အစိမ်းရောင်လမ်း
အက်ဆစ်မိုးတွေက စိုက်ပျိုးရေးမှာ ထိခိုက်မှုရှိသလား

အက်ဆစ်မိုးတွေက စိုက်ပျိုးရေးမှာ ထိခိုက်မှုရှိသလား

အက်ဆစ်မိုး တွေက ဘယ်လိုဖြစ်လာသလဲ

လေထုထဲမှာရှိနေတဲ့ အောက်စီဂျင်၊ ရေ၊ ဆာလဖာ သော်လည်းကောင်း ဒါမှမဟုတ် နိုက်ထရိုဂျင်အောက်ဆိုဒ် နဲ့သော်လည်းကောင်း ဓာတုဓာတ်ပြုပြီးတော့ အက်ဆစ်မိုးတွေ ဖြစ်လာတာဖြစ်ပါတယ်။ ဆာလဖာဒိုင်အောက်ဆိုဒ် နဲ့ ဓာတ်ပြုမယ်ဆိုရင် ဆာလဖျူရစ် အက်ဆစ် ဖြစ်ပြီးတော့ နိုက်ထရိုဂျင်အောက်ဆိုဒ် နဲ့ ပေါင်းမိရင် နိုက်ထရစ်အက်ဆစ် ဖြစ်သွားပါတယ်။

အဲ့လို ပေါင်းမိပြီး ဖြစ်သွားတဲ့ ရေခိုးရေငွေ့လေးတွေက စုနေကြ၊ တိမ်ခိုးတွေဖြစ်ပြီး မိုးတွေရွာတဲ့ အခါ အက်ဆစ်မိုးတွေရွာချလာတာပေါ့။

ဘယ်သူတွေက တရားခံ

လေထုထဲကို ​အက်ဆစ်မိုးတွေဖြစ်စေနိုင်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ နိုင်ထရိုဂျင်အောက်ဆိုဒ်တွေရောက်နေရတဲ့ အကြောင်းရင်းက ဘာတွေဖြစ်မလဲ ဆိုတော့

မီးတောင်တွေကနေဆို သဘာဝအတိုင်း ထွက်တာပါ။

ကျောက်မီးသွေးလောင်စာတွေ လောင်ကျွမ်းတာ။ ဆာလဖာဒိုင်အောက်ဆိုဒ် ပမာဏကြီးကို ၃ပုံပုံလိုက်ရင် ၂ ပုံက အဲ့လို ကျောက်မီးသွေးလောင်စာတွေ လောင်ကျွမ်းပြီးတော့ ထွက်လာတာပါ။ လေထုထဲက ရှိသမျှ နိုက်ထရိုဂျင်အောက်ဆိုဒ်တွေရဲ့ လေးပုံပုံရင် တစ်ပုံကလည်း အဲ့လို ကျောက်မီးသွေးလောင်စာတွေ လောင်ကျွမ်းမှုကနေ ထွက်လာတာပါ။

စက်တပ်ယာဉ်တွေ စက်ကြီးတွေ ကနေ ထွက်တယ်။

လောင်စာဆီတွေ ပြန်သန့်စင် ထုတ်လုပ်တဲ့ စက်ရုံ တွေ၊ နဲ့ ထုတ်လုပ်မှုလုပ်တဲ့ စက်ရုံ စတဲ့ နေရာတွေကနေ ထွက်တာပါ။

လေကနေ တစ်ဆင့် သယ်ဆောင်ပေးပြီး နေရာတော်တော်ဝေးဝေးကို ရောက်နိုင်ပါတယ်။

အပင်တွေ

အက်ဆစ်မိုးတွေက စိုက်ပျိုးရေးထုတ်ကုန်တွေဖြစ်တဲ့ သီးနှံတွေရဲ့ အထွက်ကိုရော အရည်အသွေးကိုရော ထိခိုက်စေပါတယ်။ ဟင်းနုနွယ်ပင်လိုမျိုးဆို အက်ဆစ်မိုးတွေကြောင့် အရွက်တွေမှာ ထိခိုက်မှုတွေ ဖြစ်တယ်။ ခရမ်းချဉ်ဆို အသီးမှာ အစက်အပြောက်တွေ ဖြစ်ကုန်တယ်။ အမြစ်စား ဥစားတဲ့ သီးနှံတွေ ဆိုလည်း အထွက်တွေ လျော့ကုန်တယ်။ ထိခိုက်မှုက ဘယ်လောက်ကြီးနိုင်လဲ ဆိုတာကတော့ အက်ဆစ်မိုးရဲ့ ပြင်းအား ဘယ်လောက်ရှိတယ်ဆိုတဲ့ အချက်၊ အက်ဆစ်မိုး ခဏခဏ ရွာသလားဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်ပါတယ်။ နည်းနည်းပါးပါးပဲ ဆိုရင်တော့ အပင်တွေက အာဟာရချို့တဲ့မှုကို ရင်ဆိုင်ရမှာပါ။

မြေကြီးကရော

မြေကြီးမှာ အစကတည်းက ချဉ်ငံကိန်းဆိုတာ သက်သက်ရှိပြီး မချဉ် မငန်တဲ့ မြေကြီးကမှ အပင်တွေ ကောင်းကောင်း ရှင်သန်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အက်ဆစ်မိုးရွာချလာတဲ့ မြေကြီးက အနည်းနဲ့အများက ပျက်တာပါပဲ။ အက်ဆစ်မိုး ရွာတတ်တယ်ဆို ကယ်လ်စီယမ် ကာဘွန်နိတ် လိုမျိုး ဥပမာ အလွယ်ပြောရရင် ထုံး ထည့်ထားပေးရင် အလွယ်တကူ ချဉ်တာမျိုး မရှိတော့ပါဘူး။ လျော့ပါးသက်သာစေတာပေါ့။

တစ်ချို့ အာဟာရပြည့်ပြည့်ဝဝရှိ နေတဲ့ မြေကြီးမျိုးဆိုရင် အက်ဆစ်မိုး ထိပြီးတော့ အက်ဆစ်ထဲက အဲ့ အာဟာရတွေကို ပျော်ဝင်သွားစေပါတယ်။ အဲ့တော့ အပင်က မြေကြီးက​နေ အာဟာရတွေ မရတော့ပဲနဲ့ အပင်တွေဆီကို ဟိုက်ဒရိုဂျင် အိုင်းယွန်းတွေပဲ ထောက်ပံ့ပေးတဲ့ အခြေအနေ ဖြစ်သွားပါတယ်။ အဲ့လို အခြေအနေမှာ အပင်တွေက သေကုန်ကြတာပေါ့။

အက်ဆစ်မိုးတွေကြောင့် စိုက်ပျိုး​ရေးမှာ ဘယ်လို အကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတာ တီးမိခေါက်မိ ရှိကြပါစေ။

ထွန်းဝင်းကျော်

Reference

https://sciencing.com/acid-rain-effect-agriculture-20667.html

https://www.epa.gov/acidrain/what-acid-rain

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....