အလင်းပေး စိုက်ပျိုးရေးနည်းပညာ
အပင်တွေက နေရောင်ခြည်ကိုမဖြစ်မနေလိုအပ်တာလား?
တစ်ခြားအလင်းနဲ့ရော စိုက်လို့မရဘူးလားလို့ မေးလာတဲ့ မိတ်ဆွေတွေအတွက် ဖြေပေးပါရစေ။
"ရပါတယ်လို့ "
ဆိုတော့နေရောင်ခြည်လို အလင်းရောင်းတုတွေ ဖန်တီးပြီးတော့ စိုက်ပျိုးဖြစ်ထွန်းနေကြတဲ့ နေရာတွေ စီးပွားရေးလုပ်ငန်းတွေ ရှိနေပါပြီ။
ဘယ်လိုနေရာတွေမှာ သုံးနေကြတာလဲ?
ကြီးထွားမှုကာလကို အရှည်ကြီးဆွဲဆန့်ထားချင်ရင် မီးလုံးတွေသုံးပါတယ်။
တစ်ခါတစ်လေမှာ နေရောင်ခြည်က အပင်ကြီးထွားဖို့ အစာချက်နိုင်လောက်အောင် အချိန်ကာလ ကြာကြာမရနိုင်တဲ့အခါမျိုးမှာ ကြီးထွားမှုအားကောင်းအောင်၊ အစာများများချက်နိုင်အောင်လို့ သုံးကြပါတယ်။
အဆောက်အအုံအတွင်းမှာ အပင်တွေ စိုက်တဲ့အခါမှာလည်း သုံးပါတယ်။
စိုက်ပျိုးမြေများများ မရနိုင်တော့တဲ့ တစ်ချို့ တိုးတက်ပြီးနိုင်ငံတွေမှာ တိုက်ခန်းထဲမှာပဲ ဒေါင်လိုက်စိုက်ပြီး ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတာမျိုးတို့ ရှိပါတယ်။ အဲ့လိုမျိုး လုပ်ငန်းတွေမှာ နေရောင်ခြည်တိုက်ရိုက်မရတာမို့ နေရောင်ခြည်လို အလင်းတု ဖန်တီးပေးပြီးတော့ စိုက်ပျိုးထုတ်လုပ်ကြပါတယ်။
အပင်ရဲ့ကြီးထွားမှုကို ပြုပြင်ဖို့လည်း သုံးပါတယ်။
အလင်းရောင်တွေရဲ့ အလင်းအလျားတွေကို ကစားပြီးတော့ ပေးရင် အပင်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိန်းညှိလို့ရပါတယ်။ အပင်ကြီးထွားမှု အဆင့် တစ်ဆင့်စီတိုင်းမှာ အလင်းရောင်ကို ကစားလို့ရအောင်လုပ်ထားကြတဲ့ တောင်သူတွေလည်းရှိပါတယ်။
အထွက်နှုန်းနဲ့ အရည်အသွေးကောင်းအောင် ပြုပြင်နိုင်ကြတယ်။
ကြီးထွားမှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို မီးနဲ့ လိုက်ပြီးတော့ ထိန်းညှိလို့ရနေတာဆိုတော့ အရည်အသွေးအရသော်လည်းကောင်း၊ အထွက်အရသော်လည်းကောင်း ကောင်းအောင်လို့ ပြုပြင်လို့ရပါတယ်။
ထုတ်လုပ်မှု ပိုကောင်းလာနိုင်တယ်။ ရောဂါနဲ့ ပိုးမွှားကို ထိန်းချုပ်နိုင်တယ်။ အရည်အသွေးကိုထိန်းသိမ်းထားနိုင်တယ် ဒီအချက်တွေကြောင့် နောက်ပိုင်း LED မီးတွေနဲ့ စိုက်ပျိုးရေးကိုလုပ်လာကြပါတယ်။
စဉ်းစားရမဲ့အချက်တွေဆိုရင် ဘာတွေရှိမလဲ?
