သဘာဝပစ္စည်းတွေနဲ့ ဝါးစိမ်ရည်လုပ်မယ်
(၂၁) ရာစုကတော့ ဝါးခေတ်လို့ ပြောရမှာဖြစ်ပါတယ်။ ဝါးနဲ့ပတ်သက်တဲ့ လက်မှုပစ္စည်းတွေဟာ လူအများကြားမှာ ရေပန်းစားလာပါတယ်။ ခက်တာက ဝါးဆိုတဲ့အမျိုးကပိုးထိုးတတ်တာ လူတိုင်းအသိပါ။ ဒါပေမယ့်လည်း ဝါးနဲ့ပတ်သက်တဲ့ သင်တန်းတွေရှိလာပြီမို့ နည်းပညာတွေက ကိုယ့်ရဲ့လက်တစ်ကမ်းမှာပါ။
ဝါးလက်မှုလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်သုံးအတွက်ပဲဖြစ်ဖြစ် ဝါးကိုအသုံးပြုချင်တယ်၊ သင်တန်းသွားဖို့လည်း အချိန်မပေးနိုင်တဲ့သူတွေအတွက် ပိုးမထိုးအောင်လုပ်တဲ့နည်းပညာလေး မျှဝေပါရစေ။ ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ ရတဲ့ပစ္စည်းလေးတွေနဲ့ တစ်နိုင်တစ်ပိုင် စမ်းသပ်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
• တမာရွက် ပီနံအိတ်တစ်အိတ်
• လောက်သေရွက် ၂၀ ရွက်
• ဆား ၁ ပိဿာ ၂၅ ကျပ်သား
• ရေ ၅၀၀ ဂါလံ
ဒီအချိုးကိုအခြေခံထားပြီး ကိုယ်လိုချင်သလောက် ပမာဏကို အတိုးအလျော့ ပြုလုပ်နိုင်ပါတယ်။
အသုံးပြုမယ့်ဝါးတွေကို စိမ်ရည်ထဲမှာ ၁၀ ရက် မြုပ်အောင် စိမ်ပါ။ ၁၀ ရက်ပြည့်တဲ့အခါ ငြမ်းစင်ထိုးပြီး နေပြပါ။ ခြောက်သွားရင်တော့ အသုံးပြုလို့ရပါပြီ။ ဒီနည်းလမ်းကတော့ ဝါးကိုပိုးမထိုးအောင်လုပ်တဲ့ နည်းတွေများစွာရှိတဲ့အထဲကမှ အလွယ်ကူဆုံးနည်းလမ်းပါ။
ဝါးနဲ့ပတ်သက်လို့ တခြားသောနည်းပညာများကို အစိမ်းရောင်လမ်းရဲ့ တခြားသောဆောင်းပါးတွေမှာ ဖော်ပြပြီးဖြစ်ပါတယ်။
**(သဘာဝကရသောပစ္စည်းများနဲ့ဝါးစိမ်ရည်ပြုလုပ်ခြင်းနည်းကိုတော့ ညောင်ရွှေမြို့မှာရှိတဲ့ မုဒိတာဖောင်ဒေးရှင်းကနေ သိခဲ့ရတာဖြစ်ပါတယ်။ ဝါး၊ မြေကြီးတို့ကို အသုံးပြုပြီး မြေကြီးအိမ်ဆောက်လုပ်နေမှုများကို လေ့လာခဲ့စဉ်က ရရှိခဲ့ရသောနည်းပညာကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။)**
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from သိမ့်ဇာ
အားလုံး