အစိမ်းရောင်လမ်း
အလီလိုပါသီဓာတ်ပါဝင်သော မှိုမျိုးများ

အလီလိုပါသီဓာတ်ပါဝင်သော မှိုမျိုးများ

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၆၉)

အင်အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲနှုန်းလျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မြေဆွေးများ အစားထိုး (သို့မဟုတ်) ဖြည့်စွက် အသုံးပြုခြင်း (၂၁)

စားမှိုများ၊ မှိုရိုင်းများသည်လည်း အလီလိုပါသီဓာတုပစ္စည်းများကို ထုတ်သည်။ 

အလီလိုပါသီဆိုတာဘာလဲ?

အလီလိုပါသီ (allelopathy) ဆိုသည်မှာ - အပင်တစ်ပင်မှထုတ်သော အလီလိုပါသစ်ဓာတုပစ္စည်းများသည် နီးစပ်ရာ အပင်သို့ မဟုတ် သက်ရှိများ၏ ကြီးထွားဖွံ့ဖြိုးမှုအပေါ် အကျိုးပြု (သို့) အကျိုးမဲ့သက်ရောက်မှုကို ခေါ်သည်။

အလီလိုဓာတုပစ္စည်းများကို သက်ရှိအပင်မှထုတ်ပြီး လက်ခံအပင်များအပေါ် မျိုးညှောက်ပေါက်မှုနှင့် ကြီးထွားမှုကို တွန်းအားပေးသည် (သို့မဟုတ်) ဟန့်တားသည်။ 

အိမ်နီးချင်းလက်ခံအပင်ကို တွန်းအားပေးပါက လက်ခံပင်မှ အပင်ကြီးထွားသည်။ ဇီဝ/အဇီဝဖိနှိပ်မှုဒဏ်တွန်းလှန်မှု တိုးစေသည်။ ဖီနောလစ်အက်ဆစ်၊ ဟိုက်ထရိုဇားမစ်အက်ဆစ်၊ ဖက်တီးအက်ဆစ်များသည် အလီလိုပါသီ အရည်အသွေးရှိသည်။ 

အလီလိုပါသီ – အကျိုးသက်ရောက်ပုံ သဘာဝဖြစ်စဥ်

အလီလိုပါသီ သဘာဝဖြစ်စဥ်ကို အသုံးချပုံ

အပင်တစ်မျိုးမှ အလီလိုဓာတုပစ္စည်းများကို မြေထဲတွင်ထုတ်လိုက်ခြင်းကြောင့်  ကြားဝင်နှောင့်ယှက်သော ဇီဝကမ္မဖြစ်စဥ်တခုဖြစ်သည်။ အလီလိုဓာတုပစ္စည်း (ဖီနောလစ်ကွန်ပေါင်း) များသည် အလီလိုပါသီဖြစ်စဥ်၏ အကြောင်းရင်းတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးဂေဟစနစ်တွင် ဇီဝကမ္မဖြစ်စဥ်အရ အပင်မျိုးရိုး၊ အပင်မျိုးကွဲများ၊ သဘာဝပေါက်ရောက်မှုများက လွှမ်းမိုးသည်။ အလီလို ဓာတုပစ္စည်းများကို အိမ်နီးချင်းလက်ခံအပင်များ၏ မျိုးညှောက်ပေါက်မှုနှင့် ကြီးထွားမှု အတွက်လည်းကောင်း၊ ပေါင်းသတ်ဆေးအဖြစ်လည်းကောင်း ၊ ပိုးသတ်ဆေး အဖြစ်လည်းကောင်း၊ အနုဇီဝအပင်ကာကွယ်ရေး ထုတ်ကုန်များအဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။

မှိုရိုင်းများ၊ စားမှိုများတွင်လည်း အလီလိုပါသီ အရည်အသွေးရှိသည်ကို သုတေသန စာတမ်းများဖြင့်ဖော်ပြထားသည်။

အလီလိုပါသီ အရည်အသွေးရှိသော မှိုများ

Pleurotus eryngiiPleurotus ostreatus, Oyster mushroom

Lentinula edodes, Shiitake mushroomAmanita pantherina, Panthercap  mushroom

Trametes hirsuta

Morchella conica

ငွေနှင်း ငွေမိုးမှိုများ၏ အလီလိုပါသီအရည်အသွေးမြင့်မားခြင်း

Amanita pantherina ESifhTrametes hirsute  မှိုများ၏ အလီလိုပါသီ အရည်အသွေး

မှိုစိုက်ပျိုးရေး၏ အကျိုးပြု ဇီဝကမ္မဖြစ်စဥ် မှ တဆင့် စားသုံးသူ၊ ပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးအတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

အလီလိုပါသီ ပင်ကြွင်းပင်ကျန်များ၊ အလီလိုဓာတုပစ္စည်း စစ်ထုတ်ရေများသည် သုံးစွဲနှုန်းမြင်ပါက အိမ်နီးချင်းအပင်များ၏ ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားသဖြင့် အလီလိုပါးသစ်ကွန်ပေါင်းများကို ပေါင်းနှိမ်နှင်းရာတွင် သုံးနိုင်သည်။

ကိုးကား

Osivand  A. et al., Comparison of allelopathic activity of some edible mushroom and wild mushroom in Japan. Joint Conference on 8th World Congress on Agriculture and Horticulture and 16th Euro Global Summit on Food and Beverages. March 02-04, 2017 Amsterdam, Netherlands

Scornamiglio M.et al. Metabolomics: an unexplored tool for allelopathy studies Journal of Allelochemical interactions 1 (1): 9-25. January 2015

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

1
ye lin aung

ye lin aung

လွန်ခဲ့သော ၂ နှစ် က

%%%*

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....