စွမ်းအင် - မီးက လိုရင် လိုသလိုပေးရမှာဆိုတော့ မီးပျက်နေရင်တော့လည်း အဆင်မပြေနေဘူးပေါ့။ မီတာခရှိမှာမို့ နေရောင်ခြည်လိုတော့ အလကားမရနိုင်ပဲ ကုန်ကျစရိတ်တစ်ခုအဖြစ် ထည့်တွက်ရမှာဖြစ်ပါတယ်။
ကနဦးကုန်ကျစရိတ် - မီး၊ မီးကြိုးနဲ့ ပြင်ဆင်ရမဲ့ စစချင်း ကုန်ကျစရိတ်တွေအပြင်ကိုမှ လိုအပ်တဲ့ အသေးစိပ် လက်လီပစ္စည်းတွေ အတွက် ကနဦးကုန်ကျစရိတ် ရင်းနှီးရမှာကိုလည်း တွက်ချက်ရပါမယ်။
နည်းပညာ - အပင်တွေရဲ့အလင်းရောင်လိုအပ်ချက်အတွက်ပဲဖြစ်ဖြစ်၊ မီးတွေကို ချိန်ညှိချင်လို့ပဲဖြစ်ဖြစ် ကိုယ်က နားမလည်ရင် တတ်သိနားလည်တဲ့ပညာရှင် လိုအပ်ပါဦးမယ်။

အလင်းနဲ့ အပင်တွေရဲ့ ဆက်စပ်မှု
အပင်တွေမှာ သူတို့ဆီမှာပါတဲ့ အစိမ်းရောင်ခြယ် ပစ္စည်း - ကလိုရိုဖီးလ် ကိုသုံးပြီးတော့ နေရောင်ခြည်နဲ့ အစာချက်ကြတယ်လို့ သင်ဖူးကြပါတယ်။ အလင်းမှီစု အစာဖွဲ့ခြင်းတွေဖြစ်ပြီး အစာတွေရ အပင်တွေ ကြီးထွားလာကြပါတယ်။
အလင်းရောင်နဲ့။ အပင်တွေစိုက်ကြတယ်ပေါ့နော်။
ဆိုတော့ စီးပွားဖြစ်ထုတ်လုပ်ထားတဲ့ အလင်းရောင်ကို သုံးကြတယ်။
စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေတဲ့ အလင်းရောင်ထုတ်ကုန်တွေဆိုရင်
(၁) HPS – High Pressure Sodium (HPS) Light
ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့အတွက် အဓိကအဖြစ် သုံးနေကြပါတယ်။ အဝါ-လိမ္မော်ရောတဲ့ အရောင်ကိုထုတ်လွှတ်ပေးပြီးတော့ ပန်းပွင့်နဲ့ အသီးကို ယူတဲ့ အပင်တွေအတွက် အသုံးပြုကြပါတယ်။
ဒါပေမဲ့ သူတို့က ထုတ်လုပ်တာကလည်း ကြာပြီဖြစ်တဲ့အတွက် အခုခေတ်မှာ နောက်ပိုင်းထုတ်တဲ့ မီးတွေနဲ့စာရင် သူတို့က စွမ်းအင်သုံးစွဲမှုမှာ ပိုများနိုင်ပါတယ်။ ပြီးတော့ သူက အပူလည်းထုတ်လွှတ်တာကြောင့်မို့ အပူထိန်းဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
(၂) Metal Halide (MH) Lights
အပြာရောင်များတဲ့ မီးပါ။ အရင်က ထုတ်တဲ့ မီးသီးမျိုးပါပဲ။ သူကျတော့ အပင်တွေ ပင်ပိုင်းကြီးထွားမှုကို ကောင်းမွန်စေလို့ သုံးကြပါတယ်။ သူကလည်း အပူထုတ်လွှတ်မှုရှိပါတယ်။
(၃) Light Emitting Diodes (LED) Lights
ခုခေတ်မှာ သုံးကြတဲ့ မီးကိုရောက်လာပါပြီ။ သူ့မှာကတော့ အရောင်ကို ချိန်ညှိလို့ရနိုင်တာတွေ ပါလာပါပြီ။ အပေါ်က မီး (၂)မျိုးနဲ့စာရင် သူက စွမ်းအင်အသုံးချမှုမှာ ပိုအကျိုးရှိရှိ သုံးလို့ရလာမယ်။ အပူထုတ်တာလည်း နည်းတယ်။ ကြာရှည်လည်း သုံးလို့ရလာမယ်။
(၄) Florescent Grow Light
ဒါကိုတော့ အတော်များများ မြင်ဖူးကြမှာပါ။ အသေးသုံးလေးတွေပါ။ အသေးစားလုပ်ငန်းလေးတွေနဲ့ အလင်းရောင်ကို နည်းနည်းပဲလိုတဲ့ အပင်လေးတွေကို စိုက်ပျိုးတဲ့အချိန်မှာ သုံးကြပါတယ်။ ဆလပ်တို့လောက်ကို ပျိုးထောင်တဲ့ အပင်ငယ်အဆင့်တို့လိုမျိုးမှာ သုံးကြပါတယ်။ ဒီထက် အပင်ကြီးတာဆို သူက မထောက်ပံ့ပေးနိုင်ပါဘူး။
ဆိုတော့ အလင်းနဲ့ စပြီး စမ်းစိုက်ချင်တဲ့ သူတွေအတွက် အလင်းကို ဘယ်မီး သုံးလို့ရမလဲဆိုတာနဲ့ စပြီး အတွေးလေးရမယ်လို့ ထင်ပါတယ်ခင်ဗျာ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....