးမြစ်နှင့် မူလမြစ်တို့ ဆက်လက် ကြီးထွားပြီး အမြစ်၏ ထိပ်ပိုင်းတွင် အမြစ်မွေး(Root hairs) များ ထုတ်လုပ်ပါသည်။
(ဂ) အပင်ကြီးထွားမှု(Periodic growth)
ပင်စည် ရှည်ထွက်မှု(၃)ပတ် ကြာသောအခါ ရှည်ထွက်မှု ရပ်တန့်သွားပြီးလျှင် ရွက်နု ထွက်လာပြီး(၃)ပတ်ကြာတွင် ပင်စည်ရှည် ထွက်လာသည်။ ပင်စည် နှင့်အရွက် ကြီးထွားမှု တစ်လှည့်စီ ဖြစ်ပြီး အပင်လုံးပတ်မှာ ဆက်တိုက်ကြီးထွားသည်။
(ဃ) အရွက်(Leave)
အရွက် သုံးရွက်ပါရှိသော ရွက်ပေါင်း အမျိုးအစား ဖြစ်သည်။ ရွက်နုအဆင့်တွင် စိမ်းဝါရောင်ရှိပြီး ရွက်ရင့်သည်နှင့် စိမ်းရင့်ရောင် ဖြစ်လာသည်။ ပင်သက်၃-၄နှစ်တွင် ရွက်ခြောက်ကြွေခြင်း(Wintering leaf fall) ဖြစ်သည်။ မျိုးအလိုက် အရွက်ပုံ သဏ္ဍန်နှင့် တည်ဆောက်ပုံ၊ ရွက်ကြွေပုံ ကွာခြားပါသည်။
(င) ပန်းပွင့်(Flowers)
ရွက်ကြွေပြီး ရွက်နု စထွက်ချိန် ပန်းခိုင်တစ်ပြိုင်တည်း ပါလာသည်။ တစ်နှစ် ပန်းနှစ်ကြိမ် ပွင့်သည်။ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီတွင် ပန်း အများဆုံး ပွင့်ပြီး၊ စက်တင်ဘာ၊ အောက်တိုဘာတွင် အပွင့်နည်းသည်။ ပန်းခိုင်တွင်အဖို၊ အမ ပန်းများစွာ ပွင့်ပြီး၊ အမပန်းပွင့်သည် ပန်းခိုင်ထိပ်တွင် တည်ရှိသည်။ အဖိုပွင့်သည် ဝတ်မှုန်အိတ်(၁၀)ခုပါရှိပြီး (၂၄)နာရီ အတွင်းကြွေကျသည်။ တစ်ခိုင်တည်းတွင် အဖိုနှင့် အမ ပန်းတစ်ပြိုင်တည်း မပွင့်ပါ။ အမပွင့်သည် အဖိုပွင့်ထက် ပိုကြီးပြီး stigma သုံးခုပါရှိကာ ပန်းပွင့်ပြီး ၃ရက်မှ ၅ရက်ကြာတွင်ကြွေကျသည်။
(စ) ဝတ်မှုန်ကူးခြင်း(Pollination)
ပင်ခြား ဝတ်မှုန်ကူးခြင်းကို အင်းဆက်(သို့)လေဖြင့် ဝတ်မှုန်ကူးခြင်း ဖြစ်သည်။ ဝတ်မှုန်ကူးပြီး၂၄နာရီ အတွင်း သန္ဓေအောင်သည်။
(ဆ) အခေါက်တည်ဆောက်ပုံ
ပင်စည် အလယ်တွင် သစ်မာအပိုင်းကို အခေါက်ဖြင့် ဝိုင်းရံထားပါသည်။ သစ်မာနှင့်အခေါက်အား အသားတိုးလွှာ(Cambium)ဖြင့် ပိုင်းခြားထားပါသည်။ အသားတိုးလွှာနှင့်အနီးဆုံးအလွှာတွင် အခေါက်နုတည်ရှိပြီး(sieve tube)နှင့် အစေးကြောငယ်(laticifers)များ တလှည့်စီ ဖြစ်ပေါ်ပြီး အခေါက်နုတွင် အစာများ သိုလှောင်ထားပြီး၊ အစေးကြောငယ်များတွင် အစေးများကို သိုလှောင်ထားသည်။
