အစိမ်းရောင်လမ်း
Pleco(ပလီကို) သို့မဟုတ် Sucker (စပ်ကာ) လို့ခေါ်တဲ့ စုပ်ခွက်ငါးအကြောင်း

Pleco(ပလီကို) သို့မဟုတ် Sucker (စပ်ကာ) လို့ခေါ်တဲ့ စုပ်ခွက်ငါးအကြောင်း

ဘာ့ကြောင့် ပွားများလာရသလဲ

မအူပင်၊ တွံတေး၊ မန္တလေး၊ ရွှေဘို က ငါးကန်တွေမှာ တွေ့ရတယ်။ ဒီဇင်ဘာလထဲမှာလည်း မြောက်ဥက္ကလာပ ငါးမိုးရိပ်ချောင်းထဲမှာ တွေ့ရတဲ့သတင်းဖတ်လိုက်ရတယ်။ မြင်တွေ့ရလေ့ မရှိတာကြောင့် အထူးအဆန်းဖြစ်နေကြတယ်။ အခု နေပြည်တော်က ငါးကန်တွေမှာတွေ့လာပြီဖြစ်တယ်။ လက်ရှိ မြန်မာ့ ရေမြေသဘာဝ ၊ ရာသီဥတုပြောင်းလဲခြင်း အထူးသဖြင့် အပူချိန်မြင့်မားလာခြင်းသည် ပလီကို (Pleco) စုတ်ခွက်ငါးများ ရှင်သန် ကြီးထွား မျိုးပွားသားပေါက်ခြင်းကို အားပေးသော အခြေအနေဖြစ်နေပါတယ်။ 

ဘယ်လိုကာကွယ်နိုင်မလဲ

ငါးမွေးကန်တွေမှာ ကန်အောက်ခြေကို အပုတ်အဆွေးများကို ပုံမှန် ရှင်းပေးခြင်း၊ ကန်အောက်ခြေ ရေကို (၁-၂) ပေခန့်ကို လစဉ် ရေသစ်လဲပေးခြင်း၊ ပိုက်စိတ်ဖြင့် ငါးကန်အောက်ခြေကို ဂျမ်းတိုက်ဆွဲ ပြီး စုတ်ခွက်ငါးကြီးငါးသေးအားလုံးကို ဖမ်းယူဖယ်ရှားခြင်းဖြင့်  အတော်အတန် ရှင်းလင်းနိုင်ပါ့မယ်။  အကောင်ဆုံးက ငါးကန်ကို ရေခန်းပြီး ငါးရိုင်းအားလုံးကို ရှင်းလင်းခြင်း၊ ကန်ကို နေခြောက်လှမ်းခြင်း ရေသစ်သွင်းတဲ့အခါ ဇကာစိတ်ဖြင့် အဆင့်ဆင့်စစ်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။ သည်လို ငါးမျိုးကို ကန်ထဲရောက်မှ ရှင်းလင်းခြင်းထက် ကန်ထဲမရောက်လာစေရန် ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်ပါတယ်။ 

စားလို့ရပါသလား

ပလီကိုငါးကို စားသုံးရန် ဈေးတင်ရောင်းပြီး ချက်ပြုတ်နည်းဖေါ်ပြထားတာမျိုးကို မိမိအနေဖြင့် ရှာဖွေဆဲဖြစ်ပါတယ်။ လက်တင်အမေရိကနိုင်ငံတချို့မှာ ငါးကင်လုပ်စားကြပြီး မြန်မာနိုင်ငံမှာလဲ ငါးကင်လုပ်ပြီး အပျော်စားကြတဲ့အခြေအနေလောက်ကိုဘဲ သိထားရပါတယ်။ စားတဲ့အခါမှာလည်း ငါးရဲ့ ရှေ့ဘက် အမာပိုင်းကို ဖယ်ပြီးစားကြတာ ကိုသိရပါတယ်။ 

ဒီနှစ်ပိုင်းမှာမှ စုတ်ခွက်ငါးပြန့်ပွားခြင်းနဲ့ အတူ ငါးမွေးသူများကလည်း ပိုမိုအာရုံစိုက်လာကြတာ ကောင်းမွန်တဲ့လက္ခဏာဖြစ်ပါတယ်။ လက်ရှိမှာ ငါးမွေးကန်တွေအတွက် အနှောက်အယှက်ဖြစ်နေတာကြောင့် ဒီငါးကို ဖယ်ရှားဖို့ အားထုတ်နေကြတာအမှန်ပါ။ ဒါပေမဲ့ ငါးရိက္ခာ ဖူလုံရေးနဲ့ လူသားများအတွက် အာဟာရ ပိုမိုဖြည့်ဆည်းပေးနိုင်ရန်  စုတ်ခွက်ငါးများကို စနစ်တကျ ချက်ပြုတ်စားသောက်နိုင်ဖို့ရာ နည်းလမ်းများကို ပူးပေါင်းရှာဖွေသွားရမှာ ဖြစ်ပါတယ်။

ဒေါက်တာခင်မောင်စိုး (အကြံပေး၊ World Fish Myanmar) 

 

You
WorldFish

Content provider

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....