အစိမ်းရောင်လမ်း
ဘက်တီးရီးယားတွေ ဘယ်လိုမျိုးပွားကြသလဲ

ဘက်တီးရီးယားတွေ ဘယ်လိုမျိုးပွားကြသလဲ

အပင်တွေကို ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေရှိတာပဲ။ အဲ့လိုပဲ အပင်တွေကိုကူညီတဲ့ ဘက်တီးရီးယားတွေလည်း ရှိပါတယ်။ အဲ့လို ဘက်တီးရီးယားလေးတွေက အရမ်းကိုသေးငယ်တဲ့ မျိုးစိတ်တွေဖြစ်ပြီး အနကြည့်မှန်ပြောင်းနဲ့ ကြည့်မှပဲမြင်ရတာကြောင့်မို့ အနုဇီဝသက်ရှိတွေလို့ ခေါ်တာဖြစ်ပါတယ်။ အဲ့လို ဘက်တီးရီးယားတွေ ဘယ်လိုမျိုးပွားကြသလဲဆိုတာကို လေ့လာကြည့်တာပေါ့။

သူတို့မှာ အထီးမရှိ အမမရှိတွေပါ။ အဲ့လိုဆိုတော့ သူတို့မျိုးပွားတာက ကွဲထွက်ပြီးတော့မျိုးပွားပါတယ်။ ဆဲလ်တစ်လုံးကနေ ()လုံးပြောင်းတာလိုမျိုးတွေ ပြုလုပ်ပြီးတော့ ပွားကြပါတယ်။

ဘက်တီးရီးယားတွေက ပုံမှန်အားဖြင့်ဆိုရင်တော့ တုတ်ချောင်းပုံစံတွေ ရှိတတ်ကြပါတယ်။ ပြီးတော့ သူတို့ဆီမှာ ဆဲလ်နံရံ လို့ခေါ်တဲ့ cell wall, ဆဲလ်အရေပြား (cellular membrane)၊ ဆိုက်တိုပလန် (cytoplasm)၊ ခြေထောက်လိုမျိုး အသုံးပြုတဲ့ အမျှင် ဖလယ်ဂျလာ (flagella) နယူကလိရပ်စ်ရှိတဲ့ အပိုင်း (a nucleoid region)၊ ပလပ်စမစ် (plasmids)နဲ့ ရိုက်ဘိုဇုန်း (ribosomes) တွေပါဝင်ပါတယ်။

သူတို့မျိုးပွားတဲ့ကွဲထွက်မှု နည်းလမ်းတွေမှာဆိုရင် အဲ့လို အရာတွေကို ကွဲပြီးတော့ ပွားနိုင်တဲ့အပြင်ကို လျင်လျင်မြန်မြန်လည်း မျိုးပွားနိုင်ပါတယ်။

မျိုးပွားပုံ

DNA တွေစပြီးတော့ ပုံစံစုံလိုက် စုံလိုက်တွေ ပွားထွက်လာပါတယ်။ နောက်တစ်ဖက်ဆီကို ကပ်သွားတယ်။

နောက် ဆဲလ်အရည်ပြားလေးက ပိုပိုကြီးလာပြီးတော့ ရှည်ထွက်လာပါတယ်။ အရင်ကထက် ()ဆရှည်လာပြီး နဂိုမူလအရွယ်အစားအတိုင်းကို ()ပိုင်း စ ကွဲလာပါတယ်။

ပွားထွက်နေတဲ့ DNA ()ခုရဲ့ အကွာအဝေးကလည်း တစ်ဖြည်းဖြည်းနဲ့ ပိုဝေးကွာလာပြီးတော့ ဆဲလ်အရည်အပြားက အလယ်ဖက်ကနေ အတွင်းဖက်ကို စပြီးတော့ ကွေးလာပါတယ်။ အစတုန်းက ဝလုံး လိုလေး၊ နောက်တော့ ရှည်ထွက်လာပြီးတော့ ထဆင်ထူး လိုဖြစ်လာတဲ့အဆင့်ပါ။ နောက်ပိုင်းမှာတော့ လုံးဝ ကွဲထွက်သွားပြီးတော့ တစ်ကောင်စီပြန် ဖြစ်သွားပါတယ်။ အဲ့လို နည်းက ဘာတွေကောင်းကျိုးများလဲဆိုရင် အရမ်းမြန်မြန် ပွားများနိုင်ပါတယ်။ ပြီးတော့ လိင်ရှိမျိုးပွားခြင်းမဟုတ်တဲ့အတွက် ရာသီချိန်ခါကို စောင့်နေစရာမလိုပဲနဲ့ အခြေအနေ အချိန်အခါပေးတာနဲ့ မျိုးတန်းပွားနိုင်ပါတယ်။

အဲ့ဒါတွေက ကောင်းတဲ့အချက်တွေ ဖြစ်ပါတယ်။ ခုဆိုရင် ဘက်တီးရီးယားနဲ့ ဇီဝနည်းနဲ့ ကာကွယ်နှိမ်နင်းတဲ့ ဆေးတွေကလည်းထွက်နေပြီဖြစ်တာကြောင့်မို့ ဘယ်လိုမျိုးပွားသလဲဆိုတာကို သိထားရင် အကျိုးပိုများနိုင်ပါတယ်။ ပြီးတော့ ဘက်တီးရီးယားရောဂါတွေ ကျရောက်တယ်ဆိုရင်လည်း ကာကွယ်နှိမ်နင်းဖို့ အချိန်အခါကို မှန်းဆနိုင်ပါလိမ့်မယ်။

တောင်သူများ အကျိုးစီးပွား တိုးတက်ကြပါစေ။

ထွန်းဝင်းကျော်

https://www.thoughtco.com/bacterial-reproduction-373273

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....