အခေါက်မာအပိုင်းတွင် အခေါက်နုနှင့် အစေးကြောငယ်များ ပါဝင်သည်။ သို့သော် အသားတိုးလွှာ မှဝေးကွာသွားသည့် အလျှောက် ယင်းတို့၏ လုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်နိုင်ခြင်း မရှိပါ။ အခေါက်ကြမ်းတွင် အသားတိုးလွှာ ပါရှိပါသည်။ သစ်သားနှင့် ကပ်လျက် အသားတိုး အလွှာမှာ ဆဲလ်တစ်ထပ် အလွှာဖြစ်ပြီး ကြီးထွားမှု ဖြစ်စဉ်တွင် အတွင်းဘက်သို့ သစ်သားဆဲလ်(Wood) ထုတ်ပေးပြီး အပြင်ဘက်သို့ အခေါက်ဆဲလ်သစ် ထုတ်ပေးသည်။ အသားတိုးလွှာ ထိခိုက် ပျက်စီးပါက ကြီးထွားမှုရပ်ကာ အခေါက်သစ် ပြန်မဖြစ်တော့ပဲ ချိုင့်ခွက်များ ဖြစ်လာပါသည်။
(ဇ) အစေးဖြစ်ပေါ်လာပုံ
အစေးကြောများ(Laticifer)သည် အသားတိုးလွှာမှသင့်တင့်သော အကွာတွင် တစ်နှစ်လျှင် ဗဟိုတူ စက်ဝိုင်းပုံကွင်း ပျမ်းမျှအားဖြင့်၁.၅-၂.၅ ဖြစ်ပေါ်လာပါသည်။ အစေးကြောများကို အသားတိုးလွှာမှ ကာလခြား၍ ထုတ်ပေးပါသည်။ အစေးကြောများသည် အထပ်လိုက် ကွင်းများ အနေဖြင့် ပင်စည်ကို ရစ်ပတ်ထားပါသည်။ ကွင်းအတွင်းရှိ အစေးကြောများမှာ ယှက်စပ်နေသော်လည်း အခြားကွင်းများမှ အစေးကြောများနှင့် ဆက်စပ်မှု မရှိပါ။
ရော်ဘာပင် မျိုးအလိုက် အစေးပြွန်ကွင်းများ ၂ဒီဂရီမှ ၇ဒီဂရီစောင်း၍ ဘယ်နိမ့်ညာမြင့် ရစ်ပတ်နေသည်။ အစေးကြော ကွင်းများ၏ ၄၀%သည် အသားတိုးလွှာနှင့် ၁ မီလီမီတာ အကွာ အတွင်း တည်ရှိပါသည်။ အစေးလှီးသည့်အခါ ဘယ်မြင့်ညာနိမ့် ၃၀ဒီဂရီမှ၃၅ ဒီဂရီစောင်း၍ လှီးပါက အစေးထွက်နှုန်း များများ ရရှိနိုင်ပါသည်။
နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး ဌာန (မော်လမြိုင်)
Ko Maung
လွန်ခဲ့သော ၂ နှစ် ကThank
u soe san htun
လွန်ခဲ့သော ၂ နှစ် ကရော်ဘာ မျိုးခွဲနည်း ပြောပြပေးပါဆရာ
Ma San San Nwe
လွန်ခဲ့သော ၄ နှစ် ကရော်ဘာသက်တမ်း ၇နှစ် ဆို ခြစ်လို့ရပါပြီ
Lae Maw
လွန်ခဲ့သော ၄ နှစ် ကရော်ဘာပင် သက်တမ်း ဘယ်လောက်မှာ အစေးစခြစ်လို့ရပါသလဲရှင့်
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....